iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လိုပဲ ဂရုစိုက္ သန္႔ရွင္းေနေပမယ့္ တစ္ခါတစ္ရံ လၽွို႔ဝွက္အပ္တဲ့ ရွက္ရွက္ေနရာက အနံ႔ဆိုးေတြထြက္ေနမယ္ဆိုရင္?

ညီမေလး ..သို႔

ကၽြန္မတို႔ မိန္းမသားတိုင္းမွာ တစ္ကိုယ္ရည္ သန္႔ရွင္းေရးထဲမွာ ဂရုစိုက္ဖို႔က ေျခအစ ေခါင္းအစံုး အေပၚယံေတြတင္မကပါဘူး။ အတြင္းအဂါၤေတြလည္း က်န္းမာသန္႔ရွင္းေနဖို႔က လိုပါေသးတယ္။ ဘယ္လိုပဲ ဂရုစိုက္ သန္႔ရွင္းေနေပမယ့္ တစ္ခါတစ္ရံ လၽွို႔ဝွက္အပ္တဲ့ ရွက္ရွက္ေနရာက အနံ႔ဆိုးေတြထြက္ေနမယ္ဆိုရင္ မေပ်ာ္ရႊင္ႏိုင္ေတာ့ပါဘူး။ “ငါ …ဘာမ်ားျဖစ္ေနလို႔လဲ” ” အထဲက သားအိမ္ သို႔ သားအိမ္ေခါင္းကပဲ မေကာင္းလို႔ အနံ႔ဆိုးေတြထြက္ေနတာလား ” စသည္ျဖင့္ အေတြးေတြ ဝင္လာေတာ့တာပါပဲ။ ဒါဆို ဘာေတြက အနံ႔ဆိုးေတြထြက္ေစတာပါလဲ? အဲဒီအနံဆိုးထြက္တဲ့ အေၾကာင္းရင္းေပၚ မူတည္ၿပီး ဘယ္လို ေျဖရွင္းၾကမလဲ ?

၁) အတြင္းခံ ေရြးခ်ယ္မႈမမွန္လို႔။

ပံုမွန္ လၽွို႔ဝွက္အပ္တဲ့ မိန္းမကိုယ္ဟာလည္း ေခၽြးေပါက္ေတြပါလို႔ ေခၽြးမစုပ္တဲ့ ႏိုင္လြန္ သို႔ တင္းက်ပ္လြန္းတဲ့ အတြင္းခံ ေတြ ဝတ္မယ္ဆိုရင္ ေလဝင္ေလထြက္မရွိဘဲ အနံ႔အသက္ဆိုးေစပါတယ္။ တကယ္လို႔ အျဖဴဆင္းျခင္းမရွိဘဲ အနံ႔ဆိုးပဲထြက္ေနမယ္ဆိုရင္ေတာ့ ခ်ည္သားအတြင္းခံေျပာင္းဝတ္ဖို႔အႀကံေပးပါရေစ။

၂) ဘက္တီးရီးယားပိုးေတြပြားမ်ားလာလို႔

မိန္းမကိုယ္မွာရွိတဲ့ ပံုမွန္ ဘက္တီးရီးယားပိုးေလးေတြ ပံုမွန္္မဟုတ္ဘဲ ပြားမ်ားလာတဲ့အခါ Bacteria Vaginosis လို႔ေခၚတဲ့ မိန္းမကိုယ္ပိုးဝင္ျခင္းျဖစ္ၿပီး ံဆိုးေတြထြက္လာတတ္ပါတယ္။

၃) လိင္ဆက္ဆံျခင္းကတစ္ဆင့္ပိုးကူးလို႔

Trichomoniasis လို႔ေခၚတဲ့ ပိုးကူးစက္ခံရႏိုင္ေျခရွိပါတယ္။ ဒီလိုပိုးကူးခံရမယ္ဆိုရင္ မိန္းမကိုယ္အနံ႔ဆိုးထြက္တာအျပင္ ဆီးပူဆီးက်င္တာေတြပါ တြဲျဖစ္တတ္ပါတယ္။ အနံ႔ကလည္း ငါးညႇီနံ႔လို ထြက္တတ္ပါတယ္။

