iMyanmarHouse.com - Best Property Website for Myanmar
×

ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ေလာေလာဆယ္မွာ Final တက္သြားၿပီျဖစ္တဲ့ Myanmar Idol ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ပါတယ္။ ခ်စ္စဖြယ္အမူအရာေလးေတြနဲ႔ ျပတ္သားစူးရွတဲ့အသံေလးေၾကာင့္ ပရိသတ္အမ်ားစုက သည္းသည္းလႈပ္ခ်စ္တာခံရတဲ့ ေမာင္ခ်ိဳေလးလည္းျဖစ္ပါတယ္။ သို႔ေသာ္ျငားလည္း ၿပီးခဲ့တဲ့ ပြဲစဥ္ေတြမွာ သီခ်င္းစာသားေမ့တာ၊ေက်ာ္ခ်သြားတာလိုမ်ိဳး အမွားအယြင္းေလးေတြ အနည္းငယ္ရွိခဲ့တာေတြေၾကာင့္ အခ်ိဳ႕ေသာပရိသတ္ေတြရဲ႕ စိတ္ခုမႈကိုခံေနရပါေသးတယ္။ ဒါေပမယ့္ ေမာင္ခ်ိဳက သူ႔ကိုဘယ္သူေတြဘာေျပာျပာ အၿမဲတမ္းအားတင္းထားၿပီး အစြမ္းကုန္ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္းကို ပရိသတ္ေတြ စိတ္ခ်ႏို္င္ေစဖို႔ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာ Facebook မွာ Posts တင္ၿပီးကတိေပးေျပာၾကားထားပါတယ္္။

ေမာင္ခ်ိဳက ေက်းဇူးတင္ရမယ့္သူေတြကိုေက်းဇူးတင္ေၾကာင္းကိုအရင္ဆုံး “ပထမဦးစြာ သမီးကို Grand final ထိေရာက္ေအာင္တြန္းပို႔ေပးခဲ့တဲ့ ခ်စ္တဲ့ပရိသတ္ႀကီးႏွင့္အတူ ၿပိဳင္ပြဲျဖစ္ေျမာက္ေအာင္ လုပ္ေပးခဲ့ၿပီး အစစအရာရာ လိုေလေသးမရွိေအာင္ ဂ႐ုစိုက္ေပးေသာအမမမီး Myanmar Idol မွလူႀကီးမ်ားဝန္ထမ္းမ်ား ကိုေရာသီခ်င္းမ်ားကိုအေသးစိတ္ စိတ္ပူၿပီးသင္ၾကားေပးတဲ့ ဆရာနဲ႔ဆရာမကိုေရာ အိမ္ကေနဆုေတာင္းေပးခဲ့တဲ့ေမႀကီးကိုေရာ အေဝးေရာက္ေနတဲ့ေဖႀကီးကိုေရာ သမီးဒီေနရာကေန ကန္ေတာ့လိုက္ပါတယ္”လို႔ ေရးသားထားၿပီး

ဘယ္လိုပဲျဖစ္ျဖစ္စိတ္ကိုေလွ်ာ့ထားတာေၾကာင့္ result ရတဲ့အခ်ိန္မွာ shocked ရသြားေၾကာင္းကိုလည္း “အားလုံးကိုသမီးေၾကာင့္ဂုဏ္ယူရေစခ်င္တယ္ တကယ့္စိတ္ရင္းပါ သမီးစိတ္ထဲမွာ တခါမွ ငါႏိုင္ကိုႏိုင္ရမယ္လို႔ မေတြးခဲ့ဘူးပါဘူး ဒါမဲ့ အရင္အပတ္က ေမာင္ခ်ိဳကို ဒီအပတ္ေမာင္ခ်ိဳ ႏိုင္ရမယ္ဆိုတဲ့စိတ္ေတာ့ သမီးအပတ္တိုင္းထားပါတယ္ သမီးတကယ္စိတ္ကိုေလွ်ာ့ထားတာပါ ဒါေၾကာင့္လဲ result ရတဲ့အခ်ိန္မွာေတာ္ေတာ္ shocked ရသြားတယ္ ပီးေတာ့ငါ့ကိုေတာ္ေတာ္ခ်စ္ၾကတဲ့ ပရိသတ္ႀကီးပါလားဆိုပီး ေတြးမိတယ္ သမီးဘာလုပ္လုပ္ သမီးလုပ္လိုက္တဲ့အျပဳအမူတိုင္းက သမီးကိုခ်စ္တဲ့ ပရိသတ္ႀကီးအေပၚသက္ေရာက္လို႔ သမီးအတတ္ႏိုင္ဆုံး အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားပါ့မယ္”လို႔ ေျပာျပထားပါတယ္။

