iMyanmarHouse.com - Best Property Website for Myanmar
×

ေဟာစတမ္းေလးကို ဖတ္႐ႈၿပီးသည္ႏွင့္ ကြန္မန္႔တြင္ မိမိဖတ္မိလိုက္ေသာအခ်ိန္ကို မန္႔ပါ။ ၿပီးရင္ ရွယ္ေပးပါ။ ထိုေန႔အတြက္ ထို အခ်ိန္ကာလရိွ ဂဏန္းကို လာဘ္ေခၚသည့္ ဂဏန္းအျဖစ္ အသံုးခ်လိုက္ပါ။

ကုိယ္ပုိင္လုပ္ငန္း လုပ္သူမ်ား ဆံုးျဖတ္ခ်က္ မွန္ကန္ၿပီး ေငြသိမ္း ေငြႏုတ္ မွန္ကန္ေသာ ေၾကာင့္ အက်ဳိးအျမတ္ေကာင္း ရရွိမည္။ ေႏွာင့္ေႏွးေနေသာ အလုပ္မ်ား အဆင္ေျပသြားမည္။ ၾကန္႕ၾကာပိတ္ဆို႕ေနေသာ ကိစၥမ်ား ေခ်ာေမြ႕သြားမည္။ အရပ္ေဝးႏွင့္ ခ်ိတ္ဆက္လုပ္ကုိင္သည့္ ကိစၥမ်ားမွ ေကာင္းေသာအက်ဳိး ဆက္ ရရွိမည္။ ေမ့ေမ့ေလ်ာ့ေလ်ာ့ ျပဳထားသည့္ အရာတစ္ခုအား အစျပန္လည္ ေဆာင္ရြက္၍ အက်ဳိး ေကာင္း ရရွိမည္။

သူတစ္ပါးႏွင့္ ယွဥ္၍လုပ္ေသာ ကိစၥမ်ားတြင္ အႏုိင္ရယူ ေအာင္ျမင္မည္။ ႀကံဳေတြ႕ေနသည့္ အခက္အခဲမ်ားကို ေက်ာ္လႊား၍ ေအာင္ျမင္မႈ၊ တိုးတက္မႈမ်ား ဖန္တီးႏုိင္ မည္။ လက္တြင္ ေငြမရွိဘဲ လုပ္ငန္းႀကီးတစ္ခု လုပ္လိုသူအား လိုက္လံကူညီေဆာင္ရြက္ေပးရ မည္။ ေပါ့ေပါ့တန္တန္ ေျပာဆိုလိုက္ေသာကိစၥ၊ လုပ္ကုိင္လိုက္ေသာကိစၥအတြက္ စိတ္ပင္ပန္း၊ လူပင္ပန္းႏွင့္ ျပန္လည္ေဆာင္ရြက္ရမည္။ စာခ်ဴပ္စာတမ္းကိစၥမ်ား ၊ လက္မွတ္ထိုးရမည့္ကိစၥမ်ား ရိွပါက သတိႀကီးႀကီးထားၿပီး လုပ္ရမဲ့ အခ်ိန္ကာလျဖစ္ပါသည္။

မိမိဆံုးျဖတ္ခ်က္တစ္ခုေၾကာင့္ မေမွ်ာ္လင့္ေသာ ဆိုးရြားေသာ ကံၾကမၼာမ်ားကို ျဖစ္ေပၚလာေစပါသည္။ အထူးသတိျပဳရန္ အလုပ္မွ ေအာက္လက္ငယ္သားမ်ား ထြက္သြားျခင္း ၊ သားသမီးမ်ား ထြက္သြားျခင္း၊ ၎တို႔အတြက္ ေသာက ေရာက္ရျခင္းမ်ား ႀကံဳ ရတတ္သည္။ ပညာေရး အဆင္ေျပလာမည္။ သူငယ္ခ်င္းမ်ားထံမွ အကူအညီ ရမည္။ ဒီလအတြင္း အခ်စ္ေရးကိစၥမ်ား ခ်စ္သူေဟာင္းထံမွ ဆက္သြယ္လာမည္။ ခ်စ္သူနွစ္ဦး အတြက္နဲ႔ အဆင္မေၿပပဲ ၿဖစ္ေနမည္။ အိမ္ေထာင္ေရးမွာ သာယာေနေပမယ့္ စကားမ်ားေနရေသာ အခ်ိန္ေလးပါ။

