iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလိုေတြ ေျပာခ်င္တုိင္းသာ ေျပာလုိက္ရမယ္ဆိုရင္ေတာ့ ……..

“ဟဲ့ နင္တို႔တြဲေနတာၾကာလွၿပီ၊ မယူၾကေသးဘူးလား၊ ယူမွာျဖင့္ ျမန္ျမန္ယူေတာ့ေလ။ အသက္ကတျဖည္းျဖည္းႀကီးလာၾကၿပီ။ ႀကီးလာရင္ ကေလးေမြးရဖြားရတာကလည္း လြယ္တာမဟုတ္ဘူး ……ဘလာ ဘလာ ဘလာ ….”

အဲသလို အဲသလို အစခ်ီ၍ ဆက္တိုက္ေျပာေနေသာ အမ်ိဳးသမီးႀကီးကိုၾကည့္ရင္းက မည္သို႔ ျပန္ေျပာရမည္မွန္းပင္ မသိေတာ့ေခ်။ မသိရျခင္း အေၾကာင္းရင္းမွာ ေျပာစရာစကားမ႐ွိ၍မဟုတ္။ ေျပာခ်င္သည့္အရာမ်ား မ်ားလြန္းသျဖင့္ မည္သည့္အေၾကာင္းအရာကို ဦးစြာ စေျပာရမည္မွန္းမသိျခင္း ျဖစ္သလို ဤေလာက္ထိ သူတစ္ပါးကိစၥအား မိမိကိစၥသဖြယ္ ပူပင္ေသာကေရာက္ေပးၿပီး ဘက္စံုေထာင့္စံုေအာင္ ေဝဖန္အႀကံေပးႏိုင္လြန္းသူ အမ်ိဳးသမီးႀကီးအား အံ့ၾသမိျခင္းတို႔ ေရာျပြမ္းကာ တစ္ဒဂၤ ဆြံ႔အသြားျခင္း ျဖစ္ေလေတာ့သတည္း …..

အကယ္၍သာ ဤသို႔ေျပာခ်င္ရာေတြကို အားနာျခင္းမ႐ွိဘဲ စီကာပတ္ကံုးေျပာရမယ္ဆိုလွ်င္ျဖင့္ ဤသို႔ပင္ျဖစ္ေပလိမ့္မည္။

“ဒီမွာ အန္တီေရ၊ ကၽြန္မတို႔လည္း တြဲေနတာၾကာၿပီဆိုတာ သိပါတယ္႐ွင့္ ၊ ကၽြန္မတုိ႔လည္း အခြင့္အေရးေပးမယ္ဆိုရင္ ႐ုတ္တရက္ခ်က္ခ်င္း ဘလိုင္းႀကီးဆိုသလို ေကာက္ကက္ၿပီး ယူပစ္လုိက္ခ်င္တာပါပဲ။ ဒါေပမဲ့ ဒီေခတ္ဆိုတာက အရင္ေခတ္လို စရိတ္စကေတြက ေသးတာလည္း မဟုတ္ဘူး.. အရင္ေခတ္ကလုိ အေရွ႕ခုနစ္အိမ္၊ အေနာက္ခုနစ္အိမ္ကို ကၽြန္ေတာ္တို႔၊ ကၽြန္မတို႔ လင္မယားျဖစ္ပါၿပီလုိ႔ ေၾကညာ႐ံုနဲ႔ ယူလို႔ရေတာ့တာလည္း မဟုတ္ဘူး။

ေဆြမ်ိဳးမိဘအသိုင္းအဝိုင္းၾကားမွာ လူတန္းေစ့မဂၤလာေဆာင္ႏိုင္ပါမွ တန္ကာက်တာမလား။အဲဒီလို လူတန္းေစ့ မဂၤလာေဆာင္ဖုိ႔ဆိုတာကလည္း အန္တီတို႔ေခတ္ကလုိ မလြယ္ေတာ့ဘူး႐ွင့္။ ေခတ္ကာလအေလ်ာက္လုိက္ေလ်ာညီေထြတဲ့ မဂၤလာပြဲအတြက္ အဘက္ဘက္ကေန အကုန္က်ခံျပင္ဆင္ရပါတယ္။ မဂၤလာပြဲမေရာက္ခင္ ကုန္တာနဲ႔တင္ မနည္းဘူးဆုိေတာ့ကာ ဒါေလးတစ္ခု ျဖစ္ေျမာက္ဖို႔ေတာင္ အေတာ္စဥ္းစားရပါတယ္ အန္တီေရ…

