iMyanmarHouse.com - Best Property Website for Myanmar
×











Credit: တံခွန်
# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင် အိစိကွေးဟာဆိုရင် လူငယ်တစ်ဦးပီပီ အနုပညာလှုပ်ရှားမှုပိုင်းမှာ သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိလှတဲ့ သူလေးတစ်ယောက်ပါ။

အသက်အရွယ်ငယ်ပေမယ့်လည်း ဆွဲဆောင်မှုရှိပြီး ပီပြင်တဲ့ အနုပညာပြကွက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ပြသနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို လက်ခံရရှိထားခဲ့တာပဲဖြစ်ပါတယ်။

အနုပညာအလုပ်လုပ်ရင်း ပျော်ရွှင်နေခဲ့တဲ့ အိစိလေးကတော့ ယခုဆိုရင် အနုပညာလောကမှာ သူ့အတွက် နေရာတစ်နေရာကို အပိုင်စားရရှိထားခဲ့ပြီး နာမည်တစ်လုံးကို ထင်ကျန်စေခဲ့တဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်

ပီပြင်အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေကို ပြသနေတဲ့ အိစိနဲ့ ဟန်နာတို့ရဲ့ပုံရိပ်

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အိစိကွေးကတော့ ” အလွမ်းရဲ့အရသာ ” MTVကို မိတ်ကပ်ပညာရှင်လေး ဟန်နာယူရီနဲ့အတူ စက်တင်ဘာ ၁၅ရက်နေ့မှာ ရိုက်ကူးပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။

ထိုသို့ ရိုက်ကူးပြီးခဲ့ပေမယ့်လည်း အိစိလေးကတော့ ” အလွမ်းရဲ့အရသာ Behind the scene . Are u ready for teaser?” ဆိုတဲ့ စာသားလေးနဲ့ ရိုက်ကွင်းပေါ်က နောက်ခံပုံရိပ်လေးတွေကို သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အိစိနဲ့ ဟန်နာတို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်လေးလှလှလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်

ပီပြင်ပိုင်နိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ဆက်လက်သရုပ်ဆောင် ရိုက်ကူးပေးနေတဲ့ ချစ်စရာ ကောင်လေးချောချောလေး အိစိကွေးကို ပရိသတ်ကြီးက ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။

ချစ်စရာကောင်းတဲ့ အိစိနဲ့ ဟန်နာတို့ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ” အလွမ်းရဲ့အရသာ ” MTV လေး မကြာခင်အချိန်မှာ ထွက်ရှိတော့မှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး ပရိသတ်ကြီးရေ။ ဖတ်ရှုပေးပါသော ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။

Ref: EisiKway’s Facebook

Credit: တံခွန်
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top