iMyanmarHouse.com - Best Property Website for Myanmar
×

ကဲ ၾသဂုတ္လထဲေရာက္ၿပီဆိုေတာ့ လအသစ္မွာ စိတ္သစ္လူသစ္နဲ႔ ႀကိဳးစားခ်င္စိတ္ေတြ႐ွိေနမွာေပါ့။ ငယ္႐ြယ္သူဆိုေတာ့ အခ်စ္ေရးကလည္း အေရးပါေသးတယ္ေနာ္။ ဒါေၾကာင့္ ဒီလအတြင္ ေယာင္းတုိ႔ရဲ႕ အခ်စ္ေရးအေျခအေန ဘယ္လုိ႐ွိမလဲဆိုတာေျပာျပရမယ္ဆိုရင္ျဖင့္ ….

🌠  မိႆရာသီ (Aries) : မတ္ ၂၁ ရက္မွ ဧၿပီ ၂၀ ရက္အတြင္း

ၾသဂုတ္လအတြင္းမွာေတာ့ အိမ္ေထာင္ဖက္႐ွိသူ မိႆရာသီဖြားေယာင္းတုိ႔အေနနဲ႔ အိမ္ေထာင္ေရးမွာ ေအးစက္စက္ျဖစ္ေနတတ္လုိ႔ အတူခရီးထြက္တာလုိမ်ိဳးၾကည္ႏူးစရာအခိုက္အတန္႔ေလးေတြဖန္တီးေပးဖုိ႔လုိပါလိမ့္မယ္။ အခ်စ္႐ွိတဲ့ေယာင္းတို႔လည္း ၾသဂုတ္ ၂၂ရက္ ေနာက္ပိုင္းမွာအခ်စ္နဲ႔ ဆက္ဆံေရးေကာင္းဖုိ႔ သတိေလးထားဖုိ႔ေတာ့ လိုပါလိမ့္မယ္။ Single ေယာင္းတို႔အတြက္ အခ်စ္နဲ႔ ေတြ႕ဖို႔အခြင့္အလမ္းေတြမ်ားၿပီး တူရာသီ (Libra) ဖြားေတြက အေကာင္းဆံုးမိတ္ဖက္ပါတဲ့။

 🌠 ၿပိႆရာသီ (Taurus) : ဧၿပီ ၂၁ ရက္မွ ေမ ၂၀ ရက္အတြင္း

ဒီရာသီဖြားေယာင္းတုိ႔အတြက္ စိတ္မေကာင္းစရာက အခ်စ္နဲ႔ျပတ္စဲဖို႔ အခြင့္အလမ္းမ်ားေနတဲ့ကာလျဖစ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ကတိစကားေတြ မတည္ႏိုင္တဲ့ ကာလလည္း ျဖစ္ေနမွာပါ။ ဆင္ဂယ္လ္ေယာင္းတုိ႔ကေတာ့ အခ်စ္နဲ႔ေတြ႔ဖို႕အားသန္ေနတဲ့ ကာလလည္းျဖစ္ပါတယ္။

🌠 ေမထုန္ရာသီ (Gemini) : ေမ ၂၁ ရက္မွ ဇြန္ ၂၀ ရက္အတြင္း

အိမ္ေထာင္ဖက္ ဒါမွမဟုတ္ အခ်စ္႐ွိတဲ့ေယာင္းတုိ႔ကေတာ့ ၾသဂုတ္လ ၂၃ရက္ေန႔မတိုင္ခင္အထိ အခ်စ္ေရးမွာ ကေတာက္ကဆေလးေတြ မၾကာမၾကာ႐ွိေနမွာျဖစ္ၿပီး အဲဒီရက္လြန္ရင္ေတာ့ သာယာပါလိမ့္မယ္။ အခ်စ္မ႐ွိေသးတဲ့ ေယာင္းတုိ႔လည္း ဒီကာလအတြင္းမွာ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ႐ွိေနဦးမွာပါ။ အခ်စ္ေရးနဲ႔ပတ္သက္တဲ့ အေရးႀကီးဆံုးျဖတ္ခ်က္မွန္သမွ်ကို ၾသဂုတ္လရက္ ၃၀မတိုင္ခင္မွာ ျပဳလုပ္သင့္ပါတယ္တဲ့ကြယ္..

