iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Mr (SNM Media)
# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင်မင်းသား သီဟတင်စိုးက သူမအား အလိုမတူပဲ အဓမ္မပြုကျင့်သည်ဟု လီဆယ်တိုင်တန်းမှုဖြင့်တရားစွဲခံထားရသော ဒေါ်ခင်မာမြင့်သည် ယနေ့ တရားရုံးတွင်

“သမီးကို အဓမ္မကျင့်ခဲ့တာ အမှန်ပါ၊ သမီး ခံရတာ သမီးပဲ သိပါတယ် “ဟု ထွက်ဆိုခဲ့ကြောင်း သိရှိရပါသည်။

ဒေါ်ခင်မာမြင့်သည် သူမအား သရုပ်ဆောင်မင်းသား မင်းသမီးများ ဖြစ်ကြသော သီဟတင်စိုးနှင့် ဇင်မာဦး တို့၏ နေအိမ်တွင် အိမ်အကူ လုပ်သူဖြစ်ကြောင်း ၊ သီဟတင်စိုးမှ မိမိအား အဓမ္မပြုကျင့်ကြောင်း ရဲစခန်းသို့ ဇူလိုင်လ ၁၄ရက်နေ့က ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သဖြင့်

ရဲတပ်ဖွဲ့မှ ရဲ့လုပ်ငန်းစဉ်များအတိုင်း စစ်ဆေးမေးမြန်းစုံစမ်းထောက်လှမ်းခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်မှလီဆယ်လိမ်လည် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီးငွေညှစ်တောင်းယူမှုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရ သည်။

သို့ဖြစ်၍ သီဟတင်စိုး၏ ဇနီးဖြစ်သူ ဇင်မာဦးမှတရားလို ပြုလုပ်ကာ ပုဒ်မ ၃၈၉ဖြင့် ဒေါ်ခင်မာမြင့်အား ပြန်လည် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ယနေ့ (၅)ကြိမ်မြောက် ရုံးချိန်းတွင်တော့ ဒေါ်ခင်မာမြင့်မှ သူမ လီဆယ်တိုင်းကြားခဲ့ခြင်း မဟုတ်ကြောင်းကိုယခုလို “သမီးကို အဓမ္မကျင့်ခဲ့တာ အမှန်ပါ၊ သမီး ခံရတာ သမီးပဲ သိပါတယ်” ပြောကြား ထွက်ဆိုချေပခဲ့ခြင်း ဖြစ်သည် ။

Credit: Mr (SNM Media)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top