iMyanmarHouse.com - Best Property Website for Myanmar
×


သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားသလို ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္ၿပီး အၿမဲတမ္း ေပ်ာ္ေပ်ာ္ေ နတတ္တဲ့ သရုပ္ေဆာင္ ခိုင္သင္းၾကည္ရဲ႕ ခံယူခ်က္ေလးေတြက ရိုးရွင္းၿပီး အတုယူစရာ အရမ္းေကာင္း လွပါတယ္။ ခိုင္သင္းၾကည္ရဲ႕ ခံယူခ်က္ေလးေတြက ဘာေတြျဖစ္မလဲ။

သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားသလို ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္ၿပီး အၿမဲတမ္း ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သရုပ္ေဆာင္ ခိုင္သင္းၾကည္ရဲ႕ ခံယူခ်က္ေလးေတြက ရိုးရွင္းၿပီး အတုယူစရာ အရမ္းေကာင္းလွပါတယ္။ အၿပိဳင္အဆိုင္ေတြနဲ႕ ရႈပ္ယွက္ ခက္ေနတဲ့ အႏုပညာေလာကႀကီးမွာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ အႏုပညာရွင္ေတြဟာ အရမ္းကို ရွားပါးေနတာ ေတြ႕ရပါတယ္။

အဲ့လိုအႏုပညာရွင္ေတြၾကားထဲမွာ သူမကေတာ့ အခုထိ ေအာင္ျမင္မႈကို ေရရွည္စြာ ထိန္းသိမ္းႏိုင္သူ တစ္ဦးဆိုလည္းမမွားပါဘူး။ ဒီလို အရႈပ္ေတြၾကားထဲမွာ မခိုင္ေလးတစ္ေယာက္ ဘယ္လိုေနထုိင္လဲဆိုတာကိုလည္း ယခုလုိ ေျပာျပထားတာေတြ႕ရပါတယ္။


"မခိုင္က စိတ္ရွင္းရွင္းပဲ ထားတယ္။ မခိုင္ ၿပိဳင္လည္း မၿပိဳင္ခ်င္ဘူး။ သူ႕ေလာက္မွ မလွလို႕ဆိုၿပီး ဝမ္းနည္းတာေတြဘာေတြလည္း မျဖစ္ဘူး။ သူေလာက္မွ မခ်မ္းသားလည္း ငါမခ်မ္းသာရျခင္းဆုိၿပီး စိတ္မဆင္းရဲဘူး။ သူတို႕ေတြ ဝတ္ႏိုင္တယ္။ စားႏုိင္တယ္။ လွႏိုင္တယ္ဆုိရင္ ကိုယ္ေပ်ာ္ ေပးတတ္တယ္။ မခိုင္ကေတာ့ အဲ့လိုစိတ္ေလးထားတယ္။" လို႕ စက္တင္ဘာ(၉)ရက္ေန႕က ျပဳလုပ္တဲ့ "၁၂ပြဲေစ်းသည္" ရုပ္ရွင္ ဇာတ္ ကား ကန္ေတာ့ပြဲမွာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။


ခိုင္သင္းၾကည္ဟာ အႏုပညာေလာကထဲ ဝင္ခါစမွာ လူမႈဆက္ဆံေရးနဲ႕ ပတ္သက္ၿပီး သိပ္မေကာင္းဘူးလို႕ သိရပါတယ္။ အခုမွ လူမႈဆက္ဆံ ေရးပိုင္းမွာ ေကာင္းလာတာဆိုၿပီး မီဒီယာေတြကို ဆက္လက္ေျပာျပထားတာေတြ႕ရပါတယ္။

"အခုမွပဲ မခိုင္ေလးက လူမႈေရးေလး ေကာင္းလာတာ။ စဝင္ခါစတုန္းက မခိုင္က မခိုင္က ငယ္ငယ္တုန္းကဆိုရင္ မိန္းကေလး ေက်ာင္းေတြပဲ တက္တယ္။ အေဖကလည္း ဘယ္မွ မလႊတ္ေတာ့ ေယာက်္ား ေလး အေပါင္းအသင္းမရွိေတာ့ စဝင္ခါစတုန္းကဆိုရင္ မင္းသားေတြကို စကားမေျပာတတ္ဘူးတခ်ိဳ႕မင္းသားေတြဆို အျမင္ကပ္တယ္။ မရိုက္ခ်င္ၾကဘူး။ အခုက်ေတာ့ အရင္တုန္းကနဲ႕ တျခားဆီပဲ အခုေတာ့ ကိုယ့္အသံႀကီးပဲ။" ဆိုၿပီး ေျပာျပခဲ့ပါေသးတယ္။

