iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ ေအသင္ခ်ိဳေဆြနဲ႔ ပိုပိုဟာ အႏုပညာေမာင္ႏွမေတြျဖစ္ၾကျပီး မၾကာေသးခင္ကမွ ပိုပိုဟာ ေအသင္ရဲ႕ သမီးေခ်ာေလး Ivy ဆီသြားေရာက္လည္ပတ္ခဲ့တာလည္းျဖစ္ပါတယ္။ Single Mother တစ္ေယာက္အေနနဲ႔ရပ္တည္ေနတဲ့ ေအသင္ခ်ိဳေဆြကို အရမ္းဂုဏ္ယူေၾကာင္းပိုပိုက ယခုလိုေျပာျပလာပါတယ္။

“တခ်ိဳ႕ေယာက္က်ားေတြဟာ တာဝန္မယူမွုေၾကာင့္ ခေလးေတြကိုဖ်က္ခ်လိုက္တာတို႔၊ တခ်ိဳ႔က်ေတာ့လည္း ကေလးဖ်က္ခ်တဲ့ဟာေတြအမ်ားၾကီးရွိေနခ်ိန္မွာ ေအသင္ခ်ိဳေဆြဟာ သူ႔ကေလးကို သတၱိရွိရွိနဲ႔ ေမြးတဲ့စိတ္ေပါ့ အဲ့စိတ္တခုနဲ႔တင္ သူဟာ မိခင္စိတ္ရွိတဲ့အမ်ိဳးသမီးဆိုတာ ေသခ်ာတယ္။ ေနာက္တခုက တကယ္ကိုမွ သတၱိရွိရွိနဲ႔ရင္ဆိုင္ႏိုင္တဲ့မိန္းမ အမ်ားၾကီးပဲ သူ႔ကိုေလးစားတယ္။ သူ႔သမီးေလးကိုလည္း ခ်စ္တယ္။ အေမဆိုတာ အဲလိုမ်ိဳးျဖစ္သင့္တယ္။အေမဆိုတာ အေဖကဘာျဖစ္ေနျဖစ္ေနပါေစ ကိုယ့္သားသမီးကို ေမြးႏိုင္တဲ့အေမဆိုတာ အေမစိတ္ရွိတဲ့အမ်ိဳးသမီးတစ္ေယာက္လို႔ ဂုဏ္ယူပါတယ္။”

ပိုပိုဟာ ကေလးခ်စ္တတ္တဲ့သူတစ္ဦးျဖစ္ျပီး သူမ ကေလးေမြးလာခဲ့ရင္လည္း ဘယ္လိုဂရုစိုက္မယ္ဆိုတာကအစ ေတြးထားသူျဖစ္ပါတယ္။ သူမ ကေလးေမြးလာခဲ့ရင္ ကေလးကို သူမနဲ႔အတူ အျမဲေခၚထားမယ္လို႔ ေတြးထားပါတယ္လို႔ဆိုပါတယ္။ သို႔ေသာ္လည္း ပိုပိုဟာ မိခင္နဲ႔ပတ္သက္ျပီး ယခုလိုဝမ္းနည္းဖြယ္ရာစကားေလးေတြကိုေတာ့ ရင္ဖြင့္လာပါေသးတယ္။

ပိုပိုရဲ႕အေမကို မိခင္စိတ္မရွိဘူးလို႔မေျပာပါဘူး သူေနာက္ထပ္ေမြးတဲ့သားသမီးေတြကိုေတာ့ခ်စ္မွာေပါ့..ပိုပိုကိုလည္း သူေမြးခဲ့တာဘဲ..အျပစ္ေတာ့မေျပာပါဘူး..ဒါေပမယ့္ ပိုပိုကိုေတာ့ မခ်စ္ဘူးလို႔ေတာ့ထင္တယ္။ ဒါေပမယ့္ သူ႔ဘာသူေတာ့ မိခင္စိတ္ရွိမွာပါ ကိုယ္လည္းဘုရား၊ တရားေတြလုပ္ေနတာပဲ။ ကံ ကံ၏အက်ိဳးေၾကာင့္ျဖစ္တာေပါ့ေနာ္။