၄) သားအိမ္ေခါင္းကင္ဆာ

သားအိမ္ေခါင္းကင္ဆာရဲ႕ေရွ႕ေျပးလကၡဏာ ေယာင္းတို႔ၾကားဖူးထားတဲ့အတိုင္း သားအိမ္ေခါင္းကင္ဆာဟာလည္း အနံ႔ျပင္းတဲ့ အျဖဳဆင္းျခင္းေတြ ခံစားရတတ္ပါတယ္။ တကယ္လို႔ သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးလည္း ထိုးမထားဘူး၊ အိမ္ေထာင္ရွင္မလည္းျဖစ္မယ္။အနံ႔ဆိုးတဲ့ အျဖဴေတြလည္းဆင္းမယ္ဆိုရင္ သားအိမ္ေခါင္းကင္ဆာကိုေမ့မထားပါနဲ႔ေနာ္။ ေသခ်ာေအာင္ ဆရာဝန္နဲ႔ စစ္ေဆးၾကည့္တာေတာ့ အေကာင္းဆံုးပါပဲ။

၅) ေမြးလမ္းေၾကာင္းကင္ဆာရဲ႕ေရွ႕ေျပးလကၡဏာလား

ေမြးလမ္းေၾကာင္းကင္ဆာဟာ မိန္းမကိုယ္ကေန အျဖဴဆင္းျခင္း၊ အနံ႔ဆိုးထြက္တာေတြအျပင္ ဗိုက္ေအာင့္ျခင္း၊ ဆီးသြားရင္ နာက်င္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ အတူေနၿပီးရင္ ေသြးဆင္းျခင္းတို႔ ခံစားရေလ့ရွိပါတယ္။ ဒါဆိုရင္လည္း ဆရာဝန္နဲ႔သာ သြားေရာက္စစ္ေဆးေပးသင့္ပါတယ္။

၆) အရမ္းအသန္႔လြန္ေနလို႔လား?

မိန္းမကိုယ္၊ ေမြးလမ္းေၾကာင္းစတဲ့ေနရာေတြဟာ သူ႔အလိုလို ပိုးမႊားသန္႔စင္ႏိုင္စြမ္းရွိပါတယ္။ တစ္ကယ္လို႔ က်ဳယ္က ပိုသန္႔ေစျခင္ေဇာနဲ႔ အတြင္းထဲအထိ ႏႈိက္ၿပီး ဆပ္ျပာေတြ၊ ဆပ္ျပာရည္ေတြနဲ႔မ်ားေဆးေနမိရင္… ဆက္ၿပီးမေဆးပါနဲ႔လို႔ေျပာပါရေစ။ ဒီလိုလုပ္တာဟာ ပိုသန္႔မလာေစဘဲ တစ္ခါတေလ မိတ္ဖက္ပိုးေလးေတြေသေစလို႔ ပိုေတာင္အနံ႔ဆိုးထြက္ေစပါတယ္။

၇) အေမႊးနံ႔သာေတြ အသံုးလြန္ေနလုိ႔မ်ားလား?

မိန္းမကိုယ္တစ္ဝွိက္ဟာ အလြန္ႏူးညံ့တဲေ့နရာမို႔ အနံ႔ျပင္းတဲ့ ဓာတုပစၥည္းေတြမသံုးသင့္ပါဘူး။ စပေရး(Spray) , Wet Tissuse , ဆပ္ျပာရည္ေတြကို မလိုအပ္ဘဲ မသံုးသင့္သလို… သံုးမယ္ဆိုရင္လည္း သဘာဝကထုတ္တဲ့ပစၥည္းမ်ိဳး က်န္းမာေရးအာမခံခ်က္ရွိတဲ့ ပစၥည္းမ်ိဳးကို သာေရြးခ်ယ္သံုးဖို႔ အႀကံျပဳပါရေစ။

၈) အစားအစာေတြေၾကာင့္လား?

မိန္းမကိုယ္ဟာလည္း အနံ႔ျပင္းတဲ့ အရက္၊ ဘီယာ။ ၾကက္သြန္ေတြ စားရင္ အနံ႔ဆိုးထြက္ႏိုင္ပါတယ္။

၉) ဝိတ္ခ်ဖို႔ လိုေနၿပီလား?