🌠 ကရကဋ္ရာသီ (Cancer) : ဇြန္ ၂၁ ရက္မွ ဇူလိုင္ ၂၀ ရက္အတြင္း

ဒီရာသီဖြားေယာင္းေတြအတြက္ေတာ့ အခ်စ္႐ွိသူပဲျဖစ္ျဖစ္၊ မ႐ွိသူပဲျဖစ္ျဖစ္ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ အရမ္းတည္ၿငိမ္တဲ့ ကာလပါတဲ့။ တည္ၿငိမ္လြန္းလုိ႔ ပ်င္းဖို႔ေတာင္ ေကာင္းသတဲ့ေလ။ စိတ္လႈပ္႐ွားစရာလည္းမ႐ွိ၊ စိတ္ပ်က္စရာလည္း မရွိ၊ ေပ်ာ္စရာလည္း မ႐ွိ၊ စိတ္ညစ္စရာလည္း မ႐ွိ ဘာမွမထူးျခားဘူးလုိ႔ဆုိရမွာေပါ့။

🌠 သိဟ္ရာသီ (Leo) : ဇူလိုင္ ၂၁ ရက္မွ ၾသဂုတ္ ၂၁ ရက္အတြင္း

၂၀၁၈ ၾသဂုတ္လဟာေတာ့ သိဟ္ရာသီဖြား Single ေယာင္းတုိ႔ အရမ္းစြံတဲ့ ကာလျဖစ္ပါသတဲ့။ စြံေပမဲ့ Single ေယာင္းတို႔ ဒီလထဲမွာ တစ္စံုတစ္ေယာက္ကို ကိုယ့္လက္တြဲေဖာ္အျဖစ္ အတည္အတံ့ မေရြးခ်ယ္သင့္တဲ့ကာလ ျဖစ္သတဲ့ေလ။

🌠 ကန္ရာသီ (Virgo) : ၾသဂုတ္ ၂၂ ရက္မွ စက္တင္ဘာလ ၂၂ ရက္အတြင္း

ကန္ရာသီဖြား Single ေယာင္းတုိ႔လည္း ဒီလမွာ အရမ္းစြံသေလာက္ အတည္အတံ့မေရြးခ်ယ္သင့္တဲ့ ကာလပါတဲ့ေနာ္။ ခ်စ္ခ်စ္႐ွိတဲ့ ေယာင္းတုိ႔ကေတာ့ အခ်စ္ေရးမွာအဆင္မေျပမႈေတြနဲ႔ႀကံဳရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ လြပ္လပ္မႈကို ကိုယ္စီ႐ွာခ်င္ေနတဲ့အခ်ိန္ျဖစ္လို႔ပါ။ ဒါေပမဲ့အဆင္မေျပမႈေတြက အခိုက္အတန္႔သက္သက္ပါတဲ့။

🌠 တူရာသီ (Libra) : စက္တင္ဘာ ၂၃ ရက္မွ ေအာက္တိုဘာ ၂၂ ရက္အတြင္း

တူရာသီဖြားေယာင္းတုိ႔ေတြကေတာ့ ခ်စ္ခ်စ္နဲ႔ နားလည္မႈေတြ ပိုမုိခိုင္ၿမဲတဲ့ကာလပါ။ တစ္ေယာက္ကို တစ္ေယာက္ခ်စ္႐ံုမက ကတိသစၥာေတြလည္း ပိုခိုင္ၿမဲလာၾကပါတယ္တဲ့။ မိတ္ေဆြေတြၾကားမွာ ေရႊလက္တြဲဆင္ႏႊဲရမယ့္ ေပ်ာ္စရာပြဲလမ္းေတြလည္း ႀကံဳရဦးမွာပါ။ Single ေတြလည္း အထူးစန္းပြင့္မယ့္ ကာလပါတဲ့။

