iMyanmarHouse.com - Best Property Website for Myanmar
×






Ref : Ei Ei’s Facebook

Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #
လူတိုင်းလူတိုင်းမှာ ဆင်းရဲချမ်းသာမရွေး စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုတို့ဆိုတာ ရှိကြစမြဲပါ။ ထိုသို့ အပူသောကတွေကို ခံစားနေကြရတဲ့ လူသားတွေထဲမှာ ချမ်းမြေ့မောင်ချိုနဲ့ ပတ်သက်ပြီး မိခင် ဒေါ်အိအိလည်း အပူလေးတစ်ခုကို တွေ့ကြုံနေရတာပဲဖြစ်ပါတယ်။ ဒေါ်အိအိတွေ့ကြုံနေရတဲ့ အပူလေးတစ်ခုကတော့ ” ဖြိုးမြတ်အောင်ထက်အရင်ဦးပြီး

ခွေထွက်နိုင်အောင် ကြိုးစားနေတဲ့ ချမ်းမြေ့မောင်ချိုကို အဆိုတော် ဖြိုးပြည့်စုံက တိုးတိုးတိတ်တိတ် ကူညီပေးနေတယ် ” ဆိုတဲ့ သတင်းကြောင့်ပဲဖြစ်ပါတယ်။ ထိုသတင်းကလည်း တကယ်မဟုတ်တဲ့ သတင်းဖြစ်တာကြောင့် မိခင်တစ်ယောက်ရဲ့ မိမေတ္တာနဲ့ သမီးလေးအတွက် ပူပင်နေရတာပဲဖြစ်ပါတယ်။

ဒေါ်အိအိ ထပ်ပြောပြထားတာလေးက ” ကျမကို ထပ်ပြီး လုပ်ကြံနေပြန်ပြီ.. ကြည့်ကြပါဦး..ဟိုတစ်ခါ မုန့်ဟင်းခါး ကိစ္စလဲ ခုလို လုပ်ကြံကြတာနေမှာပါ..” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

ဒါလေးကတော့ လုပ်ကြံ ဖန်းတီးတဲ့ ပုံလေးပါတဲ့ ပရိသသတ်ကြီးရေ

ကိုယ်တကယ်လုပ်တာ မဟုတ်ဘဲ လုပ်ကြံခံနေတဲ့ ကိစ္စအတွက် စိတ်သောကရောက်နေရတဲ့ မောင်ချိုမိခင် ဒေါ်အိအိရဲ့ Post ကို ပရိသတ်ကြီးများက Share ပြီး မျှဝေအားပေးလိုက်ကြပါဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : Ei Ei’s Facebook

Credit: Burmese - Asia
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top