iMyanmarHouse.com - Best Property Website for Myanmar
×

ခပ္ေခ်ာေခ်ာ ေဘာ္ဒီခပ္မိုက္မိုက္နဲ႔ အဆိုေတာ္ နီနီခင္ေဇာ္ကိုေတာ့ အားလုံးလည္း သိၾကမွာပါ။ သူမကေတာ့ ခပ္လန္းလန္း သီခ်င္းေတြအျပင္ လုံးဝကို ပရိသတ္ေတြရင္ထဲကို ေရာက္တဲ့ သီခ်င္းေလးေတြကို ဆိုေနၾကျဖစ္ပါတယ္။ လက္ရွိမွာလည္း သူ႔ရဲ႕အသက္ ၂၇ ႏွစ္ျပည့္ေမြးေန႔ကို ေရာက္ရွိခဲ့ၿပီလည္း ျဖစ္ပါတယ္။ သူကေတာ့ သူ႔ေမြးေန႔အေၾကာင္း၊ အႏုပညာလႈပ္ရွားမႈအေၾကာင္းေတြကို ေျပာၾကားသြားခဲ့ၿပီး အခ်စ္ေရးနဲ႔ ပတ္သက္တာကိုလည္း ေျပာၾကားလာခဲ့ပါတယ္။

MC နဲ႔ အင္တာဗ်ဴးမွာေတာ့ နီနီခင္ေဇာ္က “အသက္ ၂၇ ႏွစ္ျပည့္ေမြးေန႔ပါ။ စိတ္ထဲမွာေတာ့ ဘာမွ ေထြေထြထူးထူး ေျပာစရာမရွိပါဘူး။ Surprise ေတြလည္း လာမလုပ္ၾကပါနဲ႔လို႔။ မေနတတ္ဘူး”

ဘယ္သူေတြ Surprise လုပ္ေပးၾကလဲဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ နီနီခင္ေဇာ္က “အထူးသျဖင့္ နီနီ Fan ေတြလုပ္ေပးၾကပါတယ္။ ဒါေပမဲ့သူတို႔က ကားေတြဘာေတြလည္း မေပးပါဘူး။ ဒီႏွစ္လုပ္ေပးမယ္ဆိုရင္ေတာ့ ေပးရင္လည္း ေပးလို႔ရပါတယ္။ ကားေတြဘာေတြေပးမွေတာ့ Surprise ျဖစ္မယ္ထင္တယ္။ က်န္တာေတြဆိုရင္ေတာ့ Surprise မျဖစ္ေလာက္ပါဘူး”

ႀကီးႀကီးမားမား Surprise ႀကဳံၿပီးၿပီလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “အခုခ်ိန္ထိေတာ့ ဘဝမွာ ႀကီးႀကီးမားမား Surprise ျဖစ္သြားတာေတာ့ မႀကံဳဖူးေသးပါဘူး။ အဲ့လိုမ်ိဳးမခံစားဖူးလို႔လားေတ့ာ မသိဘူး။ ႀကံဳေတာ့ မႀကံဳဖူးပါဘူး။ ဘယ္လိုလူမ်ိဳးကိုမွ မလုပ္ေစခ်င္ပါဘူး။ တကယ္တမ္းေတာ့ ဘဝမွာ Superise ရွိမွသာ လူတေယာက္အတြက္ ခ်စ္ျခင္း ေမတၱာေတြကို ျပသႏိုင္တာ မဟုတ္ဘူးေလ။ ကိုယ္လိုအပ္တဲ့အခ်ိန္မွာ ကူညီေပးတာကလည္း ေကာင္းတဲ့အရာပါပဲ။ တသက္လုံးေပ်ာက္ေနခဲ့ၿပီးမွ ေမြးေန႔မွ ေပၚလာၿပီး surprise လာလုပ္ေပးတာကလည္း မဟုတ္ေသးဘူးေလ”