နားလည္မႈရိွရိွ ကေလးမဆန္ဘဲ ေနထိုင္ပါက အိမ္ေထာင္ေရးႀကီးႀကီးမားမား ေျပာင္းလဲမႈမရိွပါ။ ကေလးဆန္ေသာအေျခအေနမ်ဳိးေတြေၾကာင့္ ထိခိုက္နစ္နာရေသာ အခ်ိန္ကာလတစ္ခုပါ။ အျခားသူမ်ား မဖ်က္ဘဲ့ မိမိတို႔ဘာသာ ႏွစ္ဦးသား နားလည္မႈလြဲၿပီး ျဖစ္တတ္ေသာ အေျခအေနမ်ဳိးပါ။ ဒီလအတြင္းကေတာ့ လက္ေအာက္ငယ္သား ၊ တပည့္သားေျမး မ်ားႏွင့္ပတ္သက္ၿပီး စိတ္ေသာကေရာက္ရကိန္းေတြ ရိွပါသည္။

အေႂကြးျပန္မရျခင္း ၊ လုပ္ငန္းေငြျပန္မေပၚျခင္းကိစၥမ်ားလည္း ျဖစ္ပြားတတ္ပါသည္။ မိမိတို႔၏ေနအိမ္သို႔ ဘုရား ၊ ရဟႏၲာ ၊ ဘုန္းႀကီး ႐ုပ္ပြားေတာ္မ်ား ဆင္းတုေတာ္မ်ား ဝင္ေရာက္လာခဲ့ေသာ္ ပိတ္ေနေသာ လာဘ္လာဘမ်ား ပြင့္မည့္ကာလျဖစ္ပါလိမ့္မည္။ ခ်စ္သူမရိွေသာ သူမ်ားအေနျဖင့္ ခ်စ္သူရရိွလိမ့္မည္ျဖစ္ၿပီး ခ်စ္သူရိွေသာ သူမ်ားအေနျဖင့္ ခ်စ္သူကို ခပ္စိမ္းစိမ္းအေျခအေနမ်ဳိး ျဖစ္ေနတတ္ေပသည္။

အခ်စ္ေရးတြင္ သံသယမ်ား ႀကီးထြားလာတတ္ေပသည္။ အိမ္ေထာင္ေရးတြင္ ေယာကၡမ ၊ ေယာက္ဖ ၊ ေယာင္းမ စေသာ မိမိအိမ္ေထာင္ဘက္ႏွင့္ ပတ္သက္ေသာ ေဆြမ်ဳိးမ်ားေၾကာင့္ စိတ္ေသာက ေဝဒနာဗ်ာပါဒ ေရာက္တတ္ေလသည္။ ကြဲဖို႔ ကြာဖို႔စဥ္းစားေနပါကလည္း မကြဲႏိုင္ဘဲ့ နဂိုအတိုင္းပင္ ေျပာတစ္ခြန္း ေမးတစ္ခြန္းျဖစ္ေနမည္သာျဖစ္ပါသည္။ က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈမ်ားေနျဖင့္ မိမိက်န္းမာေရးထိခိုက္တာမ်ဳိး ႀကံဳရမည္ျဖစ္ေလသည္။ ထိခိုက္ရွနာမ်ားလည္း ရတတ္တာေၾကာင့္ သတိထားကာ သြားလာလႈပ္ရွားၾကပါ။

ကံေကာင္းေစေသာအေရာင္မွာ အနီေရာင္ ၊ နက္ျပာေရာင္ ၊ ခရမ္းရင့္ေရာင္ ျဖစ္ၿပီး ကံေကာင္းေစေသာ ဂဏန္းမွာ (2 ၊ 0 ၊ 4 ၊ 9) ျဖစ္သည္။