ကိုတြတ္ပီ၊ Idiot Band က ကိုေရမြန္ရဲ႕အေမကို ဟိုးငယ္ငယ္ေလးတည္းက ဂ်ာနယ္ေတြ၊ Megazine ေတြ မွာ အန္တီေျဖတာကိုအရမ္းသေဘာက်တယ္ သူဟာသူ႔သားသမီးေတြအတြက္ ျခေသၤ႔တစ္ေကာင္လို အျမဲ သတၱိရွိစြာနဲ႔ ရင္ဆိုင္တယ္ေပါ့ေနာ္။ အဲလိုမ်ိဳး ျဖစ္ရမယ္ အေမဆိုတာ။ ေယာက္က်ားနဲ႔ကြဲသည္ျဖစ္ေစ၊ မကြဲသည္ျဖစ္ေစ ကိုယ့္သားသမီးကို ခ်စ္ႏိုင္တဲ့အမ်ိဳးသမီးမ်ိဳး၊ ကိုယ့္သားသမီးကို ေစာင့္ေရွာက္ျပီးေတာ့ သားသမီးကိုဂရုစိုက္ျပီး ေနာက္အိမ္ေထာင္မျပဳတဲ့မိန္းမမ်ိဳး အရမ္းဘယ္ေလာက္ထိခ်စ္ဖို႔ေကာင္းလဲ။ ဘယ္ေလာက္ထိဂုဏ္ယူဖို႔ေကာင္းလဲ။

Single Mother ေတြကိုလည္းဂုဏ္ယူပါတယ္ ဒါေပမယ့္ Single Mother လုပ္ျပီး ေနာက္ ေယာက္က်ားမယူနဲ႔လို႔မေျပာပါဘူး။ ကုိယ့္အေပၚအရမ္းေကာင္းတဲ့လူေတြ႔ခဲ့ရင္ ယူပါ ။ မယူပဲနဲ႔လဲ အသက္ၾကီးတဲ့အထိ သားသမီးေတြကို အရိပ္တၾကည့္ၾကည့္နဲ႔ဂရုစုိက္တဲ့ အေမေတြအကုန္္လံုးကိုလည္း ဒီကေနျပီး ဂါရဝလည္းျပဳပါတယ္ ခ်စ္လည္းခ်စ္ပါတယ္။ ဂုဏ္လည္းယူပါတယ္။

မွတ္ခ်က္-8 Days တီဗီရဲ႕ အင္တာဗ်ဴးမွ ေျဖၾကားခ်က္မ်ားကို ကိုးကားေဖာ္ျပထားျခင္းျဖစ္ပါသည္။

Credit: We Love Cele
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော် အေသင်ချိုဆွေနဲ့ ပိုပိုဟာ အနုပညာမောင်နှမတွေဖြစ်ကြပြီး မကြာသေးခင်ကမှ ပိုပိုဟာ အေသင်ရဲ့ သမီးချောလေး Ivy ဆီသွားရောက်လည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။ Single Mother တစ်ယောက်အနေနဲ့ရပ်တည်နေတဲ့ အေသင်ချိုဆွေကို အရမ်းဂုဏ်ယူကြောင်းပိုပိုက ယခုလိုပြောပြလာပါတယ်။

“တချို့ယောက်ကျားတွေဟာ တာဝန်မယူမှုကြောင့် ခလေးတွေကိုဖျက်ချလိုက်တာတို့၊ တချို့ကျတော့လည်း ကလေးဖျက်ချတဲ့ဟာတွေအများကြီးရှိနေချိန်မှာ အေသင်ချိုဆွေဟာ သူ့ကလေးကို သတ္တိရှိရှိနဲ့ မွေးတဲ့စိတ်ပေါ့ အဲ့စိတ်တခုနဲ့တင် သူဟာ မိခင်စိတ်ရှိတဲ့အမျိုးသမီးဆိုတာ သေချာတယ်။ နောက်တခုက တကယ်ကိုမှ သတ္တိရှိရှိနဲ့ရင်ဆိုင်နိုင်တဲ့မိန်းမ အများကြီးပဲ သူ့ကိုလေးစားတယ်။ သူ့သမီးလေးကိုလည်း ချစ်တယ်။ အမေဆိုတာ အဲလိုမျိုးဖြစ်သင့်တယ်။အမေဆိုတာ အဖေကဘာဖြစ်နေဖြစ်နေပါစေ ကိုယ့်သားသမီးကို မွေးနိုင်တဲ့အမေဆိုတာ အမေစိတ်ရှိတဲ့အမျိုးသမီးတစ်ယောက်လို့ ဂုဏ်ယူပါတယ်။”