Related Article >>> ၂၀၁၈ ဇူလုိင္လအတြက္ ရာသီခြင္အလိုက္ေယာင္းတုိ႔ရဲ႕ ကံၾကမၼာ

🌠 ၿဗိစာၦရာသီ (Scorpio): ေအာက္တိုဘာ ၂၃ ရက္မွ ႏုိဝင္ဘာ ၂၂ ရက္အတြင္း

Single ျဖစ္တဲ့ ၿဗိစာၦရာသီဖြားေယာင္းတုိ႔ကေတာ့ ၾသဂုတ္လအတြင္း ခ်စ္သူရကိန္း႐ွိၿပီး သူက ေယာင္းရဲ႕အလုပ္ခြင္ထဲက သူပဲျဖစ္ႏိုင္ပါတယ္။ ဒါတင္မက ခပ္ျမင့္ျမင့္အဆင့္ရာထူး႐ွိတဲ့သူေတြထဲက တစ္ဦးလည္းျဖစ္ႏိုင္တာမုိ႔ လုပ္ငန္းခြင္နဲ႔ အစည္းအေဝးေတြ သြားရင္ အလန္းစားသာျပင္ဆင္သြားေတာ့ေယာင္းေရ .. 😛 ေနာက္ၿပီး ဒီကာလအတြင္းမွာ တည္ေထာင္ထားတဲ့ အခ်စ္ေရးဟာ အလြန္ခုိင္ၿမဲကိန္း႐ွိပါသတဲ့။ ဒါေပမဲ့ လက္တြဲေဖာ္႐ွိၿပီးသားသူနဲ႔ ဆံုစည္းတတ္လုိ႔ သတိထားေနာ္။

🌠 ဓႏုရာသီ (Sagittarius) : ႏုိဝင္ဘာ ၂၃ ရက္မွ ဒီဇင္ဘာ ၂၀ ရက္အတြင္း

ဓႏုရာသီဖြားေယာင္းတုိ႔အတြက္ကေတာ့ ဒီလက အခ်စ္ေရးအထူးပဲ ေကာင္းမြန္တဲ့ ကာလျဖစ္ပါသတဲ့။ အခ်စ္႐ွိၿပီးသား ေယာင္းတို႔အတြက္ အခ်စ္ေရးမွာ တိုးတက္မႈေတြရွိၿပီး ဆင္ဂယ္လ္ေယာင္းတုိ႔ကေတာ့ အခ်စ္နဲ႔ေတြ႔ဖို႔ အခြင့္အလမ္းေတြ မ်ားျပားတဲ့ကာလ ျဖစ္ပါသတဲ့ေလ။

🌠 မကာရရာသီ (Capricorn) : ဒီဇင္ဘာ ၂၁ ရက္မွ ဇန္နဝါရီ ၁၉ ရက္အတြင္း

အခ်စ္႐ွိတဲ့ ေယာင္းတုိ႔အေနနဲ႔ ဒီၾသဂုတ္လမွာ အခ်စ္က စိတ္ဖိစီးမႈေတြမ်ားေနလို႔ ကိုယ့္အခ်စ္ေရးကို ထိခိုက္ေစတဲ့ ကာလပါ (မစိုးရိမ္ပါနဲ႔၊ အခ်ိန္တန္ရင္ေျပလည္မွာပါ) ေနာက္ထပ္အခက္အခဲကေတာ့ ကိုယ့္မိသားစုဝင္အႀကီးအကဲတစ္ေယာက္ေယာက္က ကိုယ့္အခ်စ္ေရးကိုဝင္ေရာက္စြက္ဖက္မယ့္ ကိန္း႐ွိေနပါတယ္။ ဆင္ဂယ္လ္ေယာင္းတို႔ကေတာ့ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ ကိုယ့္ဘက္က စသင့္ရင္ေတာင္ စရမယ့္ကိန္း႐ွိပါသတဲ့။

🌠 ကုမ္ရာသီ (Aquarius) : ဇန္နဝါရီ ၂၀ ရက္မွ ေဖေဖာ္ဝါရီ ၁၈ ရက္အတြင္း

Single ေယာင္းတို႔ ဒီရာသီမွာ စြံတဲ့ကာလျဖစ္သလို ကိုယ့္စိတ္ကူးထဲက အခ်စ္ပံုရိပ္နဲ႔ ထပ္တူက်သူကို ဆံုစည္းႏိုင္မယ့္ အခြင့္အလမ္းလည္း မ်ားပါတယ္။ ထူးျခားတာက အေဝးမွာ႐ွိတဲ့သူနဲ႔ ေရစက္ဆံုတတ္သလို အရင္က လံုးဝမသိခဲ့တဲ့ သူစိမ္းတစ္ေယာက္နဲ႔လည္း ခ်စ္သြားႏိုင္တဲ့ ကံၾကမၼာ႐ွိပါတယ္။ အခ်စ္႐ွိတဲ့ ေယာင္းတို႔လည္း အခ်စ္နဲ႔ ေရႊလက္တြဲၿပီး ပြဲတက္ရမယ့္အခြင့္အေရးေတြ႐ွိသလုိ မိဘေဆြမ်ိဳးေတြအၾကား မ်က္ႏွာပြင့္မယ့္ကာလ ျဖစ္ပါတယ္။