ဩဇာအာဏာႀကီးမားေစရန္ တနလၤာနံသစ္သားျဖင့္သံလ်က္လုပ္ပါ။ ျပီးရင္ေရႊသုံးထပ္ခ်ပါ။ ျပီးရင္ ဘုရားဂုဏ္ေတာ္ကုိးပါး (၄၇) ေခါက္ပါ။ ေရေမွြးပက္ျဖန္းပါ။ ကုိယ္ႏွင့္မကြာေဆာင္ထားပါ။ ၾသဇာအာဏာ ၾကီးမားလာလိမ့္မည္။

ေငြဝင္ေစရန္ယၾတာမွာ ပထမဆံုး ဘယ္ဘက္လက္၀ါးျပင္ အထက္နားေလာက္မွာ ညာဘက္ လက္ညွိဳးနဲ႔ ‘က’ (ကႀကီး) ပံုေရးလိုက္ပါ။ ၿပီးတာနဲ႔ ညာဘက္လက္၀ါးျပင္ ေအာက္နားေလာက္မွာ ဘယ္ဘက္လက္ညိႇဳးနဲ႔ ‘ယ'(ယပလပ္) ပံုေရးလိုက္ပါ။ သတိထားရမွာက လက္၀ါးႏွစ္ဖက္ကို ပူးထပ္လိုက္ခ်ိန္မွာ ‘ထ’ ပံုစံေလး ျဖစ္ေနပါေစ။ အဆင္သင့္ျဖစ္ၿပီ ဆိုရင္ေတာ့ ေစာေစာက ေရးထားတဲ့ လက္၀ါးႏွစ္ဖက္ကို ”ေငြ၀င္ေစ” လို႔ ေျပာၿပီး လက္ခုပ္တီးသလို ရိုက္ခ်လိုက္ရုံပါ။

က်န္းမာေရးယၾတာကေတာ့ ေပါင္မုန္႔ အႀကီးအဝိုင္းတစ္ခုကုိ ေလးစိပ္စိပ္ပါ။ ေလးစိပ္ကုိ ပုံစံမပ်က္ပဲ ပန္းကန္ျပားထဲထည့္ပါ။ ၿပီးရင္ စိပ္ထားသည့္ အၾကားထဲကုိ ႏို႔ဆီဆမ္းပါ။ အဲဒီပန္းကန္ကုိ တနလၤာေန႔ မနက္ ၇ နာရီမွာ အိမ္ဘုရားမွာ လႉေပးပါ။ ေျချပတ္ေနသူ၊ မ်က္မွန္တပ္ထားရသူ၊ တစ္ဦးဦးကုိ ေတြ႔ရင္ စားစရာ တစ္ခုခုေပးၿပီး ငါ (အမည္တစ္ခုခု) က်န္းမာေရးမေကာင္းတာ ေပ်ာက္ကင္းသက္သာပါေစ လုိ႔ စိတ္ထဲက ဆုေတာင္းေပးပါ။ ေနာက္ၿပီး ငါး ငွက္ လႊတ္ေပးပါ။

ပညာေရး၊ စာေမးပဲြအတြက္ယၾတာ ကေတာ့ သီဟုိဠ္ရြက္ေပၚ၌ ” စာေမးပဲြေအာင္ပါေစ .. ” ဟုေရး၍ေဆာင္ထားပါ။ ထိုအရြက္အား စာရြက္သည့္ေနရာတြင္ထားထားပါရန္ ပလတ္စတစ္ေလာင္းထားပါက ပိုေကာင္းပါသည္။

အခ်စ္ေရး၌အေႏွာင့္အယွက္ႀကဳံလွ်င္ အဂၤါညေန၌ စြယ္ေတာ္တစ္ရြက္ေပၚတြင္ သူ႔နာမည္ႏွင့္ ကုိယ့္နာမည္ေရးကာနတ္ရဲသစ္ပင္၌သြားလွဴ၍လုိရာဆုေတာင္းပါ။

