iMyanmarHouse.com - Best Property Website for Myanmar
×

အမာရြတ္ကင္းၿပီး ျပစ္မ်ိဳးမွဲ႕မထင္အသားအေရအကို လူတိုင္းပိုင္ဆိုင္ခ်င္ၾကပါတယ္။

အထူးသျဖင့္ေတာ့ အမ်ိဳးသမီးေတြအမ်ားစုဟာ မ်က္ႏွာအလွအပအတြက္ ေစ်းႀကီးတဲ့ ကုန္ပစၥည္းေတြကို အသံုးျပဳၾကပါတယ္။ ဇာတိပၹိဳလ္သီးက က်န္းမာေရးအတြက္သာမက အလွအပအတြက္ပါ သိပ္ကိုအသံုး၀င္ၿပီး အေရးျပားဆိုင္ရာ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။ မ်က္ႏွာေပၚကအညစ္အေၾကးေတြကို ဖယ္ရွားေပးမွာျဖစ္လို႔ ၀က္ၿခံထြက္မွာ စိတ္ပူစရာမလိုေတာ့ဘဲ ၀င္းမြတ္ လွပလာေစမွာပါ။

ပါ၀င္ပစၥည္း

ဇာတိပၹဳိလ္သီးမႈန္႕ (Nutmeg) လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

လတ္ဆတ္တ့ဲ သံပုယိုရည္ (သံပုယုိသီးကိုညစ္ပါ) လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သစ္ႀကံပိုးေခါက္ လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

ဘယ္လိုလုပ္မလဲ

ျပင္ဆင္ျခင္း ပါ၀င္ပစၥည္းအားလံုးေရာေရာလိုက္ပါ။ တကယ္လို႔ အသားအေရက Sensitive (ထိလြယ္ရွလြယ္ျဖစ္တဲ့) အသားအေရမ်ိဳးဆိုရင္ သံပုယုိသီးကို မထည့္ဘဲ ပ်ားရည္ကိုသာ ပိုထည့္ေပးပါ။ ပ်ားရည္နဲ႔လည္း ဓါတ္မတည့္ဘူးဆိုရင္ အျဖဴ (သို႕) အစိမ္းေရာင္ရႊံ႕ေစးကို အသံုးျပဳႏိုင္ပါတယ္။ အေရက အရမ္းကိုပ်စ္ေနရင္ ေရနည္းနည္းထည့္ေပးပါ။

ဘယ္လိုသံုးမလဲ

လုပ္ထားတဲ့ အရည္ကို မ်က္ႏွာေပၚမွာလိမ္းလိုက္ပါ။ မ်က္လံုးနဲ႔ ႏႈတ္ခမ္းနား တ၀ိုက္ကို ေရွာင္လိမ္းပါ။ ၿပီးရင္ နာရီ၀က္ေလာက္ထားေပးပါ။ ( ၁၀ မိနစ္ေလာက္ၾကာရင္ စပ္ဖ်င္းဖ်င္းျဖစ္လာတာကို ခံစားရပါလိမ့္မယ္) ေနာ္ကဆံုးအေနနဲ႔ေတာ့ မ်က္ႏွာကို ေရေႏြးနဲ႔ သစ္ခ်ေပးရမွာျဖစ္ၿပီး မ်က္ႏွာလိမ္းခရင္မ္လိမ္းေပးထားရမွာပါ။ ႏွစ္ရက္ေလာက္ ဆက္တိုက္လုပ္ေပးလိုက္တာနဲ႔ ႏူးညံ့လာတာကို ခံစားရပါလိမ့္မယ္။

မွတ္ခ်က္ ။ ။ စပ္ဖ်င္းဖ်င္းလို႔ေျပာေပမဲ့ စိုးရိမ္စရာမလိုပါဘူးေနာ္။ ေနာက္ ၅ မိနစ္ေလာက္ဆိုရင္ အဆင္ေျပသြားမွာပါ။

Credit: healthyfoodproteam & Myfood Myanmar
# Unicode Version ျဖင့္ ဖတ္ပါ #
အမာရွတ်ကင်းပြီး ပြစ်မျိုးမှဲ့မထင်အသားအရေအကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

အထူးသဖြင့်တော့ အမျိုးသမီးတွေအများစုဟာ မျက်နှာအလှအပအတွက် ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုကြပါတယ်။ ဇာတိပ္ဖိုလ်သီးက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ သိပ်ကိုအသုံးဝင်ပြီး အရေးပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ မျက်နှာပေါ်ကအညစ်အကြေးတွေကို ဖယ်ရှားပေးမှာဖြစ်လို့ ဝက်ခြံထွက်မှာ စိတ်ပူစရာမလိုတော့ဘဲ ဝင်းမွတ် လှပလာစေမှာပါ။

ပါဝင်ပစ္စည်း

ဇာတိပ္ဖိုလ်သီးမှုန့် (Nutmeg) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လတ်ဆတ်တဲ့ သံပုယိုရည် (သံပုယိုသီးကိုညစ်ပါ) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဘယ်လိုလုပ်မလဲ

ပြင်ဆင်ခြင်း ပါဝင်ပစ္စည်းအားလုံးရောရောလိုက်ပါ။ တကယ်လို့ အသားအရေက Sensitive (ထိလွယ်ရှလွယ်ဖြစ်တဲ့) အသားအရေမျိုးဆိုရင် သံပုယိုသီးကို မထည့်ဘဲ ပျားရည်ကိုသာ ပိုထည့်ပေးပါ။ ပျားရည်နဲ့လည်း ဓါတ်မတည့်ဘူးဆိုရင် အဖြူ (သို့) အစိမ်းရောင်ရွှံ့စေးကို အသုံးပြုနိုင်ပါတယ်။ အရေက အရမ်းကိုပျစ်နေရင် ရေနည်းနည်းထည့်ပေးပါ။

ဘယ်လိုသုံးမလဲ

လုပ်ထားတဲ့ အရည်ကို မျက်နှာပေါ်မှာလိမ်းလိုက်ပါ။ မျက်လုံးနဲ့ နှုတ်ခမ်းနား တဝိုက်ကို ရှောင်လိမ်းပါ။ ပြီးရင် နာရီဝက်လောက်ထားပေးပါ။ ( ၁၀ မိနစ်လောက်ကြာရင် စပ်ဖျင်းဖျင်းဖြစ်လာတာကို ခံစားရပါလိမ့်မယ်) နော်ကဆုံးအနေနဲ့တော့ မျက်နှာကို ရေနွေးနဲ့ သစ်ချပေးရမှာဖြစ်ပြီး မျက်နှာလိမ်းခရင်မ်လိမ်းပေးထားရမှာပါ။ နှစ်ရက်လောက် ဆက်တိုက်လုပ်ပေးလိုက်တာနဲ့ နူးညံ့လာတာကို ခံစားရပါလိမ့်မယ်။

မှတ်ချက် ။ ။ စပ်ဖျင်းဖျင်းလို့ပြောပေမဲ့ စိုးရိမ်စရာမလိုပါဘူးနော်။ နောက် ၅ မိနစ်လောက်ဆိုရင် အဆင်ပြေသွားမှာပါ။

Credit: healthyfoodproteam & Myfood Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top