iMyanmarHouse.com - Best Property Website for Myanmar
×








Credit: We Love Cele
# Unicode Version ဖြင့် ဖတ်ပါ #
Beauty Blogger နေခြည်ဦးဟာဆိုရင် မြန်မာနိုင်ငံမှာ နာမည်ကြီး လူကြိုက်များတဲ့ သူလေးလည်းဖြစ်ပါတယ်။

သူမကိုချစ်တဲ့ အမျိုးသမီး ပရိသတ်အခိုင်အမာရရှိထားတဲ့ နေခြည်ဦးကတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ပရိသတ်တွေကို ချပြနေတာလည်းဖြစ်ပါတယ်။

မကြာသေးခင်က မျက်နှာခွဲစိတ်မှုလုပ်ပြီးနောက်ပိုင်း ဝေဖန်ထိုးနှက်မှုတွေကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပေမယ့် အရမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ မိသားစုပုံလေးကို ဖေ့စ်ဘွတ်ပေါ်မှာတင်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီပုံတွေထဲမှာ အရမ်းချစ်စရာကောင်းတဲ့ စိမ်းလဲ့ဆိုတဲ့ နေခြည်ဦးရဲ့ ညီမဖြစ်သူဟာ ပရိသတ်တွေကြား ရေပန်းစားလျက်ရှိပါတယ်။

နေခြည်ဦးမှာ ဒီလိုချစ်စရာကောင်းလှတဲ့ ညီမလေးရှိမှန်း ပရိသတ်တွေကို ပေါ်ပေါ်ထင်ထင် အသိပေးခဲ့ခြင်းမရှိပေမယ့် ယခုအချိန်မှာတော့ သူမရဲ့ ချစ်စရာညီမချောလေးကို ချပြလိုက်တာပဲဖြစ်ပါတယ်။

ဘယ်လောက်ထိ ချစ်ဖို့ကောင်းလဲဆိုတာ ပရိသတ်တွေဆုံးဖြတ်လို့ရအောင် နေခြည်ဦးမိသားစုပုံနဲ့ နေခြည်ဦးညီမပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Credit: We Love Cele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top