🌠 မိန္ရာသီ (Pisces) : ေဖေဖာ္ဝါရီ ၁၉ ရက္မွ မတ္လ ၂၀ ရက္အတြင္း

ဒီရာသီဖြား ေယာင္းေတြကေတာ့ ၾသဂုတ္လမွာ အခ်စ္ေရးကံေကာင္းသတဲ့။ ေကာင္းဆို မိန္ရာသီဖြားေတြအတြက္ အခ်စ္ၿဂိဳဟ္ မာက်ဴရီအား ေကာင္းတဲ့လ ျဖစ္သတဲ့ေလ။ အခ်စ္႐ွိသူေယာင္းတုိ႔ လက္ထပ္ေရးကိစၥေတြ စဥ္းစားသင့္တဲ့လျဖစ္ၿပီး အခ်စ္မရွိေသးတဲ့ေယာင္းတုိ႔ အခ်စ္ေတြ႔မယ့္ကာလလည္း ျဖစ္ပါသတဲ့။

အခုေတာ့ ေယာင္းတို႔ရဲ႕ ၾသဂုတ္လအတြင္း အခ်စ္ေရး အေျခအေနေတြပါ။ ကံၾကမၼာဆိုတာ ဘယ္ေတာ့မွ တရားေသမွတ္ယူလို႔မရတာေၾကာင့္ အၿမဲသတိေလးနဲ႔ ေနထိုင္ျပဳမူပါလုိ႔ သတိေပးပါရေစေနာ္ ….

ေယာင္းတို႔ေပ်ာ္႐ႊင္ပါေစ

Credit: Sugar Cane  (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကဲ သြဂုတ်လထဲရောက်ပြီဆိုတော့ လအသစ်မှာ စိတ်သစ်လူသစ်နဲ့ ကြိုးစားချင်စိတ်တွေရှိနေမှာပေါ့။ ငယ်ရွယ်သူဆိုတော့ အချစ်ရေးကလည်း အရေးပါသေးတယ်နော်။ ဒါကြောင့် ဒီလအတွင် ယောင်းတို့ရဲ့ အချစ်ရေးအခြေအနေဘယ်လိုရှိမလဲဆိုတာပြောပြရမယ်ဆိုရင်ဖြင့် ….

🌠  မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

သြဂုတ်လအတွင်းမှာတော့ အိမ်ထောင်ဖက်ရှိသူ မိဿရာသီဖွားယောင်းတို့အနေနဲ့ အိမ်ထောင်ရေးမှာ အေးစက်စက်ဖြစ်နေတတ်လို့ အတူခရီးထွက်တာလိုမျိုးကြည်နူးစရာအခိုက်အတန့်လေးတွေဖန်တီးပေးဖို့လိုပါလိမ့်မယ်။ အချစ်ရှိတဲ့ယောင်းတို့လည်း သြဂုတ် ၂၂ရက် နောက်ပိုင်းမှာအချစ်နဲ့ ဆက်ဆံရေးကောင်းဖို့ သတိလေးထားဖို့တော့ လိုပါလိမ့်မယ်။ Single ယောင်းတို့အတွက် အချစ်နဲ့ တွေ့ဖို့အခွင့်အလမ်းတွေများပြီး တူရာသီ (Libra) ဖွားတွေက အကောင်းဆုံးမိတ်ဖက်ပါတဲ့။

 🌠 ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

ဒီရာသီဖွားယောင်းတို့အတွက် စိတ်မကောင်းစရာက အချစ်နဲ့ပြတ်စဲဖို့ အခွင့်အလမ်းများနေတဲ့ကာလဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကတိစကားတွေ မတည်နိုင်တဲ့ ကာလလည်း ဖြစ်နေမှာပါ။ ဆင်ဂယ်လ်ယောင်းတို့ကတော့ အချစ်နဲ့တွေ့ဖို့အားသန်နေတဲ့ ကာလလည်းဖြစ်ပါတယ်။

🌠 မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

အိမ်ထောင်ဖက် ဒါမှမဟုတ် အချစ်ရှိတဲ့ယောင်းတို့ကတော့ သြဂုတ်လ ၂၃ရက်နေ့မတိုင်ခင်အထိ အချစ်ရေးမှာ ကတောက်ကဆလေးတွေ မကြာမကြာရှိနေမှာဖြစ်ပြီး အဲဒီရက်လွန်ရင်တော့ သာယာပါလိမ့်မယ်။ အချစ်မရှိသေးတဲ့ ယောင်းတို့လည်း ဒီကာလအတွင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေဦးမှာပါ။ အချစ်ရေးနဲ့ပတ်သက်တဲ့ အရေးကြီးဆုံးဖြတ်ချက်မှန်သမျှကို သြဂုတ်လရက် ၃၀မတိုင်ခင်မှာ ပြုလုပ်သင့်ပါတယ်တဲ့ကွယ်..

