iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားတဲ့ အဆိုေတာ္မေလး ပိုပိုကေတာ့ ႀကဳံရင္ႀကဳံသလို လႉဒါန္းကုသိုလ္ယူတတ္တဲ့ ျပည္သူ႔အခ်စ္ေတာ္ အႏုပညာရွင္တစ္ဦးလို႔ ဆိုရမွာပါပဲ..။မၾကာခဏကုသိုလ္ယူ လႉဒါန္းမႈေတြကို ျပဳလုပ္ေလ့ရွိတဲ့ ပိုပိုကေတာ့ ဘုရားဌာပနာအတြက္ အလႉေငြေတြအျပင္ ဝတ္ထားတဲ့သူမရဲ႕စိန္နားကပ္ကိုပါး ခြၽတ္ၿပီး လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္..။

ယေန႔ၾသဂုတ္လ(၃၀)ရက္ေန႔ေလးမွာပဲ ျပည္ၿမိဳ႕ ေအာင္ျမင္ဗာဟု ဘုရားသြားဖူးရင္း ဘုရားႀကီးရ႕အမိုးေဆာက္လုပ္လႉဒါန္း ပႏၷက္႐ိုက္လႉဒါန္းပြဲမွာ အလႉေငြ (၂)သိန္းနဲ႔ ေရွးေဟာင္း သစ္ကနက္ ဗုဒၶ႐ုပ္ပြားေတာ္ ဌာပနာအတြက္ စိန္နားကပ္ေလးကိုလည္း လႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။ထို႔ျပင္ ၾကည္သာေအးျမဆရာေတာ္ ဘုရားကိုလည္း အေဆာက္အအုံေဆာက္လုပ္ရန္အတြက္ အလႉေငြ (၁)သိန္းနဲ႔ ဝတၳဳေငြ (၁)သိန္းကိုလည္း ထပ္မံ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္..။

သဒၶါတရားထက္သန္စြာနဲ႔ တတ္ႏိုင္သေလာက္ေလးလႉဒါန္းခဲ့တဲ့ သူမရဲ႕သာဓုေခၚစရာ အလႉဒါနေလးကိုလည္း (၇)ရက္သားသမီး ပရိသတ္ေတြသာဓုေခၚ ကုသိုလ္ယူႏိုင္ဖို႔အတြက္လည္း ျပန္လည္မွ်ေဝထားပါေသးတယ္..။“ျပည္ၿမိဳ႕ ေအာင္ျမင္ဗာဟု ဘုရားသြားဖူးရင္း တိုက္တိုက္ဆိုင္ဆိုင္ ဘုရားႀကီးရဲ႕ အမိုးေဆာက္လုပ္ လႉဒါန္း ပႏၷက္ ႐ိုက္လႉဒါန္းပြဲ မွာ မာမီ က သိန္း ၅၀ မတည္လႉဒါန္း သလိုပိုပိုကလဲ အမွတ္မထင္ ေရာက္သြားရင္း ၂သိန္း တိတိလႉဒါန္းသလို ပိုပိုလဲ ေရွးေဟာင္း သစ္ကနက္ ဗုဒၶ ႐ုပ္ပြားေတာ္ သတင္းသုံးမည့္အေဆာက္အဦးမွာဌာပနာ ထည့္ရန္ ပါလာတဲ့ စိန္နားကပ္ေလး ကိုလဲ လႉဒါန္း ျဖစ္ခဲ့ပါတယ္ၾကည္သာေအးျမ ဆရာေတာ္ ဘုရားကိုလဲ အေဆာက္အအုံ ေဆာက္လုပ္ရန္ ၁သိန္း နဲ႔ ဝတၳဳေငြ ၁သိန္းလႉဒါန္း ခဲ့ပါတယ္၇ ရက္ သားသမီးတို႔ရဲ႕ အလႉျဖစ္ပါတယ္ သာဓု ေခၚၾကပါကုန္ေတာ္အမွ် အမွ် အမွ် ယူေတာ္မူၾကပါ..” ဆိုၿပီး ပီတိေလးေတြနဲ႔အတူ ကုသိုလ္ေပးေဝထားတာပဲ ျဖစ္ပါတယ္..။

Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်မလေး ပိုပိုကတော့ ကြုံရင်ကြုံသလို လှူဒါန်းကုသိုလ်ယူတတ်တဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါပဲ..။မကြာခဏကုသိုလ်ယူ လှူဒါန်းမှုတွေကို ပြုလုပ်လေ့ရှိတဲ့ ပိုပိုကတော့ ဘုရားဌာပနာအတွက် အလှူငွေတွေအပြင် ဝတ်ထားတဲ့သူမရဲ့စိန်နားကပ်ကိုပါး ချွတ်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ယနေ့သြဂုတ်လ(၃၀)ရက်နေ့လေးမှာပဲ ပြည်မြို့ အောင်မြင်ဗာဟု ဘုရားသွားဖူးရင်း ဘုရားကြီးရ့အမိုးဆောက်လုပ်လှူဒါန်း ပန္နက်ရိုက်လှူဒါန်းပွဲမှာ အလှူငွေ (၂)သိန်းနဲ့ ရှေးဟောင်း သစ်ကနက် ဗုဒ္ဓရုပ်ပွားတော် ဌာပနာအတွက် စိန်နားကပ်လေးကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ထို့ပြင် ကြည်သာအေးမြဆရာတော် ဘုရားကိုလည်း အဆောက်အအုံဆောက်လုပ်ရန်အတွက် အလှူငွေ (၁)သိန်းနဲ့ ဝတ္ထုငွေ (၁)သိန်းကိုလည်း ထပ်မံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

သဒ္ဓါတရားထက်သန်စွာနဲ့ တတ်နိုင်သလောက်လေးလှူဒါန်းခဲ့တဲ့ သူမရဲ့သာဓုခေါ်စရာ အလှူဒါနလေးကိုလည်း (၇)ရက်သားသမီး ပရိသတ်တွေသာဓုခေါ် ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်..။“ပြည်မြို့ အောင်မြင်ဗာဟု ဘုရားသွားဖူးရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုရားကြီးရဲ့ အမိုးဆောက်လုပ် လှူဒါန်း ပန္နက် ရိုက်လှူဒါန်းပွဲ မှာ မာမီ က သိန်း ၅၀ မတည်လှူဒါန်း သလိုပိုပိုကလဲ အမှတ်မထင် ရောက်သွားရင်း ၂သိန်း တိတိလှူဒါန်းသလို ပိုပိုလဲ ရှေးဟောင်း သစ်ကနက် ဗုဒ္ဓ ရုပ်ပွားတော် သတင်းသုံးမည့်အဆောက်အဦးမှာဌာပနာ ထည့်ရန် ပါလာတဲ့ စိန်နားကပ်လေး ကိုလဲ လှူဒါန်း ဖြစ်ခဲ့ပါတယ်ကြည်သာအေးမြ ဆရာတော် ဘုရားကိုလဲ အဆောက်အအုံ ဆောက်လုပ်ရန် ၁သိန်း နဲ့ ဝတ္ထုငွေ ၁သိန်းလှူဒါန်း ခဲ့ပါတယ်၇ ရက် သားသမီးတို့ရဲ့ အလှူဖြစ်ပါတယ် သာဓု ခေါ်ကြပါကုန်တော်အမျှ အမျှ အမျှ ယူတော်မူကြပါ..” ဆိုပြီး ပီတိလေးတွေနဲ့အတူ ကုသိုလ်ပေးဝေထားတာပဲ ဖြစ်ပါတယ်..။

Credit: MMCele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top