ရပ္ေ၀း၌ဒုကၡေတြ႕ေနသူအဆင္ေျပေစရန္ ဒုကၡေတြ႕ေနသူ၏ ေမြးနံအစားအစာတစ္ခုကုိ ဘုရား၌လွဴပါ။ ထုိအစားအစာထည့္ေသာ ခြက္ေအာက္၌မတ္ေစ႔တစ္ေစ႔ထည့္ထားရန္မေမ႔ပါႏွင့္။

ေငြမထြက္​ခ်င္​ရင္​ သစ္​​ေစး​သုတ္​ ထားတဲ့ ကလပ္​​ကေလး မွာ ​ေငြကိုးက်ပ္​ ကို ​ေခါက္​ၿပီး ​ေကာ္​နဲ႔ ကပ္​ထားပါ ။ အဲဒီ အ​ေပၚမွာ ​ေ႐ႊျပားခ်ထားတဲ့ ​ေၾကး​ေခါင္​း​ေလာင္​း​ေလးကုိ တင္​ထားပါ။ မနက္​ ​ေစာ​ေစာ တစ္​​ေခါက္​ ၊ ည အိပ္​ခါနီး တစ္​​ေခါက္​ ​ေငြၿမဲပါ​ေစ လို႔ ဆု​ေတာင္​းၿပီး ​ေခါင္​း​ေလာင္​း​ေလးကို ကိုး​ေခါက္​ တီးပါ။ အ​ေၾကာင္​းမရွိပဲ အလကား ​ေငြမထြက္​​ေတာ့ပါဘူး။

အေႂကြးျပန္လိုခ်င္ရင္ မိမိေခ်းထားေသာ ေငြမ်ားအျမန္ျပန္ရေစရန္ အိမ္ေနာက္ေဖးမွျမက္ပင္ႏွင့္ စပါးတြဲကိုပူခ်ည္ၿပီး အိမ္ေ႐ွ႕တြင္ ခ်ိတ္၍ စာကေလးမ်ားကိုေကြၽးပါ။ စပါးတြဲေတြကို ခ်ိတ္တဲ့အခ်ိန္မွာ “ေမာင္အဝွာ ငါ့ေငြေတြအျမန္ လာေပးပါ” လို႔ အေႂကြးယူထားသူရဲ႕. နာမည္ကိုေခၚၿပီးခ်ိတ္ပါ။

၂၀၁၈ စက္တင္ဘာလအတြက္ တစ္လစာ ေဟာစတမ္း ႏွင့္ စီးပြားေရး ၊ က်န္းမာေရး ၊ လူမူေရးရာ ယၾတာအျဖာျဖာပါဝင္ပါသည္။ ေဟာစတမ္းေလးကို ဖတ္႐ႈၿပီးသည္ႏွင့္ ကြန္မန္႔တြင္ မိမိဖတ္မိလိုက္ေသာအခ်ိန္ကို မန္႔ပါ။ ၿပီးရင္ ရွယ္ေပးပါ။ ထိုေန႔အတြက္ ထို အခ်ိန္ကာလရိွ ဂဏန္းကို လာဘ္ေခၚသည့္ ဂဏန္းအျဖစ္ အသံုးခ်လိုက္ပါ။ ေဗဒင္ ယၾတာမ်ား ေမးျမန္းလိုပါက ဉာဏ္ပူေဇာ္ခေပးေခ်၍ Viber +959970959464 ကို ဆက္သြယ္ပါ။

သတၱဝါအားလံုးက်န္းမာခ်မ္းသာပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း

Credit: လင္းညိဳ႕တာရာ
# Unicode Version ျဖင့္ ဖတ္ပါ #
ဟောစတမ်းလေးကို ဖတ်ရှုပြီးသည်နှင့် ကွန်မန့်တွင် မိမိဖတ်မိလိုက်သောအချိန်ကို မန့်ပါ။ ပြီးရင် ရှယ်ပေးပါ။ ထိုနေ့အတွက် ထို အချိန်ကာလရှိ ဂဏန်းကို လာဘ်ခေါ်သည့် ဂဏန်းအဖြစ် အသုံးချလိုက်ပါ။