လက္ရွိမွာ ဇာတ္ကားေတြ ဆက္တိုုက္ဆုိသလို ရိုက္ကူးေနတဲ့ ခိုင္သင္းၾကည္ဟာ ေအာက္တိုဘာလထဲတြင္လည္း ေနျခည္ဦးတို႕နဲ႕အတူ ရုပ္ရွင္ဇာတ္ကားတစ္ကား ရိုက္ကူးဖို႕ ရွိသလို ဒါရိုက္တာ ကိုေဇာ္(အရုဏ္ဦး)ရိုက္ကူးမယ့္  "၁၂ပြဲေစ်းသည္" ဆိုတဲ့ ရုပ္ရွင္ဇာတ္ကား ႀကီးမွာလည္း ပါဝင္ရိုက္ကူးဖို႕ ရွိတယ္လို႕ သိရပါတယ္။

ဒရာမာဇာတ္ကားေရာ၊ ဟာသဇာတ္ကားေရာ၊ အခ်စ္ဇာတ္ကား၊ အၾကမ္း ဇာတ္ကားေတြ ရုိက္ကူးရတဲ့အခါ ကာရုိက္တာတုိင္းအတြက္ ပီပီ ျပင္ျပင္ သရုပ္ေဆာင္တတ္တဲ့ ခုိင္သင္းၾကည္ကုိလည္း ဒီဇာတ္ကားထဲမွာ သနပ္ခါးသည္မေလး ကာရိုက္တာနဲ႔ ျမင္ေတြ႔ရဦးမွာ ျဖစ္ပါတယ္။

'' မခုိင္ရဲ႕ ကာရုိက္တာေလးကေတာ့ ျမင္ေနၾကအတိုင္းပဲေပါ့ေနာ္။ သြက္သြက္လက္လက္ေလးနဲ႔ ေစ်းေရာင္းရမယ္။ ေစ်းသည္ ကာရုိက္ တာ ေလးပါ သနပ္ခါးေရာင္းရမယ္။ ကုိယ္တုိင္လည္း သနပ္ခါးလိမ္းရမယ္၊ ပြဲေစ်းတုိင္းမွာလည္း ေစ်းလုိက္ေရာင္းရမယ္ေပါ့ေနာ္၊ ဟိုဘက္က ကုိလူမင္းတုိ႔ ေရႊမႈံရတီတုိ႔လည္း အဲ့ဒီလုိပါပဲ'' လုိ႕ သူကေျပာပါတယ္။


၁၂ ပြဲေစ်းသည္ ရုပ္ရွင္ဇာတ္ကားႀကီးဟာ ေတာ္ဝင္မင္းသား ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္မယ့္ ဒုတိယေျမာက္ ရုပ္ရွင္ဇာတ္ကားျဖစ္ပါ တယ္။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ လူမင္း၊ ေဇရဲထက္၊ ညီထြဋ္ေခါင္၊ ခုိင္သင္းၾကည္၊ ေရႊမႈံရတီ၊ တကၠသုိလ္ဂြမ္းပုံ နဲ႔ ဝါဝါေအာင္တုိ႔က အဓိကပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

ခိုင္သင္းၾကည္ဟာ က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူ တစ္ဦးျဖစ္ၿပီး ့ပရိသတ္မ်ားရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။၂၀၁၃ခုႏွစ္က စုန္းျပဴး ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို႕ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ရုပ္ရွင္ဇာတ္ကား နဲ႕ ေကာင္းဆံုးအမ်ိဳး သမီးဇာတ္ေဆာင္ ဆုကို  ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #

တကယ့္ကို ပြင့္လင္းလြန္းတဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ။
တကယ့်ကို ပွင့်လင်းလွန်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။
သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသလို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး အမြဲတမ်း ပျော်ပျော်ေ နတတ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခံယူချက်လေးတွေက ရိုးရှင်းပြီး အတုယူစရာ အရမ်းကောင်း လှပါတယ်။ ခိုင်သင်းကြည်ရဲ့ ခံယူချက်လေးတွေက ဘာတွေဖြစ်မလဲ။

သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသလို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခံယူချက်လေးတွေက ရိုးရှင်းပြီး အတုယူစရာ အရမ်းကောင်းလှပါတယ်။ အပြိုင်အဆိုင်တွေနဲ့ ရှုပ်ယှက် ခက်နေတဲ့ အနုပညာလောကကြီးမှာ ပရိသတ်တွေ လေးစားအားကျရတဲ့ အနုပညာရှင်တွေဟာ အရမ်းကို ရှားပါးနေတာ တွေ့ရပါတယ်။

