iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ဦးဟာ အိမ္နီးခ်င္းမိန္းကေလးရဲ႕ သတင္းတစ္ခုကို အေသအခ်ာမသိေပမဲ့လည္း ပတ္ဝန္းက်င္က လူေတြကို ေျပာျပခဲ့ပါတယ္။ ရက္အနည္းငယ္ၾကာတဲ့အခါမွာေတာ့

သူေျပာျပခဲ့တာေတြအားလုံးက အမွားေတြပဲဆိုတာ သိသြားတဲ့အခါ အိမ္နီးခ်င္းျဖစ္သူကို အားတုံ႔အားနာျဖစ္သြားပါတယ္။

အဲဒါေၾကာင့္ ဒီလိုမ်ိဳး မဟုတ္မမွန္ေျပာခဲ့မိတဲ့အတြက္ အိမ္နီးခ်င္းျဖစ္သူကို ျပန္လည္ေတာင္းပန္ခဲ့ၿပီး စိတ္ေက်နပ္ေအာင္ ဘာျပန္လုပ္ေပးရမလဲလို႔ ေမးလိုက္ပါတယ္။ အိမ္နီးခ်င္းမိန္းကေလးက "ကၽြန္မ စိတ္ေက်နပ္ေအာင္ လုပ္ေပးမွာ ေသခ်ာလား။ ေသခ်ာတယ္ဆိုရင္ စူပါမားကတ္တစ္ခုကိုသြားၿပီးေတာ့ ၾကက္တစ္ေကာင္ကိုဝယ္လိုက္ပါ။ ၿပီးရင္ အိမ္ျပန္လမ္းတစ္ေလၽွာက္မွာ ၾကက္ေမႊးေတြ ခ်လာခဲ့ပါလို႔" ေျပာလိုက္ပါတယ္။ အတင္းေျပာခဲ့တဲ့ အမ်ိဳးသမီးလည္း အိမ္နီးခ်င္းမိန္းကေလးရဲ႕ ေတာင္းဆိုမႈအတိုင္း ျပဳလုပ္ေပးလိုက္ပါတယ္။ ေနာက္တစ္ေန႔မနက္မွာေတာ့ အိမ္နီးခ်င္းေကာင္မေလးက " မေန႔က ရွင္ လမ္းတစ္ေလၽွာက္မွာ ခ်ထားခဲ့တဲ့ ၾကက္ေမႊးေတြကို တတ္နိင္သေလာက္ ျပန္စုလာခဲ့ေပးပါ"လို႔ ေျပာလိုက္ပါတယ္။ အမ်ိဳးသမီးကလည္း မေန႔ကလမ္းအတိုင္းျပန္သြားၿပီး ခ်ထားခဲ့တဲ့ ၾကက္ေမႊးေတြကို ျပန္ရွာပါေတာ့တယ္။ နာရီေပါင္းမ်ားစြာႀကိဳးစားရွာေပမဲ့လည္း ေနာက္ဆုံးမွာေတာ့ ၾကက္ေမႊး ၃ေခ်ာင္းသာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အိမ္နီးခ်င္းမိန္းကေလးဆီျပန္ေရာက္ေတာ့ " ဘယ္လိုလဲ ရွာေတြ႕ခဲ့ရဲ႕လား။ ခ်ထားခဲ့တုန္းက လြယ္ကူသေလာက္ အခ်ိန္တစ္ခုေပးၿပီး ရွာတာေတာင္ အကုန္လုံး ျပန္မရနိင္ေတာ့ဘူးမလား။ အတင္းအဖ်င္းဆိုတာကလည္း အလားတူပဲ။ ကိစၥတစ္ခုကို ေသေသခ်ာခ်ာမစုံစမ္းဘဲ သတင္းအမွားကို လက္လြတ္စပယ္ ျဖန္႔ေဝတာက အရမ္းကို လြယ္ပါတယ္။ ေျပာလိုက္တဲ့သတင္းက မွားသြားတဲ့အခါ ျပန္လည္ေျဖရွင္းဖို႔ကေတာ့ ထင္သေလာက္မ႐ိုးရွင္းဘူးဆိုတာကို သိေစခ်င္လို႔ အခုလို လုပ္ခိုင္းလိုက္တာပါ" လို႔ေျပာလိုက္ပါတယ္။