ကိုယ်ပိုင်လုပ်ငန်း လုပ်သူများ ဆုံးဖြတ်ချက် မှန်ကန်ပြီး ငွေသိမ်း ငွေနုတ် မှန်ကန်သော ကြောင့် အကျိုးအမြတ်ကောင်း ရရှိမည်။ နှောင့်နှေးနေသော အလုပ်များ အဆင်ပြေသွားမည်။ ကြန့်ကြာပိတ်ဆို့နေသော ကိစ္စများ ချောမွေ့သွားမည်။ အရပ်ဝေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့် ကိစ္စများမှ ကောင်းသောအကျိုး ဆက် ရရှိမည်။ မေ့မေ့လျော့လျော့ ပြုထားသည့် အရာတစ်ခုအား အစပြန်လည် ဆောင်ရွက်၍ အကျိုး ကောင်း ရရှိမည်။

သူတစ်ပါးနှင့် ယှဉ်၍လုပ်သော ကိစ္စများတွင် အနိုင်ရယူ အောင်မြင်မည်။ ကြုံတွေ့နေသည့် အခက်အခဲများကို ကျော်လွှား၍ အောင်မြင်မှု၊ တိုးတက်မှုများ ဖန်တီးနိုင် မည်။ လက်တွင် ငွေမရှိဘဲ လုပ်ငန်းကြီးတစ်ခု လုပ်လိုသူအား လိုက်လံကူညီဆောင်ရွက်ပေးရ မည်။ ပေါ့ပေါ့တန်တန် ပြောဆိုလိုက်သောကိစ္စ၊ လုပ်ကိုင်လိုက်သောကိစ္စအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းနှင့် ပြန်လည်ဆောင်ရွက်ရမည်။ စာချူပ်စာတမ်းကိစ္စများ ၊ လက်မှတ်ထိုးရမည့်ကိစ္စများ ရှိပါက သတိကြီးကြီးထားပြီး လုပ်ရမဲ့ အချိန်ကာလဖြစ်ပါသည်။

မိမိဆုံးဖြတ်ချက်တစ်ခုကြောင့် မမျှော်လင့်သော ဆိုးရွားသော ကံကြမ္မာများကို ဖြစ်ပေါ်လာစေပါသည်။ အထူးသတိပြုရန် အလုပ်မှ အောက်လက်ငယ်သားများ ထွက်သွားခြင်း ၊ သားသမီးများ ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောက ရောက်ရခြင်းများ ကြုံ ရတတ်သည်။ ပညာရေး အဆင်ပြေလာမည်။ သူငယ်ချင်းများထံမှ အကူအညီ ရမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူဟောင်းထံမှ ဆက်သွယ်လာမည်။ ချစ်သူနှစ်ဦး အတွက်နဲ့ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာနေပေမယ့် စကားများနေရသော အချိန်လေးပါ။

နားလည်မှုရှိရှိ ကလေးမဆန်ဘဲ နေထိုင်ပါက အိမ်ထောင်ရေးကြီးကြီးမားမား ပြောင်းလဲမှုမရှိပါ။ ကလေးဆန်သောအခြေအနေမျိုးတွေကြောင့် ထိခိုက်နစ်နာရသော အချိန်ကာလတစ်ခုပါ။ အခြားသူများ မဖျက်ဘဲ့ မိမိတို့ဘာသာ နှစ်ဦးသား နားလည်မှုလွဲပြီး ဖြစ်တတ်သော အခြေအနေမျိုးပါ။ ဒီလအတွင်းကတော့ လက်အောက်ငယ်သား ၊ တပည့်သားမြေး များနှင့်ပတ်သက်ပြီး စိတ်သောကရောက်ရကိန်းတွေ ရှိပါသည်။

