iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိန္ကအႏုပညာေလာကမွာ ဗီလိန္ခန္းေတြ၊ လူဆိုးလူမိုက္ခန္းေတြမွာ လူမုန္းမ်ားခဲ့ရတဲ့အထိ သ႐ုပ္ေဆာင္ပီျပင္လြန္းခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းရဲဆက္ကို ပရိသတ္ေတြမွတ္မိၾကအုန္းမယ္ထင္ပါတယ္။

မင္းရဲဆက္ကေတာ့ အႏုပညာေလာကကေန အနားယူသြားခဲ့တာ (၈)ႏွစ္နီးပါးရွိၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ ျပင္ဦးလြင္ဘက္မွာ စိုက္ပ်ိဳးေရးလုပ္ငန္းေလးေတြလုပ္ကိုင္ရင္း ဘဝကိုရိုးရွင္းစြာျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။လူပ်ိဳႀကီးဘဝကေန အသက္(၄၀)ေက်ာ္မွ ကြၽတ္ခဲ့ရတဲ့ မင္းရဲဆက္တစ္ေယာက္ကေတာ့ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးနဲ႕ အရမ္းကိုစိတ္ခ်မ္းသာေနရၿပီပဲ ျဖစ္ပါတယ္။

သူတို႔ဇနီးေမာင္ႏွံေလးကေတာ့ မဂၤလာသက္တမ္း (၃)ႏွစ္ေက်ာ္လာခဲ့ၿပီးျဖစ္ၿပီး သမီးဦးေလးတစ္ေယာက္ကို ေမြးဖြားထားခဲ့ပါတယ္။မီမီနိုဝင္ဘာမင္းလို႔ အမည္ေပးထားတဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးကေတာ့ လက္ရွိမွာ (၁)ႏွစ္ေက်ာ္(၂)ႏွစ္နီးပါးအ႐ႊယ္ေလးေရာက္ရွိေနၿပီျဖစ္ၿပီး တကယ့္ကိုျမင္သူတိုင္းခ်စ္ရေလာက္ေအာင္ ခ်စ္ေမြးပါသူေလးပဲ ျဖစ္ပါတယ္။ပါးေဖာင္းေဖာင္းမ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ အ႐ုပ္မေလးတစ္႐ုပ္လို အရမ္းခ်စ္ဖို႔ေကာင္းတဲ့သမီးေလးပါေနာ္။

မင္းရဲဆက္တစ္ေယာက္ကေတာ့ ႐ုပ္ရွင္ပိတ္ကားအထက္မွာသာ ပရိသတ္ေတြလူမုန္းမ်ားရတဲ့ ဇာတ္႐ုပ္မ်ိဳးေတြ သ႐ုပ္ေဆာင္ရေပမယ့္ အျပင္မွာေတာ့ ခ်ိဳသာတဲ့အၿပဳံးေလးေတြကို တကယ့္ကိုစိတ္ႏွလုံးေကာင္းမြန္တဲ့ သူပဲ ျဖစ္ပါတယ္။

အႏုပညာလုပ္ငန္းေတြမလုပ္ေတာ့ေပမယ့္ ရိုးရွင္းတဲ့သမာအာဇီဝက်က်စိဳက္ပ်ိဳးေရးလုပ္ငန္းေလးကိုလုပ္ကိုင္ကာ မိသားစုနဲ႕အတူျဖတ္သန္းေနတဲ့ မင္းရဲဆက္တို႔မိ သားစုေလးကေတာ့ တကယ္ကိုအားက်ေလာက္စရာပါပဲေနာ္။ခ်စ္စရာေကာင္းတဲ့မိသားစုပုံရိပ္ေလးေတြကိုလည္းတင္ဆက္ေပးလိုက္ ပါတယ္ေနာ္။

သတင္းအရင္းအျမစ္ – မင္းရဲဆက္

Credit: Takhon
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ချိန်ကအနုပညာလောကမှာ ဗီလိန်ခန်းတွေ၊လူဆိုးလူမိုက်ခန်းတွေမှာ လူမုန်းများခဲ့ရတဲ့အထိ သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ကို ပရိသတ်တွေမှတ်မိကြအုန်းမယ်ထင်ပါတယ်။

မင်းရဲဆက်ကတော့ အနုပညာလောကကနေ အနားယူသွားခဲ့တာ (၈)နှစ်နီးပါးရှိပြီဖြစ်ပြီး လက်ရှိမှာတော့ ပြင်ဦးလွင်ဘက်မှာ စိုက်ပျိုးရေးလုပ်ငန်းလေးတွေလုပ်ကိုင်ရင်း ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။လူပျိုကြီးဘဝကနေ အသက်(၄၀)ကျော်မှ ကျွတ်ခဲ့ရတဲ့ မင်းရဲဆက်တစ်ယောက်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးနဲ့ အရမ်းကိုစိတ်ချမ်းသာနေရပြီပဲ ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံလေးကတော့ မင်္ဂလာသက်တမ်း (၃)နှစ်ကျော်လာခဲ့ပြီးဖြစ်ပြီး သမီးဦးလေးတစ်ယောက်ကို မွေးဖွားထားခဲ့ပါတယ်။မီမီနိုဝင်ဘာမင်းလို့ အမည်ပေးထားတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကတော့ လက်ရှိမှာ (၁)နှစ်ကျော်(၂)နှစ်နီးပါးအရွှယ်လေးရောက်ရှိနေပြီဖြစ်ပြီး တကယ့်ကိုမြင်သူတိုင်းချစ်ရလောက်အောင် ချစ်မွေးပါသူလေးပဲ ဖြစ်ပါတယ်။ပါးဖောင်းဖောင်းမျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရုပ်မလေးတစ်ရုပ်လို အရမ်းချစ်ဖို့ကောင်းတဲ့သမီးလေးပါနော်။

မင်းရဲဆက်တစ်ယောက်ကတော့ ရုပ်ရှင်ပိတ်ကားအထက်မှာသာ ပရိသတ်တွေလူမုန်းများရတဲ့ ဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ ချိုသာတဲ့အပြုံးလေးတွေကို တကယ့်ကိုစိတ်နှလုံးကောင်းမွန်တဲ့ သူပဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေမလုပ်တော့ပေမယ့် ရိုးရှင်းတဲ့သမာအာဇီဝကျကျစိုက်ပျိုးရေးလုပ်ငန်းလေးကိုလုပ်ကိုင်ကာ မိသားစုနဲ့အတူဖြတ်သန်းနေတဲ့ မင်းရဲဆက်တို့မိ သားစုလေးကတော့ တကယ်ကိုအားကျလောက်စရာပါပဲနော်။ချစ်စရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက် ပါတယ်နော်။

သတင်းအရင်းအမြစ် – မင်းရဲဆက်

Credit: Takhon
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top