ဒါ့အျပင္ ပင္ပန္းလို႔စိတ္ဓာတ္ေတြက်ေပမယ့္ ကိုယ္ထူကိုယ္ထ ကိုယ့္ဘာသာအားျပန္တင္းရေၾကာင္းကို ေမာင္ခ်ိဳက “ေမ ေရာ ေဖ ေရာ အမ်ိဳးေတြလဲပင္ပန္းေနပီ သမီးလဲပင္ပန္းေနပါပီ .. ဒါမဲ့ ၿပိဳင္ပြဲကမပီးေသးဘူးေလ ကိုယ့္ကို ဒီေနရာေရာက္ေစခ်င္တဲ့သူေတြ ရွိေနေသးလို႔ ကိုယ္ဒီေနရာကိုေရာက္ခဲ့ပီးပီပဲ ဘာလို႔ဒီေနရာေရာက္မွ အားေလွ်ာ့လိုက္မွာလဲျပန္ေတြးၿပီး ကိုယ့္ဘာသာကိုယ္ျပန္ထူတယ္ စိတ္ျပန္တင္းတယ္ ဘယ္သူဘာေျပာေျပာလုပ္စရာရွိတာေတာ့ဆက္လုပ္ရမွာပဲေလ … အဲ့ေတာ့ စိတ္ဓာတ္က်ေနလဲ ဘယ္သူမွဘာမွလာမလုပ္ေပးႏိုင္ဘူး အဲ့ေတာ့ အခုလာမဲ့ Grand Final မွာအေကာင္းဆုံး အမွားအယြင္းမပါပဲ သီဆိုေဖ်ာ္ေျဖပါ့မယ္ သမီးကိုအားေပးတဲ့ ပရိသတ္ႀကီး အားေပးရက်ိဳးနပ္ေအာင္ သမီးအားေပးတာေနာင္တမရရေစေအာင္သမီးႀကိဳးစားမယ္ တေန႔ေန႔တခ်ိန္ခ်ိန္မွာ သမီးကိုအားေပးတဲ့ ပရိသတ္ႀကီးအတြက္ သီခ်င္းေတြအမ်ားႀကီးဖန္တီးသီဆိုၿပီး ေက်းဇူးဆပ္ပါမယ္ ေနေကာင္းေအာင္လဲ ႀကိဳးစားေနပါမယ္” လို႔ ပရိသတ္ႀကီးစိတ္မပူရေအာင္လည္း ကတိေတြေပးထားပါေသးတယ္။

ေမာင္ခ်ိဳေလးက winner ရတာမရတာထက္ ပရိသတ္ရင္ထဲကိုေရာက္သြားဖို႔သာ ဆႏၵရွိေၾကာင္းကိုလည္း “Final ရလဒ္ဘာပဲရရ သမီးကေတာ့ သမီးသီဆိုလိုက္တဲ့သီခ်င္းေလး ပရိသတ္ႀကီးရင္ထဲေရာက္သြားတယ္ဆို ေက်နပ္ပါတယ္ သမီးအားတင္းထားပါတယ္ စိတ္မပူၾကပါနဲ႔ စိတ္ဓာတ္လဲမက်ပါဘူး အားေမြးေနပါတယ္ အားလုံးကိုခ်စ္တယ္ ေက်းဇူးလည္းတင္ပါတယ္ Final မွာသမီးအေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသီဆိုပါမယ္I Love You All” ဆိုတဲ့စာေလးနဲ႔ ေအးခ်မ္းလွတဲ့သေဘာထားကို ေဖာ္ျပထားပါတယ္။