🌠 ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

ဒီရာသီဖွားယောင်းတွေအတွက်တော့ အချစ်ရှိသူပဲဖြစ်ဖြစ်၊ မရှိသူပဲဖြစ်ဖြစ် အချစ်ရေးနဲ့ ပတ်သက်လာရင် အရမ်းတည်ငြိမ်တဲ့ ကာလပါတဲ့။ တည်ငြိမ်လွန်းလို့ ပျင်းဖို့တောင် ကောင်းသတဲ့လေ။ စိတ်လှုပ်ရှားစရာလည်းမရှိ၊ စိတ်ပျက်စရာလည်း မရှိ၊ ပျော်စရာလည်း မရှိ၊ စိတ်ညစ်စရာလည်း မရှိ ဘာမှမထူးခြားဘူးလို့ဆိုရမှာပေါ့။

🌠 သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

၂၀၁၈ သြဂုတ်လဟာတော့ သိဟ်ရာသီဖွား Single ယောင်းတို့ အရမ်းစွံတဲ့ ကာလဖြစ်ပါသတဲ့။ စွံပေမဲ့ Single ယောင်းတို့ ဒီလထဲမှာ တစ်စုံတစ်ယောက်ကို ကိုယ့်လက်တွဲဖော်အဖြစ် အတည်အတံ့ မရွေးချယ်သင့်တဲ့ကာလ ဖြစ်သတဲ့လေ။

🌠 ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

ကန်ရာသီဖွား Single ယောင်းတို့လည်း ဒီလမှာ အရမ်းစွံသလောက် အတည်အတံ့မရွေးချယ်သင့်တဲ့ ကာလပါတဲ့နော်။ ချစ်ချစ်ရှိတဲ့ ယောင်းတို့ကတော့ အချစ်ရေးမှာအဆင်မပြေမှုတွေနဲ့ကြုံရမှာပါ။ ဘာကြောင့်လဲဆိုတော့ လွပ်လပ်မှုကို ကိုယ်စီရှာချင်နေတဲ့အချိန်ဖြစ်လို့ပါ။ ဒါပေမဲ့အဆင်မပြေမှုတွေက အခိုက်အတန့်သက်သက်ပါတဲ့။

🌠 တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

တူရာသီဖွားယောင်းတို့တွေကတော့ ချစ်ချစ်နဲ့ နားလည်မှုတွေ ပိုမိုခိုင်မြဲတဲ့ကာလပါ။ တစ်ယောက်ကို တစ်ယောက်ချစ်ရုံမက ကတိသစ္စာတွေလည်း ပိုခိုင်မြဲလာကြပါတယ်တဲ့။ မိတ်ဆွေတွေကြားမှာ ရွှေလက်တွဲဆင်နွှဲရမယ့် ပျော်စရာပွဲလမ်းတွေလည်း ကြုံရဦးမှာပါ။ Single တွေလည်း အထူးစန်းပွင့်မယ့် ကာလပါတဲ့။

Related Article >>> ၂၀၁၈ ဇူလိုင်လအတွက် ရာသီခွင်အလိုက်ယောင်းတို့ရဲ့ ကံကြမ္မာ

🌠 ဗြိစ္ဆာရာသီ (Scorpio): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

Single ဖြစ်တဲ့ ဗြိစ္ဆာရာသီဖွားယောင်းတို့ကတော့ သြဂုတ်လအတွင်း ချစ်သူရကိန်းရှိပြီး သူက ယောင်းရဲ့အလုပ်ခွင်ထဲက သူပဲဖြစ်နိုင်ပါတယ်။ ဒါတင်မက ခပ်မြင့်မြင့်အဆင့်ရာထူးရှိတဲ့သူတွေထဲက တစ်ဦးလည်းဖြစ်နိုင်တာမို့ လုပ်ငန်းခွင်နဲ့ အစည်းအဝေးတွေ သွားရင် အလန်းစားသာပြင်ဆင်သွားတော့ယောင်းရေ .. 😛 နောက်ပြီး ဒီကာလအတွင်းမှာ တည်ထောင်ထားတဲ့ အချစ်ရေးဟာ အလွန်ခိုင်မြဲကိန်းရှိပါသတဲ့။ ဒါပေမဲ့ လက်တွဲဖော်ရှိပြီးသားသူနဲ့ ဆုံစည်းတတ်လို့ သတိထားနော်။