Relationship နဲ႔ ပတ္သက္ၿပီး နီနီခင္ေဇာ္က “သမီးက ငယ္ပါေသးတယ္။ သမီးက အခုမွ ထိပ္ထားနဲ႔ အသက္တူတူပဲ ရွိေသးတာ။ ကေလးကိုဘာေတြေမးေနတာလဲ”

ေမြးေန႔မွာ ေပ်ာ္႐ႊင္မႈနဲ႔ ပတ္သက္ၿပီး “ေမြးေန႔မွာေတာ့ မေပ်ာ္ခ်င္ဘူး။ Happy Birthday ဆိုတဲ့တရက္ထဲမွာ မေပ်ာ္ေနခ်င္ပါဘူး။ တကယ္ေတာ့ ေမြးေန႔ဆိုတာက အသက္ႀကီးလာတာေလ။ ငယ္ငယ္ကေတာ့ ေပ်ာ္တာေပါ့။ ႀကီးလာေတာ့လည္း သိပ္ၿပီးေတာ့ မေပ်ာ္ေတာ့ဘူး။ အသက္ႀကီးသြားတာကို မေျပာခ်င္ဘူးေလ။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ေအးေအးေဆးေဆးပါပဲ။ ဘယ္ေရာက္ေနမွန္းေတာင္ မသိဘူး။ သူငယ္ခ်င္းေတြကလည္း တေယာက္မွ Surprise လာမလုပ္ၾကပါဘူး။ Surprise rဆိုတာလည္း မရွိပါဘူး။ ကိုယ္ကလည္းဘာမွ မလုပ္လို႔ထင္တယ္ ဘယ္သူမွလည္း အဖတ္မလုပ္ၾကပါဘူး”

ေမြးေန႔မွာ ဘာေတြလုပ္ဖို႔ အစီအစဥ္ရွိလဲ ဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ နီနီခင္ေဇာ္က “ေျပာၿပီးသားပါ။ ဘယ္သူ႔ကိုမွ မုန႔္မေကြၽးပါဘူး။ ဘာအစီအစဥ္မွလည္း မလုပ္ျဖစ္ပါဘူး။ ဒါေၾကာင့္ဘာမွလည္း လာမေတာင္းစားၾကပါနဲ႔။ ေမြးေန႔မွာလည္း ေပ်ာ္႐ႊင္ပါေစလို႔လာၿပီးေတာ့ ဆုမေတာင္းပါနဲ႔။ ေမြးေန႔မွာမွ မဟုတ္ပါဘူး ပရိသတ္ေတြေပးတဲ့ ခ်စ္ျခင္းေမတၱာနဲ႔ အၿမဲတမ္းေပ်ာ္႐ႊင္ခ်င္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

credit : nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ခပ်ချောချော ဘော်ဒီခပ်မိုက်မိုက်နဲ့ အဆိုတော် နီနီခင်ဇော်ကိုတော့ အားလုံးလည်း သိကြမှာပါ။ သူမကတော့ ခပ်လန်းလန်း သီချင်းတွေအပြင် လုံးဝကို ပရိသတ်တွေရင်ထဲကို ရောက်တဲ့ သီချင်းလေးတွေကို ဆိုနေကြဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့အသက် ၂၇ နှစ်ပြည့်မွေးနေ့ကို ရောက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ သူကတော့ သူ့မွေးနေ့အကြောင်း၊ အနုပညာလှုပ်ရှားမှုအကြောင်းတွေကို ပြောကြားသွားခဲ့ပြီး အချစ်ရေးနဲ့ ပတ်သက်တာကိုလည်း ပြောကြားလာခဲ့ပါတယ်။

MC နဲ့ အင်တာဗျူးမှာတော့ နီနီခင်ဇော်က “အသက် ၂၇ နှစ်ပြည့်မွေးနေ့ပါ။ စိတ်ထဲမှာတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ Surprise တွေလည်း လာမလုပ်ကြပါနဲ့လို့။ မနေတတ်ဘူး”

