iMyanmarHouse.com - Best Property Website for Myanmar
×

ေရဖ်ဥ္း၊ အသည္းသမားအတြက္ မွတ္သားဖြယ္ မယ္ဇလီပင္

ဇနီးျဖစ္သူက အရက္ေလ်ာ႔ေသာက္ပါ..ေသာက္ပါဆိုသည္စကားေျပာ၍တစ္ႏွစ္မွ်ပင္ မၾကာလိုက္ ကိုထြန္းေအာင္ ေရဖ်ဥ္းေရာဂါျဖင့္အိပ္ရာထဲလဲေတာ့သည္။

ေရဖ်ဥ္းျဖစ္ျပီး ခႏၡာကိုယ္ေအာက္ပိုင္း ေပါင္ႏွင့္ေျခသလံုးမ်ားပါ ေဖါေရာင္၍ အိပ္၍မရ အသက္ရွုၾကပ္လွသည္ဆိုသည္။ ခက္သည္ကား ေက်ာက္ကပ္ေၾကာင့္လား၊ အသည္းေၾကာင့္လား တိတိပပ ေ၀ခဲြမရျဖစ္ျပန္သည္။

ျမိဳ႕တက္၍ ဆရာ၀န္ျဖင့္ စမ္းသပ္မွဳမ်ားျပဳလုပ္ရာ အသည္းေျခာက္ျပီး ေရဖ်ဥ္းစဲြေၾကာင့္ဟု သိရသည္။ ေဆးရံုလည္းမတက္လို၍ ရြာသို႔ျပန္ေခၚရင္း ဘာလုပ္ေပးရမည္မသိ ျဖစ္ေနစဥ္၊

ကိုယ္တိုင္ျဖစ္ဖူးပါတယ္…ငါေျပာသလို လုပ္ၾကည့္ပါဟု မိတ္ေဆြတစ္ဦးကဆို၍ ေအာက္ပါေဆးနည္းအတိုင္း ေဆာင္ရြက္ၾကည့္ရာ အမွန္ပင္ သက္သာေပ်ာက္ကင္းခဲ႔ပါသည္။

*ေဆးနည္း*

★★★
★★★★★★★
★★★★★★★★★★

(၁) မယ္ဇလီပင္မွ အေခါက္ကိုခြါရသည္။

(၂) မယ္ဇလီေခါက္(၃)ပိႆာကို ေရစင္ေအာင္ေဆးျပီး မီးရွဳိ႕ျပာခ်လိုက္ရသည္။

(၃) ထိုျပာမ်ားကို ေရသံုးဖလားျဖင့္ေရာကာ ေန႔စဥ္ နံက္တစ္ၾကိမ္ညေနတစ္ၾကိမ္ လက္ဖက္ရည္အၾကမ္းပန္းကန္လံုး (၁)လံုးမွ် ေရစစ္ျဖင့္စစ္ျပီးတိုက္ေပးရျခင္းျဖစ္ပါသည္။

(၄) ထိုသို႔ျပဳလုပ္ျပီး(၂)ရက္အၾကာတြင္ ဆီးမၾကာခဏစသြားကာ တစ္လအတြင္း ေဖာင္ကားေနသည့္ ဗိုက္အိုးၾကီးမွာ သိသိသားေလ်ာ့က်၍ အရွင္းေပ်ာက္ကင္းသြားျခင္း ျဖစ္သည္ဟုဆိုပါသည္။

ကိုယ္ေတြ႔ၾကံဳဖူးသူ ေျပာျပေသာေဆးနည္းေလးျဖစ္ပါ၍ ေခတ္မီေဆး၀ါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူတို႔ လိုအပ္ပါလွ်င္ အသံုးျပဳနိုင္ပါရန္ တင္ျပလိုက္ပါသည္။

Credit : ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
# Unicode Version ျဖင့္ ဖတ္ပါ #
ရေဖျဉ်း၊ အသည်းသမားအတွက် မှတ်သားဖွယ် မယ်ဇလီပင်

ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..သောက်ပါဆိုသည်စကားပြော၍တစ်နှစ်မျှပင် မကြာလိုက် ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့်အိပ်ရာထဲလဲတော့သည်။

ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။ ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊ အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။

မြို့တက်၍ ဆရာဝန်ဖြင့် စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်ဟု သိရသည်။ ဆေးရုံလည်းမတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်၊

ကိုယ်တိုင်ဖြစ်ဖူးပါတယ်…ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။

*ဆေးနည်း*

★★★
★★★★★★★
★★★★★★★★★★

(၁) မယ်ဇလီပင်မှ အခေါက်ကိုခွါရသည်။

(၂) မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။

(၃) ထိုပြာများကို ရေသုံးဖလားဖြင့်ရောကာ နေ့စဉ် နံက်တစ်ကြိမ်ညနေတစ်ကြိမ် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁)လုံးမျှ ရေစစ်ဖြင့်စစ်ပြီးတိုက်ပေးရခြင်းဖြစ်ပါသည်။

(၄) ထိုသို့ပြုလုပ်ပြီး(၂)ရက်အကြာတွင် ဆီးမကြာခဏစသွားကာ တစ်လအတွင်း ဖောင်ကားနေသည့် ဗိုက်အိုးကြီးမှာ သိသိသားလျော့ကျ၍ အရှင်းပျောက်ကင်းသွားခြင်း ဖြစ်သည်ဟုဆိုပါသည်။

ကိုယ်တွေ့ကြုံဖူးသူ ပြောပြသောဆေးနည်းလေးဖြစ်ပါ၍ ခေတ်မီဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူတို့ လိုအပ်ပါလျှင် အသုံးပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top