ဝတဲ့သူ ဟာ ေခၽြးပိုထြက္လို႔ မိန္းမကိုယ္တစ္ဝိုက္မွာ အနံ႔ပိုထြက္တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ တကယ္လို႔ ကိုယ္အေလးခ်ိန္မ်ားၿပီး အနံ႔လည္း ထြက္ေနမယ္ဆိုရင္ ဝိတ္ေလၽွာ့ဖို႔လည္း ႀကိဳးစားၾကည့္ေ့ပးပါဦးေနာ္။

ဒါဆို ဘာေတြက အနံ႔ဆိုးထြက္ေစတာလဲ ။ ဘာေတြကို သတိထားရမလဲ သိေလာက္ၿပီထင္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မယ္တင္( ေဆး ၁)
# Unicode Version ျဖင့္ ဖတ္ပါ #
ဘယ်လိုပဲ ဂရုစိုက် သန့်ရှင်းနေပေမယ့် တစ်ခါတစ်ရံ လျှို့ဝှက်အပ်တဲ့ ရှက်ရှက်နေရာက အနံ့ဆိုးတွေထွက်နေမယ်ဆိုရင်?

ညီမလေး ..သို့

ကျွန်မတို့ မိန်းမသားတိုင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းရေးထဲမှာ ဂရုစိုက်ဖို့က ခြေအစ ခေါင်းအစုံး အပေါ်ယံတွေတင်မကပါဘူး။ အတွင်းအဂါၤတွေလည်း ကျန်းမာသန့်ရှင်းနေဖို့က လိုပါသေးတယ်။ ဘယ်လိုပဲ ဂရုစိုက် သန့်ရှင်းနေပေမယ့် တစ်ခါတစ်ရံ လျှို့ဝှက်အပ်တဲ့ ရှက်ရှက်နေရာက အနံ့ဆိုးတွေထွက်နေမယ်ဆိုရင် မပျော်ရွှင်နိုင်တော့ပါဘူး။ “ငါ …ဘာများဖြစ်နေလို့လဲ” ” အထဲက သားအိမ် သို့ သားအိမ်ခေါင်းကပဲ မကောင်းလို့ အနံ့ဆိုးတွေထွက်နေတာလား ” စသည်ဖြင့် အတွေးတွေ ဝင်လာတော့တာပါပဲ။ ဒါဆို ဘာတွေက အနံ့ဆိုးတွေထွက်စေတာပါလဲ? အဲဒီအနံဆိုးထွက်တဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဘယ်လို ဖြေရှင်းကြမလဲ ?

၁) အတွင်းခံ ရွေးချယ်မှုမမှန်လို့။

ပုံမှန် လျှို့ဝှက်အပ်တဲ့ မိန်းမကိုယ်ဟာလည်း ချွေးပေါက်တွေပါလို့ ချွေးမစုပ်တဲ့ နိုင်လွန် သို့ တင်းကျပ်လွန်းတဲ့ အတွင်းခံ တွေ ဝတ်မယ်ဆိုရင် လေဝင်လေထွက်မရှိဘဲ အနံ့အသက်ဆိုးစေပါတယ်။ တကယ်လို့ အဖြူဆင်းခြင်းမရှိဘဲ အနံ့ဆိုးပဲထွက်နေမယ်ဆိုရင်တော့ ချည်သားအတွင်းခံပြောင်းဝတ်ဖို့အကြံပေးပါရစေ။

၂) ဘက်တီးရီးယားပိုးတွေပွားများလာလို့

မိန်းမကိုယ်မှာရှိတဲ့ ပုံမှန် ဘက်တီးရီးယားပိုးလေးတွေ ပုံမှန်မဟုတ်ဘဲ ပွားများလာတဲ့အခါ Bacteria Vaginosis လို့ခေါ်တဲ့ မိန်းမကိုယ်ပိုးဝင်ခြင်းဖြစ်ပြီး ံဆိုးတွေထွက်လာတတ်ပါတယ်။

၃) လိင်ဆက်ဆံခြင်းကတစ်ဆင့်ပိုးကူးလို့

Trichomoniasis လို့ခေါ်တဲ့ ပိုးကူးစက်ခံရနိုင်ခြေရှိပါတယ်။ ဒီလိုပိုးကူးခံရမယ်ဆိုရင် မိန်းမကိုယ်အနံ့ဆိုးထွက်တာအပြင် ဆီးပူဆီးကျင်တာတွေပါ တွဲဖြစ်တတ်ပါတယ်။ အနံ့ကလည်း ငါးညှီနံ့လို ထွက်တတ်ပါတယ်။