ဘယ်သူတွေ Surprise လုပ်ပေးကြလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ နီနီခင်ဇော်က “အထူးသဖြင့် နီနီ Fan တွေလုပ်ပေးကြပါတယ်။ ဒါပေမဲ့သူတို့က ကားတွေဘာတွေလည်း မပေးပါဘူး။ ဒီနှစ်လုပ်ပေးမယ်ဆိုရင်တော့ ပေးရင်လည်း ပေးလို့ရပါတယ်။ ကားတွေဘာတွေပေးမှတော့ Surprise ဖြစ်မယ်ထင်တယ်။ ကျန်တာတွေဆိုရင်တော့ Surprise မဖြစ်လောက်ပါဘူး”

ကြီးကြီးမားမား Surprise ကြုံပြီးပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “အခုချိန်ထိတော့ ဘဝမှာ ကြီးကြီးမားမား Surprise ဖြစ်သွားတာတော့ မကြုံဖူးသေးပါဘူး။ အဲ့လိုမျိုးမခံစားဖူးလို့လားတေ့ာ မသိဘူး။ ကြုံတော့ မကြုံဖူးပါဘူး။ ဘယ်လိုလူမျိုးကိုမှ မလုပ်စေချင်ပါဘူး။ တကယ်တမ်းတော့ ဘဝမှာ Superise ရှိမှသာ လူတယောက်အတွက် ချစ်ခြင်း မေတ္တာတွေကို ပြသနိုင်တာ မဟုတ်ဘူးလေ။ ကိုယ်လိုအပ်တဲ့အချိန်မှာ ကူညီပေးတာကလည်း ကောင်းတဲ့အရာပါပဲ။ တသက်လုံးပျောက်နေခဲ့ပြီးမှ မွေးနေ့မှ ပေါ်လာပြီး surprise လာလုပ်ပေးတာကလည်း မဟုတ်သေးဘူးလေ”

Relationship နဲ့ ပတ်သက်ပြီး နီနီခင်ဇော်က “သမီးက ငယ်ပါသေးတယ်။ သမီးက အခုမှ ထိပ်ထားနဲ့ အသက်တူတူပဲ ရှိသေးတာ။ ကလေးကိုဘာတွေမေးနေတာလဲ”

မွေးနေ့မှာ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး “မွေးနေ့မှာတော့ မပျော်ချင်ဘူး။ Happy Birthday ဆိုတဲ့တရက်ထဲမှာ မပျော်နေချင်ပါဘူး။ တကယ်တော့ မွေးနေ့ဆိုတာက အသက်ကြီးလာတာလေ။ ငယ်ငယ်ကတော့ ပျော်တာပေါ့။ ကြီးလာတော့လည်း သိပ်ပြီးတော့ မပျော်တော့ဘူး။ အသက်ကြီးသွားတာကို မပြောချင်ဘူးလေ။ ပြီးခဲ့တဲ့နှစ်ကလည်း အေးအေးဆေးဆေးပါပဲ။ ဘယ်ရောက်နေမှန်းတောင် မသိဘူး။ သူငယ်ချင်းတွေကလည်း တယောက်မှ Surprise လာမလုပ်ကြပါဘူး။ Surprise rဆိုတာလည်း မရှိပါဘူး။ ကိုယ်ကလည်းဘာမှ မလုပ်လို့ထင်တယ် ဘယ်သူမှလည်း အဖတ်မလုပ်ကြပါဘူး”

မွေးနေ့မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ နီနီခင်ဇော်က “ပြောပြီးသားပါ။ ဘယ်သူ့ကိုမှ မုန့်မကျွေးပါဘူး။ ဘာအစီအစဉ်မှလည်း မလုပ်ဖြစ်ပါဘူး။ ဒါကြောင့်ဘာမှလည်း လာမတောင်းစားကြပါနဲ့။ မွေးနေ့မှာလည်း ပျော်ရွှင်ပါစေလို့လာပြီးတော့ ဆုမတောင်းပါနဲ့။ မွေးနေ့မှာမှ မဟုတ်ပါဘူး ပရိသတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ အမြဲတမ်းပျော်ရွှင်ချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

credit : nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top