မဂၤလာေဆာင္ေတာ့မယ္ဆိုတာနဲ႔ ေဆာင္မယ့္ေနရာက စဥ္းစားရၿပီ။ နယ္ေတြမွာက ေတာ္ပါေသးတယ္။ ရန္ကုန္မွာဆုိရင္ ဟိုတယ္ေကာင္းေကာင္းမွာ ေဆာာင္ႏို္င္မွ။ ဟိုတယ္မွာ အခန္းငွားမယ္ဆုိရင္ ဘြတ္ကင္တင္ရတာကိုက တစ္ႏွစ္ေလာက္ ႀကိဳစီစဥ္ရတယ္။ အခန္းငွားခေတြကလည္း မနည္းဘူးေလ။ ဒါတင္မကေသးဘူး မဂၤလာဝတ္စံုဖိုးေတြ၊ မိတ္ကပ္ဖိုးေတြ၊ ပန္းဖိုးေတြ၊ အစားအေသာက္ဖိုးေတြ ဘယ္ေလာက္႐ွိတယ္ဆိုတာလည္း အန္တီသိတဲ့အတိုင္းပဲ။ ေဈးေတြကလည္း မိုးေပၚက မဆင္းဘူးမဟုတ္လား…

ယူဖို႔ဆိုတာက မဂၤလာေဆာင္တာ တစ္ခုတည္းနဲ႔တင္ ၿပီးတာမဟုတ္ဘူးေလ.. ဒီလို၊ ဒီလိုေတြ ၿပီးသြားတဲ့ေနာက္မွာ ေနဖို႔ထုိင္ဖို႔ဆိုတာက လိုက္လာေသးတာကလား… မိဘအိမ္ကပ္ေနဖို႔ဆိုတာကလည္း ဒီေခတ္မွာ လြယ္တာမွတ္လုိ႔ သားသမီးက ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူးေလ။ အဲဒီေတာ့ အတူေနဖို႔ အိမ္ရွာရၿပီ။ အိမ္ငွားခေတြ၊ အိမ္ၿခံေျမေဈးေတြဆိုတာကလည္း ေခါင္ခိုက္ေနတာ အန္တီလည္းသိမွာေပါ့။ စားဖုိ႔ ေသာက္ဖို႔ ကုန္က်စားရိတ္ကေတာ့ ထည့္မတြက္ဘူးထားပါဦး။

ယူၿပီးလုိ႔ သားသမီးယူတယ္တဲ့… အဲဒါကလည္း ေျပာေတာ့သာ အလြယ္ေလး ကေလးတစ္ေယာက္ယူေတာ့မယ္ဆိုတာနဲ႔ ေမြးဖုိ႔ဖြားဖုိ႔စားရိတ္ေတြ၊ ေမြးၿပီးေတာ့ ျပဳစုေစာင့္ေ႐ွာက္စားရိတ္ေတြ၊ ပညာေရးစားရိတ္ေတြ အမယ္ေလး ေတြးရင္ ဆံုးႏိုင္စရာမ႐ွိဘူး။ ဒီလုိပဲ ေမြးေနၾကတာပါပဲ ဆိုေပမဲ့ ကၽြန္မတို႔က ကိုယ့္သားသမီးကို ေမြးၿပီးၿပီးေရာလုိ႔ သေဘာမထားႏိုင္ဘူး။ လူ႔ေလာကကို ေခၚလာၿပီးမွ ျပည့္ျပည့္စံုစံုထားခ်င္ေသးတယ္ အန္တီေရ။

ဒီေတာ့လည္း အဲဒီ စရိတ္ေတြကို ကာမိဖို႔ စုရေဆာင္းရတယ္ အန္တီ။ အဲဒီေတာ့ အန္တီ့ေမးခြန္းကိုေျဖရမယ္ဆိုရင္ ကၽြန္မတို႔လည္း ေငြစုေနပါတယ္။ ေငြျပည့္ရင္ အန္တီ့ဆီဖိတ္စာပို႔လုိက္ပါ့မယ္။ အဲဒီေတာ့မွ လက္ဖြဲ႔ေကာင္းေကာင္းနဲ႔ လာခဲ့ေပါ့ေနာ္။ အဟင္းဟင္းဟင္း ……..”

ဤသုိ႔ ဤပံုေျပာလိုက္ခ်င္ေသာ္လည္း မေကာင္းတတ္သည္က တစ္ေၾကာင္း လူႀကီးကို ကက္ကက္လန္ေအာင္ေျပာတယ္ဟူ၍ ေနာက္ကြယ္တြင္ မဆံုးႏိုင္ေသာ စကားေပါင္းစံု ေျပာသည္ကိုမခံခ်င္သည္က ကတစ္ေၾကာင္း ၊ ထိုမွစ၍ ကိုယ္ပင္ မသိေသာ ကိုယ့္အေၾကာင္းတို႔သည္ သူတို႔ပါးစပ္ဖ်ား၌ ေရပန္းစားလာမည္ကို မေတြ႕မျမင္မၾကားလိုသည္က တစ္ေၾကာင္း… စသည္တုိ႔ေၾကာင့္ ..
“အဟင္းဟင္း ဟုတ္ကဲ့ အန္တီ၊ သမီးတို႔ ယူေတာ့မွာပါ ပိုက္ဆံစုေနပါတယ္ အဟင္းအဟင္း”
ဟူ၍သာ …….

