iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ႀကီးမိုင္က သူ႕သမီးရတနာမိုင္ဟာ လူဝင္စားသမီးေလးျဖစ္ေၾကာင္း ဝင္စားသူကလည္း ေရနစ္ေသဆံုးသြားတဲ့ သူ႔သားေလးျဖစ္တယ္လို႕ေျပာပါတယ္။ သူမရွိခိုက္မွာ သားေလးက ေရကူးသြားရင္ ေသဆံုးသြားခဲ့တာျဖစ္လို႕ ဒီအျဖစ္အပ်က္အတြက္ သူ႕မွာရင္ထုမနာခံစားေၾကကြဲခဲ့ရပါတယ္။ အခုေတာ့ သူ႕ သားေလးက သူ႕တို႕ထံကို သမီးေလးအျဖစ္ျပန္လာၿပီး သူတို႕ဇနီးေမာင္ႏွံႏွစ္ေယာက္ကို လုပ္ေကြၽးျပဳစုေပးေနတဲ့ သမီးလိမၼာေလးအျဖစ္ျပန္လည္ေရာက္ရွိေနတယ္လို႕ေျပာပါတယ္။

“ေရမကူးခိုင္းဘူး။ သူမ်ားေတြက မိုင္ေလး အရပ္ပုတာ ေရကူးခိုင္းပါလားေျပာၾကတယ္ ။အန္တီကေတာ့ ေရမကူးခိုင္းဘူး။ ဘာလို႔လဲဆိုေတာ့ အန္တီတို႕ နဲ႕သိတဲ့ ပညာရွိဆရာတစ္ေယာက္က သူ႕ကိုေရနဲ႔ပတ္သက္ၿပီး မလုပ္ခိုင္းနဲ႔တဲ့။

ဘာလို႔ဆို သူက သားဝင္စားေနတာျဖစ္လို႔ေလ။ အန္တီကို႔သားကလည္း အိမ္မက္ေပးတယ္ ေမေမသားျပန္လာ မယ္ေနာ္။ ေမေမတို႔ဆီျပန္လာၿပီး လုပ္ေကြၽးမယ္လို႕ေျပာေျပာေနတာေတြကို အၿမဲအိပ္ မက္မက္တယ္။ ေနာက္ၿပီး လက္မွာလဲ သူဆံုးတုန္းက လက္မွာ အမွတ္ မွတ္ေပးလုိက္တာပါလာတယ္။ ဒါမ်ိဳးေတြကို အယံုအၾကည္မရွိေပမယ့္ လက္ေတြ႕မို႕ယံုၾကည္တယ္”လို႕ ေျပာျပပါတယ္။ ဒီ့အျပင္ သမီးရတနာ မိုင္ရဲ႕ထူးဆန္းတဲ့အေၾကာင္းအရာတစ္ခုကိုလည္း အဆိုေတာ္ႀကီး မိုင္က . . .

“သမီးကို ပညာရွိဆရာတစ္ေယာက္က ေျပာထားခဲ့တာရွိတယ္။ အခုေတာ့ ဆရာမရွိေတာ့ပါဘူး။ ဒီကေလးက အၿမဲတမ္းႏုပ်ိဳေနမွာ တဲ့။ ထူးျခားတယ္တဲ့။ အသက္ ၄ဝ အထိကို ဒီ႐ုပ္က ဒီ႐ုပ္ပဲလုိ႕ ေျပာတယ္။ ေနာက္ၿပီးေတာ့ သူကတစ္ခုခုဆိုႀကိဳသိတတ္တာရွိ တယ္။ သူေျပာရင္မွန္တယ္။ ကိုယ္ကေတာင္မဟုတ္ပါဘူး သမီး ရယ္လို႕ေျပာရင္။ သူကအေမၾကည့္ထားေနာ္။

ဟုတ္မွာလို႔ေျပာ တယ္။ တကယ္လည္းသူေျပာတဲ့အတိုင္းျဖစ္လာတယ္။ ဟုတ္လာ တယ္”လို႕ ေျပာျပခဲ့ပါတယ္။ ရတနာမိုင္ဟာ မိဘေတြကို သူတက္ ကြၽမ္းတဲ့ အႏုပညာတစ္ခုတည္းနဲ႕ မိဘေတြကို လုပ္ေကြၽးျပဳစုေန တဲ့သမီးလိမၼာေလး ျဖစ္ပါတယ္။