၄) သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာရဲ့ရှေ့ပြေးလက္ခဏာ ယောင်းတို့ကြားဖူးထားတဲ့အတိုင်း သားအိမ်ခေါင်းကင်ဆာဟာလည်း အနံ့ပြင်းတဲ့ အဖြုဆင်းခြင်းတွေ ခံစားရတတ်ပါတယ်။ တကယ်လို့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးလည်း ထိုးမထားဘူး၊ အိမ်ထောင်ရှင်မလည်းဖြစ်မယ်။အနံ့ဆိုးတဲ့ အဖြူတွေလည်းဆင်းမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကိုမေ့မထားပါနဲ့နော်။ သေချာအောင် ဆရာဝန်နဲ့ စစ်ဆေးကြည့်တာတော့ အကောင်းဆုံးပါပဲ။

၅) မွေးလမ်းကြောင်းကင်ဆာရဲ့ရှေ့ပြေးလက္ခဏာလား

မွေးလမ်းကြောင်းကင်ဆာဟာ မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း၊ အနံ့ဆိုးထွက်တာတွေအပြင် ဗိုက်အောင့်ခြင်း၊ ဆီးသွားရင် နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အတူနေပြီးရင် သွေးဆင်းခြင်းတို့ ခံစားရလေ့ရှိပါတယ်။ ဒါဆိုရင်လည်း ဆရာဝန်နဲ့သာ သွားရောက်စစ်ဆေးပေးသင့်ပါတယ်။

၆) အရမ်းအသန့်လွန်နေလို့လား?

မိန်းမကိုယ်၊ မွေးလမ်းကြောင်းစတဲ့နေရာတွေဟာ သူ့အလိုလို ပိုးမွှားသန့်စင်နိုင်စွမ်းရှိပါတယ်။ တစ်ကယ်လို့ ကျုယ်က ပိုသန့်စေခြင်ဇောနဲ့ အတွင်းထဲအထိ နှိုက်ပြီး ဆပ်ပြာတွေ၊ ဆပ်ပြာရည်တွေနဲ့များဆေးနေမိရင်… ဆက်ပြီးမဆေးပါနဲ့လို့ပြောပါရစေ။ ဒီလိုလုပ်တာဟာ ပိုသန့်မလာစေဘဲ တစ်ခါတလေ မိတ်ဖက်ပိုးလေးတွေသေစေလို့ ပိုတောင်အနံ့ဆိုးထွက်စေပါတယ်။

၇) အမွှေးနံ့သာတွေ အသုံးလွန်နေလို့များလား?

မိန်းမကိုယ်တစ်ဝှိက်ဟာ အလွန်နူးညံ့တဲေ့နရာမို့ အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတွေမသုံးသင့်ပါဘူး။ စပရေး(Spray) , Wet Tissuse , ဆပ်ပြာရည်တွေကို မလိုအပ်ဘဲ မသုံးသင့်သလို… သုံးမယ်ဆိုရင်လည်း သဘာဝကထုတ်တဲ့ပစ္စည်းမျိုး ကျန်းမာရေးအာမခံချက်ရှိတဲ့ ပစ္စည်းမျိုးကို သာရွေးချယ်သုံးဖို့ အကြံပြုပါရစေ။

၈) အစားအစာတွေကြောင့်လား?

မိန်းမကိုယ်ဟာလည်း အနံ့ပြင်းတဲ့ အရက်၊ ဘီယာ။ ကြက်သွန်တွေ စားရင် အနံ့ဆိုးထွက်နိုင်ပါတယ်။

၉) ဝိတ်ချဖို့ လိုနေပြီလား?

ဝတဲ့သူ ဟာ ချွေးပိုထွက်လို့ မိန်းမကိုယ်တစ်ဝိုက်မှာ အနံ့ပိုထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်များပြီး အနံ့လည်း ထွက်နေမယ်ဆိုရင် ဝိတ်လျှော့ဖို့လည်း ကြိုးစားကြည့်ေ့ပးပါဦးနော်။

ဒါဆို ဘာတွေက အနံ့ဆိုးထွက်စေတာလဲ ။ ဘာတွေကို သတိထားရမလဲ သိလောက်ပြီထင်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: မယ်တင်( ဆေး ၁)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top