႔ပရိသတ္ႀကီးထဲမွာေရာ ေမာင္ခ်ိဳေလးကို vote ေပးမယ့္ ပရိသတ္ေတြရွိလား။ ခ်စ္တဲ့ေမာင္ခ်ိဳေလး ေပ်ာ္႐ႊင္ရေအာင္ အတူတူ vote ေပးၾကမယ္ေနာ္။

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ချမ်းမြေ့မောင်ချိုကတော့ လောလောဆယ်မှာ Final တက်သွားပြီဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပြတ်သားစူးရှတဲ့အသံလေးကြောင့် ပရိသတ်အများစုက သည်းသည်းလှုပ်ချစ်တာခံရတဲ့ မောင်ချိုလေးလည်းဖြစ်ပါတယ်။ သို့သော်ငြားလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ သီချင်းစာသားမေ့တာ၊ကျော်ချသွားတာလိုမျိုး အမှားအယွင်းလေးတွေ အနည်းငယ်ရှိခဲ့တာတွေကြောင့် အချို့သောပရိသတ်တွေရဲ့ စိတ်ခုမှုကိုခံနေရပါသေးတယ်။ ဒါပေမယ့် မောင်ချိုက သူ့ကိုဘယ်သူတွေဘာပြောပြာ အမြဲတမ်းအားတင်းထားပြီး အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ကြောင်းကို ပရိသတ်တွေ စိတ်ချနိုင်စေဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ Facebook မှာ Posts တင်ပြီးကတိပေးပြောကြားထားပါတယ်။

မောင်ချိုက ကျေးဇူးတင်ရမယ့်သူတွေကိုကျေးဇူးတင်ကြောင်းကိုအရင်ဆုံး “ပထမဦးစွာ သမီးကို Grand final ထိရောက်အောင်တွန်းပို့ပေးခဲ့တဲ့ ချစ်တဲ့ပရိသတ်ကြီးနှင့်အတူ ပြိုင်ပွဲဖြစ်မြောက်အောင် လုပ်ပေးခဲ့ပြီး အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးသောအမမမီး Myanmar Idol မှလူကြီးများဝန်ထမ်းများ ကိုရောသီချင်းများကိုအသေးစိတ် စိတ်ပူပြီးသင်ကြားပေးတဲ့ ဆရာနဲ့ဆရာမကိုရော အိမ်ကနေဆုတောင်းပေးခဲ့တဲ့မေကြီးကိုရော အဝေးရောက်နေတဲ့ဖေကြီးကိုရော သမီးဒီနေရာကနေ ကန်တော့လိုက်ပါတယ်”လို့ ရေးသားထားပြီး