အကြွေးပြန်မရခြင်း ၊ လုပ်ငန်းငွေပြန်မပေါ်ခြင်းကိစ္စများလည်း ဖြစ်ပွားတတ်ပါသည်။ မိမိတို့၏နေအိမ်သို့ ဘုရား ၊ ရဟန္တာ ၊ ဘုန်းကြီး ရုပ်ပွားတော်များ ဆင်းတုတော်များ ဝင်ရောက်လာခဲ့သော် ပိတ်နေသော လာဘ်လာဘများ ပွင့်မည့်ကာလဖြစ်ပါလိမ့်မည်။ ချစ်သူမရှိသော သူများအနေဖြင့် ချစ်သူရရှိလိမ့်မည်ဖြစ်ပြီး ချစ်သူရှိသော သူများအနေဖြင့် ချစ်သူကို ခပ်စိမ်းစိမ်းအခြေအနေမျိုး ဖြစ်နေတတ်ပေသည်။

အချစ်ရေးတွင် သံသယများ ကြီးထွားလာတတ်ပေသည်။ အိမ်ထောင်ရေးတွင် ယောက္ခမ ၊ ယောက်ဖ ၊ ယောင်းမ စသော မိမိအိမ်ထောင်ဘက်နှင့် ပတ်သက်သော ဆွေမျိုးများကြောင့် စိတ်သောက ဝေဒနာဗျာပါဒ ရောက်တတ်လေသည်။ ကွဲဖို့ ကွာဖို့စဉ်းစားနေပါကလည်း မကွဲနိုင်ဘဲ့ နဂိုအတိုင်းပင် ပြောတစ်ခွန်း မေးတစ်ခွန်းဖြစ်နေမည်သာဖြစ်ပါသည်။ ကျန်းမာရေးကတော့ စိတ်ဖိစီးမှုများနေဖြင့် မိမိကျန်းမာရေးထိခိုက်တာမျိုး ကြုံရမည်ဖြစ်လေသည်။ ထိခိုက်ရှနာများလည်း ရတတ်တာကြောင့် သတိထားကာ သွားလာလှုပ်ရှားကြပါ။

ကံကောင်းစေသောအရောင်မှာ အနီရောင် ၊ နက်ပြာရောင် ၊ ခရမ်းရင့်ရောင် ဖြစ်ပြီး ကံကောင်းစေသော ဂဏန်းမှာ (2 ၊ 0 ၊ 4 ၊ 9) ဖြစ်သည်။

ဩဇာအာဏာကြီးမားစေရန် တနင်္လာနံသစ်သားဖြင့်သံလျက်လုပ်ပါ။ ပြီးရင်ရွှေသုံးထပ်ချပါ။ ပြီးရင် ဘုရားဂုဏ်တော်ကိုးပါး (၄၇) ခေါက်ပါ။ ရေမွှေးပက်ဖြန်းပါ။ ကိုယ်နှင့်မကွာဆောင်ထားပါ။ သြဇာအာဏာ ကြီးမားလာလိမ့်မည်။

ငွေဝင်စေရန်ယတြာမှာ ပထမဆုံး ဘယ်ဘက်လက်ဝါးပြင် အထက်နားလောက်မှာ ညာဘက် လက်ညှိုးနဲ့ ‘က’ (ကကြီး) ပုံရေးလိုက်ပါ။ ပြီးတာနဲ့ ညာဘက်လက်ဝါးပြင် အောက်နားလောက်မှာ ဘယ်ဘက်လက်ညှိုးနဲ့ ‘ယ'(ယပလပ်) ပုံရေးလိုက်ပါ။ သတိထားရမှာက လက်ဝါးနှစ်ဖက်ကို ပူးထပ်လိုက်ချိန်မှာ ‘ထ’ ပုံစံလေး ဖြစ်နေပါစေ။ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ စောစောက ရေးထားတဲ့ လက်ဝါးနှစ်ဖက်ကို ”ငွေဝင်စေ” လို့ ပြောပြီး လက်ခုပ်တီးသလို ရိုက်ချလိုက်ရုံပါ။

