iMyanmarHouse.com - Best Property Website for Myanmar
×

တႏိုင္ငံလံုးကို ဖိတ္ၿပီး ဘုရားထီးတင္မယ္ ဆိုတဲ့ Idol winner ၿဖိဳးျမတ္ေအာင္ (သို႔) ဆုေၾကးေငြရဲ႕ ၃ ပံု ၂ ပံု ကို လႉမည့္သူ

ပရိတ္သတ္ေတြရဲ႕ရင္ကို အသဲခိုက္ေအာင္ ေက်နပ္ပီတိျဖစ္ေစတဲ့ စကားပါပဲ။ လက္ရွိမွာေတာ့ ျမန္မာ Idol season 3 winner ဟာ ဟသၤာတက အေမ့အိမ္ေလးမွာ ေရာက္ရွိေနၿပီး ကုသိုလ္ေရးေတြ ဆက္တိုက္ကို လုပ္ေဆာင္ေနပါတယ္။

မေန႔ကလည္း ဟသၤာတ အေထြေထြေဆးရံုးႀက္ီးမွာ လူနာေတြကို အာဟာမ်ား ေကၽြးေမြးလႉဒါန္းခဲ့တယ္။ အဲ့ဒီေနာက္မွာ ပညာဥယ်ာဥ္​ စာၾကည္​့တုိက္​အတြက္​ အလႈဴ​ေငြမ်ား လႈဴဒါန္​းခဲ့ပါေသးတယ္။

ဒါ့အျပင္ မြန္ျမတ္လွတဲ့ ေသြးလႉဒါန္းျခင္းဒါနကိုလည္း အလုပ္ေတြမ်ားတဲ့ၾကားကေန လႉျဖစ္ေအာင္ လႉဒါန္းခဲ့ပါတယ္။ (ေဆးစစ္ခ်က္အရ က်န္းမာေရးလည္း ေကာင္းမြန္ပါတယ္) ၿဖိဳးျမတ္ေအာင္ဟာ ဒါေတြကိုၾကည့္ျခင္းအားျဖင့္ ခြန္အားဗလနဲ႔ ျပည့္စံုၿပီး ေပးကမ္းလႉဒါန္းျခင္းကို ဝါသနာႀကီးသူလို႔လည္း မွတ္ခ်က္ခ်လို႔ရပါတယ္။

ေလာဘေတြ လိုခ်င္တက္မက္မႈေတြ နဲတဲ့ ၿဖိဳးျမတ္ေအာင္ဟာ မိုးေလကင္းလြတ္တဲ့ တန္ေဆာင္မုန္းလေလာက္မွာ winner မျဖစ္ခင္ကတည္းက ရည္ရြယ္ထားေသာ ဘုရားထီတင္ျခင္းကို ျပဳလုပ္မည္ ျဖစ္ၿပီး တႏိုင္ငံလံုးကို ဖိတ္ကာ သူရရွိတဲ့ ဆုေငြကုန္ခ်င္ ကုန္သြားပါေစ တေပ်ာ္တပါးႀကီး လႉဒါန္းေကၽြးေမြးခ်င္တယ္လို႔ ဆိုလာပါတယ္။

လက္ရွိမွာေတာ့ ကိုယ့္အေရးကို ေဘးမွာ ခဏထားၿပီး အမ်ားအေရး ပရဟိတအေရးကို ဦးစားေပးေနတယ္လို႔ ဆိုပါတယ္။

ဆုေၾကးေငြအေပၚစီမံမႈမွာေတာ့ ဆံုေၾကးေငြရဲ႕ ၃ ပံု ၂ ပံုေလာက္ထိ လႉဒါန္းမယ္လို႔ ဆံုးျဖတ္ထားၿပီး က်န္တဲ့ ၁ ပံုကိုေတာ့ မိသာစုအတြက္ ဖယ္ထားခ်င္တယ္လို႔ ဆိုလာပါတယ္။ ဒီအခ်င္းအရာကို ၾကည့္ျခင္းအားျဖင့္ ၿဖိဳးျမတ္ေအာင္ဟာ ေလာဘနဲၿပီး ပရဟိတ အလႉဒါန္းမ်ားကို ဦးစားေပးသူလို႔ မွတ္ခ်က္ခ်မိပါတယ္။

မ်ိဳးေစ့မွန္လို႔ အပင္သန္တဲ့ မိခင္အတြက္ အားကိုးရတဲ့ သားပါပဲ။ ထိုကဲ့သို႔ေသာ စိတ္ဓာတ္ျဖင့္ ေရွ႕ဆက္သြားမည္ဆိုပါက ၁ ဆုပ္က်ဲ ၁ လွည္းဝင္ မည္ဆိုတဲ့ စကားလိုမ်ိဳး ေအာင္ျမင္တဲ့ ဂီတၾကယ္တပြင့္ ျဖစ္မွာ မလြဲဧကန္ပါပဲ။ အလႉအတန္းမ်ားအတြက္ သာဓု ေခၚပါတယ္။ သာဓု သာဓု သာဓု