ဘယ်လိုပဲဖြစ်ဖြစ်စိတ်ကိုလျှော့ထားတာကြောင့် result ရတဲ့အချိန်မှာ shocked ရသွားကြောင်းကိုလည်း “အားလုံးကိုသမီးကြောင့်ဂုဏ်ယူရစေချင်တယ် တကယ့်စိတ်ရင်းပါ သမီးစိတ်ထဲမှာ တခါမှ ငါနိုင်ကိုနိုင်ရမယ်လို့ မတွေးခဲ့ဘူးပါဘူး ဒါမဲ့ အရင်အပတ်က မောင်ချိုကို ဒီအပတ်မောင်ချို နိုင်ရမယ်ဆိုတဲ့စိတ်တော့ သမီးအပတ်တိုင်းထားပါတယ် သမီးတကယ်စိတ်ကိုလျှော့ထားတာပါ ဒါကြောင့်လဲ result ရတဲ့အချိန်မှာတော်တော် shocked ရသွားတယ် ပီးတော့ငါ့ကိုတော်တော်ချစ်ကြတဲ့ ပရိသတ်ကြီးပါလားဆိုပီး တွေးမိတယ် သမီးဘာလုပ်လုပ် သမီးလုပ်လိုက်တဲ့အပြုအမူတိုင်းက သမီးကိုချစ်တဲ့ ပရိသတ်ကြီးအပေါ်သက်ရောက်လို့ သမီးအတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် ပင်ပန်းလို့စိတ်ဓာတ်တွေကျပေမယ့် ကိုယ်ထူကိုယ်ထ ကိုယ့်ဘာသာအားပြန်တင်းရကြောင်းကို မောင်ချိုက “မေ ရော ဖေ ရော အမျိုးတွေလဲပင်ပန်းနေပီ သမီးလဲပင်ပန်းနေပါပီ .. ဒါမဲ့ ပြိုင်ပွဲကမပီးသေးဘူးလေ ကိုယ့်ကို ဒီနေရာရောက်စေချင်တဲ့သူတွေ ရှိနေသေးလို့ ကိုယ်ဒီနေရာကိုရောက်ခဲ့ပီးပီပဲ ဘာလို့ဒီနေရာရောက်မှ အားလျှော့လိုက်မှာလဲပြန်တွေးပြီး ကိုယ့်ဘာသာကိုယ်ပြန်ထူတယ် စိတ်ပြန်တင်းတယ် ဘယ်သူဘာပြောပြောလုပ်စရာရှိတာတော့ဆက်လုပ်ရမှာပဲလေ … အဲ့တော့ စိတ်ဓာတ်ကျနေလဲ ဘယ်သူမှဘာမှလာမလုပ်ပေးနိုင်ဘူး အဲ့တော့ အခုလာမဲ့ Grand Final မှာအကောင်းဆုံး အမှားအယွင်းမပါပဲ သီဆိုဖျော်ဖြေပါ့မယ် သမီးကိုအားပေးတဲ့ ပရိသတ်ကြီး အားပေးရကျိုးနပ်အောင် သမီးအားပေးတာနောင်တမရရစေအောင်သမီးကြိုးစားမယ် တနေ့နေ့တချိန်ချိန်မှာ သမီးကိုအားပေးတဲ့ ပရိသတ်ကြီးအတွက် သီချင်းတွေအများကြီးဖန်တီးသီဆိုပြီး ကျေးဇူးဆပ်ပါမယ် နေကောင်းအောင်လဲ ကြိုးစားနေပါမယ်” လို့ ပရိသတ်ကြီးစိတ်မပူရအောင်လည်း ကတိတွေပေးထားပါသေးတယ်။

မောင်ချိုလေးက winner ရတာမရတာထက် ပရိသတ်ရင်ထဲကိုရောက်သွားဖို့သာ ဆန္ဒရှိကြောင်းကိုလည်း “Final ရလဒ်ဘာပဲရရ သမီးကတော့ သမီးသီဆိုလိုက်တဲ့သီချင်းလေး ပရိသတ်ကြီးရင်ထဲရောက်သွားတယ်ဆို ကျေနပ်ပါတယ် သမီးအားတင်းထားပါတယ် စိတ်မပူကြပါနဲ့ စိတ်ဓာတ်လဲမကျပါဘူး အားမွေးနေပါတယ် အားလုံးကိုချစ်တယ် ကျေးဇူးလည်းတင်ပါတယ် Final မှာသမီးအကောင်းဆုံးဖြစ်အောင် ကြိုးစားသီဆိုပါမယ်I Love You All” ဆိုတဲ့စာလေးနဲ့ အေးချမ်းလှတဲ့သဘောထားကို ဖော်ပြထားပါတယ်။

့ပရိသတ်ကြီးထဲမှာရော မောင်ချိုလေးကို vote ပေးမယ့် ပရိသတ်တွေရှိလား။ ချစ်တဲ့မောင်ချိုလေး ပျော်ရွှင်ရအောင် အတူတူ vote ပေးကြမယ်နော်။

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top