Source : popular journal

Credit: swelsonenews
# Unicode version ျဖင့္ ဖတ္ပါ #
အဆိုတော်ကြီးမိုင်က သူ့သမီးရတနာမိုင်ဟာ လူဝင်စားသမီးလေးဖြစ်ကြောင်း ဝင်စားသူကလည်း ရေနစ်သေဆုံးသွားတဲ့ သူ့သားလေးဖြစ်တယ်လို့ပြောပါတယ်။ သူမရှိခိုက်မှာ သားလေးက ရေကူးသွားရင် သေဆုံးသွားခဲ့တာဖြစ်လို့ ဒီအဖြစ်အပျက်အတွက် သူ့မှာရင်ထုမနာခံစားကြေကွဲခဲ့ရပါတယ်။ အခုတော့ သူ့ သားလေးက သူ့တို့ထံကို သမီးလေးအဖြစ်ပြန်လာပြီး သူတို့ဇနီးမောင်နှံနှစ်ယောက်ကို လုပ်ကျွေးပြုစုပေးနေတဲ့ သမီးလိမ္မာလေးအဖြစ်ပြန်လည်ရောက်ရှိနေတယ်လို့ပြောပါတယ်။

“ရေမကူးခိုင်းဘူး။ သူများတွေက မိုင်လေး အရပ်ပုတာ ရေကူးခိုင်းပါလားပြောကြတယ် ။အန်တီကတော့ ရေမကူးခိုင်းဘူး။ ဘာလို့လဲဆိုတော့ အန်တီတို့ နဲ့သိတဲ့ ပညာရှိဆရာတစ်ယောက်က သူ့ကိုရေနဲ့ပတ်သက်ပြီး မလုပ်ခိုင်းနဲ့တဲ့။

ဘာလို့ဆို သူက သားဝင်စားနေတာဖြစ်လို့လေ။ အန်တီကို့သားကလည်း အိမ်မက်ပေးတယ် မေမေသားပြန်လာ မယ်နော်။ မေမေတို့ဆီပြန်လာပြီး လုပ်ကျွေးမယ်လို့ပြောပြောနေတာတွေကို အမြဲအိပ် မက်မက်တယ်။ နောက်ပြီး လက်မှာလဲ သူဆုံးတုန်းက လက်မှာ အမှတ် မှတ်ပေးလိုက်တာပါလာတယ်။ ဒါမျိုးတွေကို အယုံအကြည်မရှိပေမယ့် လက်တွေ့မို့ယုံကြည်တယ်”လို့ ပြောပြပါတယ်။ ဒီ့အပြင် သမီးရတနာ မိုင်ရဲ့ထူးဆန်းတဲ့အကြောင်းအရာတစ်ခုကိုလည်း အဆိုတော်ကြီး မိုင်က . . .

“သမီးကို ပညာရှိဆရာတစ်ယောက်က ပြောထားခဲ့တာရှိတယ်။ အခုတော့ ဆရာမရှိတော့ပါဘူး။ ဒီကလေးက အမြဲတမ်းနုပျိုနေမှာ တဲ့။ ထူးခြားတယ်တဲ့။ အသက် ၄ဝ အထိကို ဒီရုပ်က ဒီရုပ်ပဲလို့ ပြောတယ်။ နောက်ပြီးတော့ သူကတစ်ခုခုဆိုကြိုသိတတ်တာရှိ တယ်။ သူပြောရင်မှန်တယ်။ ကိုယ်ကတောင်မဟုတ်ပါဘူး သမီး ရယ်လို့ပြောရင်။ သူကအမေကြည့်ထားနော်။

ဟုတ်မှာလို့ပြော တယ်။ တကယ်လည်းသူပြောတဲ့အတိုင်းဖြစ်လာတယ်။ ဟုတ်လာ တယ်”လို့ ပြောပြခဲ့ပါတယ်။ ရတနာမိုင်ဟာ မိဘတွေကို သူတက် ကျွမ်းတဲ့ အနုပညာတစ်ခုတည်းနဲ့ မိဘတွေကို လုပ်ကျွေးပြုစုနေ တဲ့သမီးလိမ္မာလေး ဖြစ်ပါတယ်။

Source : popular journal

Credit: swelsonenews
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top