အဲ့လိုအနုပညာရှင်တွေကြားထဲမှာ သူမကတော့ အခုထိ အောင်မြင်မှုကို ရေရှည်စွာ ထိန်းသိမ်းနိုင်သူ တစ်ဦးဆိုလည်းမမှားပါဘူး။ ဒီလို အရှုပ်တွေကြားထဲမှာ မခိုင်လေးတစ်ယောက် ဘယ်လိုနေထိုင်လဲဆိုတာကိုလည်း ယခုလို ပြောပြထားတာတွေ့ရပါတယ်။

"မခိုင်က စိတ်ရှင်းရှင်းပဲ ထားတယ်။ မခိုင် ပြိုင်လည်း မပြိုင်ချင်ဘူး။ သူ့လောက်မှ မလှလို့ဆိုပြီး ဝမ်းနည်းတာတွေဘာတွေလည်း မဖြစ်ဘူး။ သူလောက်မှ မချမ်းသားလည်း ငါမချမ်းသာရခြင်းဆိုပြီး စိတ်မဆင်းရဲဘူး။ သူတို့တွေ ဝတ်နိုင်တယ်။ စားနိုင်တယ်။ လှနိုင်တယ်ဆိုရင် ကိုယ်ပျော် ပေးတတ်တယ်။ မခိုင်ကတော့ အဲ့လိုစိတ်လေးထားတယ်။" လို့ စက်တင်ဘာ(၉)ရက်နေ့က ပြုလုပ်တဲ့ "၁၂ပွဲဈေးသည်" ရုပ်ရှင် ဇာတ် ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ဟာ အနုပညာလောကထဲ ဝင်ခါစမှာ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး သိပ်မကောင်းဘူးလို့ သိရပါတယ်။ အခုမှ လူမှုဆက်ဆံ ရေးပိုင်းမှာ ကောင်းလာတာဆိုပြီး မီဒီယာတွေကို ဆက်လက်ပြောပြထားတာတွေ့ရပါတယ်။

"အခုမှပဲ မခိုင်လေးက လူမှုရေးလေး ကောင်းလာတာ။ စဝင်ခါစတုန်းက မခိုင်က မခိုင်က ငယ်ငယ်တုန်းကဆိုရင် မိန်းကလေး ကျောင်းတွေပဲ တက်တယ်။ အဖေကလည်း ဘယ်မှ မလွှတ်တော့ ယောကျ်ား လေး အပေါင်းအသင်းမရှိတော့ စဝင်ခါစတုန်းကဆိုရင် မင်းသားတွေကို စကားမပြောတတ်ဘူးတချို့မင်းသားတွေဆို အမြင်ကပ်တယ်။ မရိုက်ချင်ကြဘူး။ အခုကျတော့ အရင်တုန်းကနဲ့ တခြားဆီပဲ အခုတော့ ကိုယ့်အသံကြီးပဲ။" ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေတဲ့ ခိုင်သင်းကြည်ဟာ အောက်တိုဘာလထဲတွင်လည်း နေခြည်ဦးတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိသလို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးမယ့်  "၁၂ပွဲဈေးသည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးမှာလည်း ပါဝင်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

ဒရာမာဇာတ်ကားရော၊ ဟာသဇာတ်ကားရော၊ အချစ်ဇာတ်ကား၊ အကြမ်း ဇာတ်ကားတွေ ရိုက်ကူးရတဲ့အခါ ကာရိုက်တာတိုင်းအတွက် ပီပီ ပြင်ပြင် သရုပ်ဆောင်တတ်တဲ့ ခိုင်သင်းကြည်ကိုလည်း ဒီဇာတ်ကားထဲမှာ သနပ်ခါးသည်မလေး ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

'' မခိုင်ရဲ့ ကာရိုက်တာလေးကတော့ မြင်နေကြအတိုင်းပဲပေါ့နော်။ သွက်သွက်လက်လက်လေးနဲ့ ဈေးရောင်းရမယ်။ ဈေးသည် ကာရိုက် တာ လေးပါ သနပ်ခါးရောင်းရမယ်။ ကိုယ်တိုင်လည်း သနပ်ခါးလိမ်းရမယ်၊ ပွဲဈေးတိုင်းမှာလည်း ဈေးလိုက်ရောင်းရမယ်ပေါ့နော်၊ ဟိုဘက်က ကိုလူမင်းတို့ ရွှေမှုံရတီတို့လည်း အဲ့ဒီလိုပါပဲ'' လို့ သူကပြောပါတယ်။

၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးဟာ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ နဲ့ ဝါဝါအောင်တို့က အဓိကပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top