ပိုပိုဟာ ကလေးချစ်တတ်တဲ့သူတစ်ဦးဖြစ်ပြီး သူမ ကလေးမွေးလာခဲ့ရင်လည်း ဘယ်လိုဂရုစိုက်မယ်ဆိုတာကအစ တွေးထားသူဖြစ်ပါတယ်။ သူမ ကလေးမွေးလာခဲ့ရင် ကလေးကို သူမနဲ့အတူ အမြဲခေါ်ထားမယ်လို့ တွေးထားပါတယ်လို့ဆိုပါတယ်။ သို့သော်လည်း ပိုပိုဟာ မိခင်နဲ့ပတ်သက်ပြီး ယခုလိုဝမ်းနည်းဖွယ်ရာစကားလေးတွေကိုတော့ ရင်ဖွင့်လာပါသေးတယ်။

ပိုပိုရဲ့အမေကို မိခင်စိတ်မရှိဘူးလို့မပြောပါဘူး သူနောက်ထပ်မွေးတဲ့သားသမီးတွေကိုတော့ချစ်မှာပေါ့..ပိုပိုကိုလည်း သူမွေးခဲ့တာဘဲ..အပြစ်တော့မပြောပါဘူး..ဒါပေမယ့် ပိုပိုကိုတော့ မချစ်ဘူးလို့တော့ထင်တယ်။ ဒါပေမယ့် သူ့ဘာသူတော့ မိခင်စိတ်ရှိမှာပါ ကိုယ်လည်းဘုရား၊ တရားတွေလုပ်နေတာပဲ။ ကံ ကံ၏အကျိုးကြောင့်ဖြစ်တာပေါ့နော်။

ကိုတွတ်ပီ၊ Idiot Band က ကိုရေမွန်ရဲ့အမေကို ဟိုးငယ်ငယ်လေးတည်းက ဂျာနယ်တွေ၊ Megazine တွေ မှာ အန်တီဖြေတာကိုအရမ်းသဘောကျတယ် သူဟာသူ့သားသမီးတွေအတွက် ခြင်္သေ့တစ်ကောင်လို အမြဲ သတ္တိရှိစွာနဲ့ ရင်ဆိုင်တယ်ပေါ့နော်။ အဲလိုမျိုး ဖြစ်ရမယ် အမေဆိုတာ။ ယောက်ကျားနဲ့ကွဲသည်ဖြစ်စေ၊ မကွဲသည်ဖြစ်စေ ကိုယ့်သားသမီးကို ချစ်နိုင်တဲ့အမျိုးသမီးမျိုး၊ ကိုယ့်သားသမီးကို စောင့်ရှောက်ပြီးတော့ သားသမီးကိုဂရုစိုက်ပြီး နောက်အိမ်ထောင်မပြုတဲ့မိန်းမမျိုး အရမ်းဘယ်လောက်ထိချစ်ဖို့ကောင်းလဲ။ ဘယ်လောက်ထိဂုဏ်ယူဖို့ကောင်းလဲ။

Single Mother တွေကိုလည်းဂုဏ်ယူပါတယ် ဒါပေမယ့် Single Mother လုပ်ပြီး နောက် ယောက်ကျားမယူနဲ့လို့မပြောပါဘူး။ ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတွေ့ခဲ့ရင် ယူပါ ။ မယူပဲနဲ့လဲ အသက်ကြီးတဲ့အထိ သားသမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တဲ့ အမေတွေအကုန်လုံးကိုလည်း ဒီကနေပြီး ဂါရဝလည်းပြုပါတယ် ချစ်လည်းချစ်ပါတယ်။ ဂုဏ်လည်းယူပါတယ်။

မှတ်ချက်-8 Days တီဗီရဲ့ အင်တာဗျူးမှ ဖြေကြားချက်များကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါသည်။

Credit: We Love Cele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top