Credit: Sugar Cane(For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
 ဒီလိုတွေ ပြောချင်တိုင်းသာ ပြောလိုက်ရမယ်ဆိုရင်တော့ ……..

“ဟဲ့ နင်တို့တွဲနေတာကြာလှပြီ၊ မယူကြသေးဘူးလား၊ ယူမှာဖြင့် မြန်မြန်ယူတော့လေ။ အသက်ကတဖြည်းဖြည်းကြီးလာကြပြီ။ ကြီးလာရင် ကလေးမွေးရဖွားရတာကလည်း လွယ်တာမဟုတ်ဘူး ……ဘလာ ဘလာ ဘလာ ….”

အဲသလို အဲသလို အစချီ၍ ဆက်တိုက်ပြောနေသော အမျိုးသမီးကြီးကိုကြည့်ရင်းက မည်သို့ ပြန်ပြောရမည်မှန်းပင် မသိတော့ချေ။ မသိရခြင်း အကြောင်းရင်းမှာ ပြောစရာစကားမရှိ၍မဟုတ်။ ပြောချင်သည့်အရာများ များလွန်းသဖြင့် မည်သည့်အကြောင်းအရာကို ဦးစွာ စပြောရမည်မှန်းမသိခြင်း ဖြစ်သလို ဤလောက်ထိ သူတစ်ပါးကိစ္စအား မိမိကိစ္စသဖွယ် ပူပင်သောကရောက်ပေးပြီး ဘက်စုံထောင့်စုံအောင် ဝေဖန်အကြံပေးနိုင်လွန်းသူ အမျိုးသမီးကြီးအား အံ့သြမိခြင်းတို့ ရောပြွမ်းကာ တစ်ဒင်္ဂ ဆွံ့အသွားခြင်း ဖြစ်လေတော့သတည်း …..

အကယ်၍သာ ဤသို့ပြောချင်ရာတွေကို အားနာခြင်းမရှိဘဲ စီကာပတ်ကုံးပြောရမယ်ဆိုလျှင်ဖြင့် ဤသို့ပင်ဖြစ်ပေလိမ့်မည်။

“ဒီမှာ အန်တီရေ၊ ကျွန်မတို့လည်း တွဲနေတာကြာပြီဆိုတာ သိပါတယ်ရှင့် ၊ ကျွန်မတို့လည်း အခွင့်အရေးပေးမယ်ဆိုရင် ရုတ်တရက်ချက်ချင်း ဘလိုင်းကြီးဆိုသလို ကောက်ကက်ပြီး ယူပစ်လိုက်ချင်တာပါပဲ။ ဒါပေမဲ့ ဒီခေတ်ဆိုတာက အရင်ခေတ်လို စရိတ်စကတွေက သေးတာလည်း မဟုတ်ဘူး.. အရင်ခေတ်ကလို အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်ကို ကျွန်တော်တို့၊ ကျွန်မတို့ လင်မယားဖြစ်ပါပြီလို့ ကြေညာရုံနဲ့ ယူလို့ရတော့တာလည်း မဟုတ်ဘူး။

ဆွေမျိုးမိဘအသိုင်းအဝိုင်းကြားမှာ လူတန်းစေ့မင်္ဂလာဆောင်နိုင်ပါမှ တန်ကာကျတာမလား။အဲဒီလို လူတန်းစေ့ မင်္ဂလာဆောင်ဖို့ဆိုတာကလည်း အန်တီတို့ခေတ်ကလို မလွယ်တော့ဘူးရှင့်။ ခေတ်ကာလအလျောက်လိုက်လျောညီထွေတဲ့ မင်္ဂလာပွဲအတွက် အဘက်ဘက်ကနေ အကုန်ကျခံပြင်ဆင်ရပါတယ်။ မင်္ဂလာပွဲမရောက်ခင် ကုန်တာနဲ့တင် မနည်းဘူးဆိုတော့ကာ ဒါလေးတစ်ခု ဖြစ်မြောက်ဖို့တောင် အတော်စဉ်းစားရပါတယ် အန်တီရေ…