ကျန်းမာရေးယတြာကတော့ ပေါင်မုန့် အကြီးအဝိုင်းတစ်ခုကို လေးစိပ်စိပ်ပါ။ လေးစိပ်ကို ပုံစံမပျက်ပဲ ပန်းကန်ပြားထဲထည့်ပါ။ ပြီးရင် စိပ်ထားသည့် အကြားထဲကို နို့ဆီဆမ်းပါ။ အဲဒီပန်းကန်ကို တနင်္လာနေ့ မနက် ၇ နာရီမှာ အိမ်ဘုရားမှာ လှူပေးပါ။ ခြေပြတ်နေသူ၊ မျက်မှန်တပ်ထားရသူ၊ တစ်ဦးဦးကို တွေ့ရင် စားစရာ တစ်ခုခုပေးပြီး ငါ (အမည်တစ်ခုခု) ကျန်းမာရေးမကောင်းတာ ပျောက်ကင်းသက်သာပါစေ လို့ စိတ်ထဲက ဆုတောင်းပေးပါ။ နောက်ပြီး ငါး ငှက် လွှတ်ပေးပါ။

ပညာရေး၊ စာမေးပွဲအတွက်ယတြာ ကတော့ သီဟိုဠ်ရွက်ပေါ်၌ ” စာမေးပွဲအောင်ပါစေ .. ” ဟုရေး၍ဆောင်ထားပါ။ ထိုအရွက်အား စာရွက်သည့်နေရာတွင်ထားထားပါရန် ပလတ်စတစ်လောင်းထားပါက ပိုကောင်းပါသည်။

အချစ်ရေး၌အနှောင့်အယှက်ကြုံလျှင် အင်္ဂါညနေ၌ စွယ်တော်တစ်ရွက်ပေါ်တွင် သူ့နာမည်နှင့် ကိုယ့်နာမည်ရေးကာနတ်ရဲသစ်ပင်၌သွားလှူ၍လိုရာဆုတောင်းပါ။

ရပ်ဝေး၌ဒုက္ခတွေ့နေသူအဆင်ပြေစေရန် ဒုက္ခတွေ့နေသူ၏ မွေးနံအစားအစာတစ်ခုကို ဘုရား၌လှူပါ။ ထိုအစားအစာထည့်သော ခွက်အောက်၌မတ်စေ့တစ်စေ့ထည့်ထားရန်မမေ့ပါနှင့်။

ငွေမထွက်ချင်ရင် သစ်စေးသုတ် ထားတဲ့ ကလပ်ကလေး မှာ ငွေကိုးကျပ် ကို ခေါက်ပြီး ကော်နဲ့ ကပ်ထားပါ ။ အဲဒီ အပေါ်မှာ ရွှေပြားချထားတဲ့ ကြေးခေါင်းလောင်းလေးကို တင်ထားပါ။ မနက် စောစော တစ်ခေါက် ၊ ည အိပ်ခါနီး တစ်ခေါက် ငွေမြဲပါစေ လို့ ဆုတောင်းပြီး ခေါင်းလောင်းလေးကို ကိုးခေါက် တီးပါ။ အကြောင်းမရှိပဲ အလကား ငွေမထွက်တော့ပါဘူး။

အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ “မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ” လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။

၂၀၁၈ စက်တင်ဘာလအတွက် တစ်လစာ ဟောစတမ်း နှင့် စီးပွားရေး ၊ ကျန်းမာရေး ၊ လူမူရေးရာ ယတြာအဖြာဖြာပါဝင်ပါသည်။ ဟောစတမ်းလေးကို ဖတ်ရှုပြီးသည်နှင့် ကွန်မန့်တွင် မိမိဖတ်မိလိုက်သောအချိန်ကို မန့်ပါ။ ပြီးရင် ရှယ်ပေးပါ။ ထိုနေ့အတွက် ထို အချိန်ကာလရှိ ဂဏန်းကို လာဘ်ခေါ်သည့် ဂဏန်းအဖြစ် အသုံးချလိုက်ပါ။ ဗေဒင် ယတြာများ မေးမြန်းလိုပါက ဉာဏ်ပူဇော်ခပေးချေ၍ Viber +959970959464 ကို ဆက်သွယ်ပါ။

သတ္တဝါအားလုံးကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း

Credit: လင်းညို့တာရာ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top