iMyanmarHouse.com - Best Property Website for Myanmar
×
Credit: We Love Cele
# Unicode Version ဖြင့် ဖတ်ပါ #
ပရိတ်သတ်ကြီးရေ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေအသဲစွဲ နာမည်ကြီးအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို ပရိတ်ကြီးအရမ်းချစ်မယ်ထင်ပါတယ်။စိုင်းစိုင်းဟာ အမြဲတမ်းအသစ်ဆန်းတွေ အမိုက်စားတွေနဲ့ သူရဲ့ပရိသတ်ကြီးကိုအမြဲ suprise လုပ်ဖျော်ဖြေတက်သူလည်းဖြစ်ပါတယ်။သူရဲ့ ပွဲတိုင်းကလည်း အမြဲလို ပရိသတ်တွေအပြည့်အလျှံပါပဲ။စိုင်းစိုင်းရဲ့ မိန်းကလေးပရိတ်သတ် အများစုက စိုင်းစိုင်းကိုတော့ အမြဲ သဲသဲလှုပ်အားပေးကြတာတွေ့ရပါတယ်။
သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ်တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။လတ်တလောမှာတော့ စိုင်းစိုင်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုတလှပ်လှပ်ဖြစ်သွားစေတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို တင်ထားတာတွေ့ရပါတယ်။စိုင်းကတော့ ချစ်ပရိသတ်တွေ အသည်းစွဲ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိအထိ လူပျိုကြီးရာထူးကို ထိန်းသိမ်းထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်သဘောထားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ သူ့ရဲ့အမှုအရာလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုခဲ့မယ်ထင်ပါတယ်။
ဗီဒီယိုလေးထဲမှာ ကလေးတစ်ယောက်လို အရမ်းချစ်စရာကောင်းနေတဲ့ စိုင်းရဲ့ ဗီဒီယိုလေးကလည်းသူရဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။။ကဲ..ချစ်ပရိသတ်ကြီးတွက် စိုင်းစိုင်းရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။ဘယ်ချိန်ကြည့် အမြဲနုပျိုနေတဲ့ စိုင်းရေ ဒီထက်မကအောင်မြင်မူကိုပိုင်ဆိုင်ပါစေနော်။၏
မှတ်ချက်-မြန်မာလုတ်စာမျက်နှာထက်မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
Credit: We Love Cele
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top