မင်္ဂလာဆောင်တော့မယ်ဆိုတာနဲ့ ဆောင်မယ့်နေရာက စဉ်းစားရပြီ။ နယ်တွေမှာက တော်ပါသေးတယ်။ ရန်ကုန်မှာဆိုရင် ဟိုတယ်ကောင်းကောင်းမှာ ဆောာင်နိုင်မှ။ ဟိုတယ်မှာ အခန်းငှားမယ်ဆိုရင် ဘွတ်ကင်တင်ရတာကိုက တစ်နှစ်လောက် ကြိုစီစဉ်ရတယ်။ အခန်းငှားခတွေကလည်း မနည်းဘူးလေ။ ဒါတင်မကသေးဘူး မင်္ဂလာဝတ်စုံဖိုးတွေ၊ မိတ်ကပ်ဖိုးတွေ၊ ပန်းဖိုးတွေ၊ အစားအသောက်ဖိုးတွေ ဘယ်လောက်ရှိတယ်ဆိုတာလည်း အန်တီသိတဲ့အတိုင်းပဲ။ ဈေးတွေကလည်း မိုးပေါ်က မဆင်းဘူးမဟုတ်လား…

ယူဖို့ဆိုတာက မင်္ဂလာဆောင်တာ တစ်ခုတည်းနဲ့တင် ပြီးတာမဟုတ်ဘူးလေ.. ဒီလို၊ ဒီလိုတွေ ပြီးသွားတဲ့နောက်မှာ နေဖို့ထိုင်ဖို့ဆိုတာက လိုက်လာသေးတာကလား… မိဘအိမ်ကပ်နေဖို့ဆိုတာကလည်း ဒီခေတ်မှာ လွယ်တာမှတ်လို့ သားသမီးက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ။ အဲဒီတော့ အတူနေဖို့ အိမ်ရှာရပြီ။ အိမ်ငှားခတွေ၊ အိမ်ခြံမြေဈေးတွေဆိုတာကလည်း ခေါင်ခိုက်နေတာ အန်တီလည်းသိမှာပေါ့။ စားဖို့ သောက်ဖို့ ကုန်ကျစားရိတ်ကတော့ ထည့်မတွက်ဘူးထားပါဦး။

ယူပြီးလို့ သားသမီးယူတယ်တဲ့… အဲဒါကလည်း ပြောတော့သာ အလွယ်လေး ကလေးတစ်ယောက်ယူတော့မယ်ဆိုတာနဲ့ မွေးဖို့ဖွားဖို့စားရိတ်တွေ၊ မွေးပြီးတော့ ပြုစုစောင့်ရှောက်စားရိတ်တွေ၊ ပညာရေးစားရိတ်တွေ အမယ်လေး တွေးရင် ဆုံးနိုင်စရာမရှိဘူး။ ဒီလိုပဲ မွေးနေကြတာပါပဲ ဆိုပေမဲ့ ကျွန်မတို့က ကိုယ့်သားသမီးကို မွေးပြီးပြီးရောလို့ သဘောမထားနိုင်ဘူး။ လူ့လောကကို ခေါ်လာပြီးမှ ပြည့်ပြည့်စုံစုံထားချင်သေးတယ် အန်တီရေ။

ဒီတော့လည်း အဲဒီ စရိတ်တွေကို ကာမိဖို့ စုရဆောင်းရတယ် အန်တီ။ အဲဒီတော့ အန်တီ့မေးခွန်းကိုဖြေရမယ်ဆိုရင် ကျွန်မတို့လည်း ငွေစုနေပါတယ်။ ငွေပြည့်ရင် အန်တီ့ဆီဖိတ်စာပို့လိုက်ပါ့မယ်။ အဲဒီတော့မှ လက်ဖွဲ့ကောင်းကောင်းနဲ့ လာခဲ့ပေါ့နော်။ အဟင်းဟင်းဟင်း ……..”

ဤသို့ ဤပုံပြောလိုက်ချင်သော်လည်း မကောင်းတတ်သည်က တစ်ကြောင်း လူကြီးကို ကက်ကက်လန်အောင်ပြောတယ်ဟူ၍ နောက်ကွယ်တွင် မဆုံးနိုင်သော စကားပေါင်းစုံ ပြောသည်ကိုမခံချင်သည်က ကတစ်ကြောင်း ၊ ထိုမှစ၍ ကိုယ်ပင် မသိသော ကိုယ့်အကြောင်းတို့သည် သူတို့ပါးစပ်ဖျား၌ ရေပန်းစားလာမည်ကို မတွေ့မမြင်မကြားလိုသည်က တစ်ကြောင်း… စသည်တို့ကြောင့် ..
“အဟင်းဟင်း ဟုတ်ကဲ့ အန်တီ၊ သမီးတို့ ယူတော့မှာပါ ပိုက်ဆံစုနေပါတယ် အဟင်းအဟင်း”
ဟူ၍သာ …….

Credit: Sugar Cane(For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top