အရမ္းေကာင္းတဲ့ ဥပမာေလးပါ။ အတင္းေျပာတယ္ဆိုတာက မေကာင္းတဲ့ အက်င့္စ႐ိုက္တစ္ခုပါ။ လူေတာ္ေတာ္မ်ားမ်ားက အတင္းေျပာဖို႔၊ ႐ႈံ႕ခ်ဖို႔ကေတာ့ သတိရတတ္ေပမဲ့ခ်ီးက်ဴးစကားဆိုဖို႔ကိုေတာ့ ေမ့ေနတတ္ၾကပါတယ္။ သင္က အထင္နဲ႔လြယ္လြယ္ေလးေျပာလိုက္ေပမဲ့လည္း ကိုယ္ေျပာလိုက္တဲ့ အေၾကာင္းအရာက မွားယြင္းေနခဲ့မယ္ဆိုရင္ တစ္ဘက္လူရဲ႕ ဂုဏ္သိကၡာကို မ်ားစြာထိခိုက္သြားေစနိင္တာေၾကာင့္ စကားတစ္ခြန္းေျပာေတာ့မယ္ဆို ခ်င့္ခ်ိန္စဥ္းစားၿပီးမွ ေျပာဖို႔လိုအပ္ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
 # Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတစ်ဦးဟာ အိမ်နီးချင်းမိန်းကလေးရဲ့ သတင်းတစ်ခုကို အသေအချာမသိပေမဲ့လည်း ပတ်ဝန်းကျင်က လူတွေကို ပြောပြခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့

သူပြောပြခဲ့တာတွေအားလုံးက အမှားတွေပဲဆိုတာ သိသွားတဲ့အခါ အိမ်နီးချင်းဖြစ်သူကို အားတုံ့အားနာဖြစ်သွားပါတယ်။

အဲဒါကြောင့် ဒီလိုမျိုး မဟုတ်မမှန်ပြောခဲ့မိတဲ့အတွက် အိမ်နီးချင်းဖြစ်သူကို ပြန်လည်တောင်းပန်ခဲ့ပြီး စိတ်ကျေနပ်အောင် ဘာပြန်လုပ်ပေးရမလဲလို့ မေးလိုက်ပါတယ်။ အိမ်နီးချင်းမိန်းကလေးက "ကျွန်မ စိတ်ကျေနပ်အောင် လုပ်ပေးမှာ သေချာလား။ သေချာတယ်ဆိုရင် စူပါမားကတ်တစ်ခုကိုသွားပြီးတော့ ကြက်တစ်ကောင်ကိုဝယ်လိုက်ပါ။ ပြီးရင် အိမ်ပြန်လမ်းတစ်လျှောက်မှာ ကြက်မွှေးတွေ ချလာခဲ့ပါလို့" ပြောလိုက်ပါတယ်။ အတင်းပြောခဲ့တဲ့ အမျိုးသမီးလည်း အိမ်နီးချင်းမိန်းကလေးရဲ့ တောင်းဆိုမှုအတိုင်း ပြုလုပ်ပေးလိုက်ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ အိမ်နီးချင်းကောင်မလေးက " မနေ့က ရှင် လမ်းတစ်လျှောက်မှာ ချထားခဲ့တဲ့ ကြက်မွှေးတွေကို တတ်နိင်သလောက် ပြန်စုလာခဲ့ပေးပါ"လို့ ပြောလိုက်ပါတယ်။ အမျိုးသမီးကလည်း မနေ့ကလမ်းအတိုင်းပြန်သွားပြီး ချထားခဲ့တဲ့ ကြက်မွှေးတွေကို ပြန်ရှာပါတော့တယ်။ နာရီပေါင်းများစွာကြိုးစားရှာပေမဲ့လည်း နောက်ဆုံးမှာတော့ ကြက်မွှေး ၃ချောင်းသာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အိမ်နီးချင်းမိန်းကလေးဆီပြန်ရောက်တော့ " ဘယ်လိုလဲ ရှာတွေ့ခဲ့ရဲ့လား။ ချထားခဲ့တုန်းက လွယ်ကူသလောက် အချိန်တစ်ခုပေးပြီး ရှာတာတောင် အကုန်လုံး ပြန်မရနိင်တော့ဘူးမလား။ အတင်းအဖျင်းဆိုတာကလည်း အလားတူပဲ။ ကိစ္စတစ်ခုကို သေသေချာချာမစုံစမ်းဘဲ သတင်းအမှားကို လက်လွတ်စပယ် ဖြန့်ဝေတာက အရမ်းကို လွယ်ပါတယ်။ ပြောလိုက်တဲ့သတင်းက မှားသွားတဲ့အခါ ပြန်လည်ဖြေရှင်းဖို့ကတော့ ထင်သလောက်မရိုးရှင်းဘူးဆိုတာကို သိစေချင်လို့ အခုလို လုပ်ခိုင်းလိုက်တာပါ" လို့ပြောလိုက်ပါတယ်။

အရမ်းကောင်းတဲ့ ဥပမာလေးပါ။ အတင်းပြောတယ်ဆိုတာက မကောင်းတဲ့ အကျင့်စရိုက်တစ်ခုပါ။ လူတော်တော်များများက အတင်းပြောဖို့၊ ရှုံ့ချဖို့ကတော့ သတိရတတ်ပေမဲ့ချီးကျူးစကားဆိုဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ သင်က အထင်နဲ့လွယ်လွယ်လေးပြောလိုက်ပေမဲ့လည်း ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက မှားယွင်းနေခဲ့မယ်ဆိုရင် တစ်ဘက်လူရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်သွားစေနိင်တာကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆို ချင့်ချိန်စဉ်းစားပြီးမှ ပြောဖို့လိုအပ်ပါတယ်။
 ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top