🌠 ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

ဓနုရာသီဖွားယောင်းတို့အတွက်ကတော့ ဒီလက အချစ်ရေးအထူးပဲ ကောင်းမွန်တဲ့ ကာလဖြစ်ပါသတဲ့။ အချစ်ရှိပြီးသား ယောင်းတို့အတွက် အချစ်ရေးမှာ တိုးတက်မှုတွေရှိပြီး ဆင်ဂယ်လ်ယောင်းတို့ကတော့ အချစ်နဲ့တွေ့ဖို့ အခွင့်အလမ်းတွေ များပြားတဲ့ကာလ ဖြစ်ပါသတဲ့လေ။

🌠 မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

အချစ်ရှိတဲ့ ယောင်းတို့အနေနဲ့ ဒီသြဂုတ်လမှာ အချစ်က စိတ်ဖိစီးမှုတွေများနေလို့ ကိုယ့်အချစ်ရေးကို ထိခိုက်စေတဲ့ ကာလပါ (မစိုးရိမ်ပါနဲ့၊ အချိန်တန်ရင်ပြေလည်မှာပါ) နောက်ထပ်အခက်အခဲကတော့ ကိုယ့်မိသားစုဝင်အကြီးအကဲတစ်ယောက်ယောက်က ကိုယ့်အချစ်ရေးကိုဝင်ရောက်စွက်ဖက်မယ့် ကိန်းရှိနေပါတယ်။ ဆင်ဂယ်လ်ယောင်းတို့ကတော့ အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ့်ဘက်က စသင့်ရင်တောင် စရမယ့်ကိန်းရှိပါသတဲ့။

🌠 ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

Single ယောင်းတို့ ဒီရာသီမှာ စွံတဲ့ကာလဖြစ်သလို ကိုယ့်စိတ်ကူးထဲက အချစ်ပုံရိပ်နဲ့ ထပ်တူကျသူကို ဆုံစည်းနိုင်မယ့် အခွင့်အလမ်းလည်း များပါတယ်။ ထူးခြားတာက အဝေးမှာရှိတဲ့သူနဲ့ ရေစက်ဆုံတတ်သလို အရင်က လုံးဝမသိခဲ့တဲ့ သူစိမ်းတစ်ယောက်နဲ့လည်း ချစ်သွားနိုင်တဲ့ ကံကြမ္မာရှိပါတယ်။ အချစ်ရှိတဲ့ ယောင်းတို့လည်း အချစ်နဲ့ ရွှေလက်တွဲပြီး ပွဲတက်ရမယ့်အခွင့်အရေးတွေရှိသလို မိဘဆွေမျိုးတွေအကြား မျက်နှာပွင့်မယ့်ကာလ ဖြစ်ပါတယ်။

🌠 မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

ဒီရာသီဖွား ယောင်းတွေကတော့ သြဂုတ်လမှာ အချစ်ရေးကံကောင်းသတဲ့။ ကောင်းဆို မိန်ရာသီဖွားတွေအတွက် အချစ်ဂြိုဟ် မာကျူရီအား ကောင်းတဲ့လ ဖြစ်သတဲ့လေ။ အချစ်ရှိသူယောင်းတို့ လက်ထပ်ရေးကိစ္စတွေ စဉ်းစားသင့်တဲ့လဖြစ်ပြီး အချစ်မရှိသေးတဲ့ယောင်းတို့ အချစ်တွေ့မယ့်ကာလလည်း ဖြစ်ပါသတဲ့။

အခုတော့ ယောင်းတို့ရဲ့ သြဂုတ်လအတွင်း အချစ်ရေး အခြေအနေတွေပါ။ ကံကြမ္မာဆိုတာ ဘယ်တော့မှ တရားသေမှတ်ယူလို့မရတာကြောင့် အမြဲသတိလေးနဲ့ နေထိုင်ပြုမူပါလို့ သတိပေးပါရစေနော် ….

ယောင်းတို့ပျော်ရွှင်ပါစေ

Credit: Sugar Cane  (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top