iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာ ေ႐ႊမႈန္ရတီကေတာ့ အ႐ြယ္နဲ႔မလိုက္ေအာင္ သ႐ုပ္ေဆာင္ဘက္ပိုင္းမွာ ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔မျခား ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္သူ ျဖစ္ပါတယ္။ စင္တင္မင္းသမီးအျဖစ္ ဗီဒီယိုကားေတြမ်ားစြာ ႐ိုက္ကူးေအာင္ျမင္လာခဲ့ရာမွ ႐ုပ္ရွင္ကားႀကီးေတြမွာပါ ဇာတ္႐ုပ္ကို သဘာဝက်က်နဲ႔ ေျပာင္ေျမာက္ေအာင္ ပုံေဖာ္ႏိုင္တာေၾကာင့္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိထားတဲ့ ႏိုင္ငံေက်ာ္မင္းသမီးေလးတစ္လက္ပဲ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ သဲက တစ္ေန႔တစ္ျခား အလွေတြပိုလာသလို ဆြဲေဆာင္မႈရွိရွိ ေခ်တတ္တဲ့ မ်က္ႏွာမ်ိဳးနဲ႔ ပရိသတ္အခ်စ္ကို အျပည့္အဝရယူထားႏိုင္ပါေသးတယ္။ လတ္တေလာမွာ သဲက ႐ုပ္ရွင္ကားေတြနဲ႔ photo shooting ေတြ႐ိုက္ကူးေနရၿပီး လက္ရွိမွာလည္း ႐ိုက္ကြင္းတစ္ခုအတြက္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိေနပါတယ္။ သဲက ဘန္ေကာက္ရဲ႕ညအလွေတြကို ခံစားေနရရင္းနဲ႔ နာမည္ႀကီး “Starbucks Coffee Shop “မွာ ေကာ္ဖီေသာက္ေနတဲ့ သူမရဲ႕အလွပုံေလးေတြကို တင္ထားတာ ေတြ႕ရပါတယ္။

သဲက “When I feel you in my heart ” ဆိုတဲ့ ကဗ်ာဆန္ဆန္ အခ်စ္စာသားေလးနဲ႔အတူ တစ္စုံတစ္ေယာက္ကို ေတြးရင္းလြမ္းေနတဲ့ သူမရဲ႕ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ ပန္းေရာင္ဝတ္စုံေလးနဲ႔ အခ်စ္ေတြတိုးေစေလာက္ေအာင္ လွေနတဲ့သဲက ျမင္သူတိုင္း ရင္ခုန္မိေစမွာ အမွန္ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ႀကီးလည္း မင္းသမီးေခ်ာေလး ေ႐ႊမႈန္ရတီရဲ႕ အခ်စ္စာသားေလးေတြနဲ႔ ႐ိုၾကည့္တာပါဆိုၿပီး တင္ထားတဲ့အလွပုံရိပ္ေလးေတြကို ရႈစားဖို႔ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source: Shwe Mhone Yati & Ye Hein ;

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်ကြီးရေ မင်းသမီးချော ရွှေမှုန်ရတီကတော့ အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ဘက်ပိုင်းမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့မခြား ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ စင်တင်မင်းသမီးအဖြစ် ဗီဒီယိုကားတွေများစွာ ရိုက်ကူးအောင်မြင်လာခဲ့ရာမှ ရုပ်ရှင်ကားကြီးတွေမှာပါ ဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပြောင်မြောက်အောင် ပုံဖော်နိုင်တာကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ နိုင်ငံကျော်မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သဲက တစ်နေ့တစ်ခြား အလှတွေပိုလာသလို ဆွဲဆောင်မှုရှိရှိ ချေတတ်တဲ့ မျက်နှာမျိုးနဲ့ ပရိသတ်အချစ်ကို အပြည့်အဝရယူထားနိုင်ပါသေးတယ်။ လတ်တလောမှာ သဲက ရုပ်ရှင်ကားတွေနဲ့ photo shooting တွေရိုက်ကူးနေရပြီး လက်ရှိမှာလည်း ရိုက်ကွင်းတစ်ခုအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပါတယ်။ သဲက ဘန်ကောက်ရဲ့ညအလှတွေကို ခံစားနေရရင်းနဲ့ နာမည်ကြီး “Starbucks Coffee Shop “မှာ ကော်ဖီသောက်နေတဲ့ သူမရဲ့အလှပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

သဲက “When I feel you in my heart ” ဆိုတဲ့ ကဗျာဆန်ဆန် အချစ်စာသားလေးနဲ့အတူ တစ်စုံတစ်ယောက်ကို တွေးရင်းလွမ်းနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ပန်းရောင်ဝတ်စုံလေးနဲ့ အချစ်တွေတိုးစေလောက်အောင် လှနေတဲ့သဲက မြင်သူတိုင်း ရင်ခုန်မိစေမှာ အမှန်ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ အချစ်စာသားလေးတွေနဲ့ ရိုကြည့်တာပါဆိုပြီး တင်ထားတဲ့အလှပုံရိပ်လေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati & Ye Hein ;

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top