Credit: MMCeLe
# Unicode Version ျဖင့္ ဖတ္ပါ #
တနိုင်ငံလုံးကို ဖိတ်ပြီး ဘုရားထီးတင်မယ် ဆိုတဲ့ Idol winner ဖြိုးမြတ်အောင် (သို့) ဆုကြေးငွေရဲ့ ၃ ပုံ ၂ ပုံ ကို လှူမည့်သူ

ပရိတ်သတ်တွေရဲ့ရင်ကို အသဲခိုက်အောင် ကျေနပ်ပီတိဖြစ်စေတဲ့ စကားပါပဲ။ လက်ရှိမှာတော့ မြန်မာ Idol season 3 winner ဟာ ဟင်္သာတက အမေ့အိမ်လေးမှာ ရောက်ရှိနေပြီး ကုသိုလ်ရေးတွေ ဆက်တိုက်ကို လုပ်ဆောင်နေပါတယ်။

မနေ့ကလည်း ဟင်္သာတ အထွေထွေဆေးရုံးြက်ီးမှာ လူနာတွေကို အာဟာများ ကျွေးမွေးလှူဒါန်းခဲ့တယ်။ အဲ့ဒီနောက်မှာ ပညာဥယျာဉ် စာကြည့်တိုက်အတွက် အလှုူငွေများ လှုူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် မွန်မြတ်လှတဲ့ သွေးလှူဒါန်းခြင်းဒါနကိုလည်း အလုပ်တွေများတဲ့ကြားကနေ လှူဖြစ်အောင် လှူဒါန်းခဲ့ပါတယ်။ (ဆေးစစ်ချက်အရ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်) ဖြိုးမြတ်အောင်ဟာ ဒါတွေကိုကြည့်ခြင်းအားဖြင့် ခွန်အားဗလနဲ့ ပြည့်စုံပြီး ပေးကမ်းလှူဒါန်းခြင်းကို ဝါသနာကြီးသူလို့လည်း မှတ်ချက်ချလို့ရပါတယ်။

လောဘတွေ လိုချင်တက်မက်မှုတွေ နဲတဲ့ ဖြိုးမြတ်အောင်ဟာ မိုးလေကင်းလွတ်တဲ့ တန်ဆောင်မုန်းလလောက်မှာ winner မဖြစ်ခင်ကတည်းက ရည်ရွယ်ထားသော ဘုရားထီတင်ခြင်းကို ပြုလုပ်မည် ဖြစ်ပြီး တနိုင်ငံလုံးကို ဖိတ်ကာ သူရရှိတဲ့ ဆုငွေကုန်ချင် ကုန်သွားပါစေ တပျော်တပါးကြီး လှူဒါန်းကျွေးမွေးချင်တယ်လို့ ဆိုလာပါတယ်။

လက်ရှိမှာတော့ ကိုယ့်အရေးကို ဘေးမှာ ခဏထားပြီး အများအရေး ပရဟိတအရေးကို ဦးစားပေးနေတယ်လို့ ဆိုပါတယ်။

ဆုကြေးငွေအပေါ်စီမံမှုမှာတော့ ဆုံကြေးငွေရဲ့ ၃ ပုံ ၂ ပုံလောက်ထိ လှူဒါန်းမယ်လို့ ဆုံးဖြတ်ထားပြီး ကျန်တဲ့ ၁ ပုံကိုတော့ မိသာစုအတွက် ဖယ်ထားချင်တယ်လို့ ဆိုလာပါတယ်။ ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် ဖြိုးမြတ်အောင်ဟာ လောဘနဲပြီး ပရဟိတ အလှူဒါန်းများကို ဦးစားပေးသူလို့ မှတ်ချက်ချမိပါတယ်။

မျိုးစေ့မှန်လို့ အပင်သန်တဲ့ မိခင်အတွက် အားကိုးရတဲ့ သားပါပဲ။ ထိုကဲ့သို့သော စိတ်ဓာတ်ဖြင့် ရှေ့ဆက်သွားမည်ဆိုပါက ၁ ဆုပ်ကျဲ ၁ လှည်းဝင် မည်ဆိုတဲ့ စကားလိုမျိုး အောင်မြင်တဲ့ ဂီတကြယ်တပွင့် ဖြစ်မှာ မလွဲဧကန်ပါပဲ။ အလှူအတန်းများအတွက် သာဓု ခေါ်ပါတယ်။ သာဓု သာဓု သာဓု

Credit: MMCeLe
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top