iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးလြန္ခဲ့တဲ့နွစ္ေပါင္းအၾကာကတည္းက အသံပါဝါအားေကာင္းေကာင္းနဲ႔ ပရိသတ္ေတြရင္ထဲကုိ ထုိးေဖာက္ဝင္ေရာက္လာခဲ့တဲ့ ထူးအယ္လင္းဟာ တစ္နိုင္ငံလံုးက နွစ္သက္အားေပးၾကတဲ့ အဆုိေတာ္တစ္ဦးျဖစ္ပါတယ္။ ထူးအယ္လင္းက အခုေနာက္ပိုင္းမွာ အဆိုေတာ္တင္မက သရုပ္ေဆာင္ပိုင္းကိုပါ ခ်ည္းနင္းဝင္ေရာက္လာခဲ့ျပီျဖစ္ျပီး အဆိုေတာ္ေတြခ်ည္းပဲစုရိုက္တဲ့ Special 9 ဆိုတဲ့ ဇာတ္ကားမွာ Villian လူဆိုးဂိုဏ္းခ်ဳပ္ၾကီးေနရာကေန ပါဝင္သရုပ္ေဆာင္ထားျပီး အဲဒီကားက မၾကာခင္ ရံုတင္ေတာ့မွာျဖစ္ပါတယ္။ ထူးအယ္လင္းက Media ေတြနဲ႔ Interview မွာ သူ႔ရဲ႕ personal life အေၾကာင္းတစ္ေစ့တစ္ေစာင္းနဲ႔ သမီးေလးအေၾကာင္းေတြပါေျပာျပသြားပါတယ္။

ထူးအယ္လင္းက သူရဲ႕ဥယ်ာဥ္မွဴးသီခ်င္းရဲ႕အဓိပၸါယ္ကို “ဥယ်ာဥ္မွဴးလက္ထဲမွာရွိတဲ့ပန္းေတြက ဥယ်ာဥ္မွဴးေစာင့္ေရွာက္မႈနဲ႔ သူတို႔အားလံုးေကာင္းတယ္။ အျပင္လူကျဖစ္ေစ သူ႔ကုိပန္ခ်င္လုိ႔ျဖစ္ေစ ယူခ်င္လုိ႔ျဖစ္ေစ ယူလိုက္ျပီဆုိရင္ ဒီပန္းေလးဟာ ေခါင္းေပၚမွာပဲျဖစ္ေစ ဘုရားစင္မွာပဲျဖစ္ေစ အမ်ားဆံုးခံရင္တစ္ပတ္ေပါ့။ ပက္ပက္စက္စက္ခံရင္ တစ္ပတ္ေပါ့။ အခ်ိန္တန္ရင္အမိႈက္ျဖစ္သြားမွာပဲ။ အဲ့ေတာ့ မိဘေတြလူၾကီးေတြ၊ကုိယ္လုပ္ေနတဲ့လုပ္ငန္းေဆာင္တာက ဦးေဆာင္သူေတြဟာ ဥယ်ာဥ္မွဴးျဖစ္တယ္လုိ႔ကြ်န္ေတာ္ေျပာခ်င္ပါတယ္။ကြ်န္ေတာ့္သမီးအတြက္ ကြ်န္ေတာ္ရည္ရြယ္ျပီးဆိုထားတာ။အဲ့ထဲမွာလည္း ျဖဴျဖဴစင္စင္လင္းလုိက္ေတာ့ကြယ္ …ဆိုတာပါတယ္”လုိ႔ ေျပာျပထားပါတယ္။

သမီးေလးအေၾကာင္းေမးရာမွာ ထူးအယ္လင္းက “သမီးက ကြ်န္ေတာ့္ရင္ဘတ္ေအာက္ထဲမွာရွိတယ္။ ကြ်န္ေတာ္ပဲထိန္းသိမ္းထားတာ ကြ်န္ေတာ့္သမီးကုိ။မီးမီးခဲဟာ Australia မွာ ကေလးနွစ္ေယာက္ေတာင္ေမြးျပီးသြားျပီ။ သူ႔ရဲ႕ ေမြးတဲ့ သမီးအၾကီးက ကြ်န္ေတာ့္သားထက္ တစ္နွစ္ေက်ာ္ေက်ာ္ၾကီးေသးတယ္။သူကအရင္အိမ္ေထာင္ျပဳသြားတာ။ အဲ့ေတာ့ သူတုိ႔ကိစၥကုိ ကြ်န္ေတာ္မေဖာ္ေတာ့ဘူး။ ထားလိုက္ေတာ့။ ကုိယ့္ေပါင္ကုိယ္လွန္ေထာင္းတယ္ ျဖစ္မွာစုိးလို႔။ ကြ်န္ေတာ္က ျငိမ္ျငိမ္သက္သက္ပဲေျဖခ်င္ပါတယ္။ ကြ်န္ေတာ့္သမီးက ကြ်န္ေတာ့္ရဲ႕ရင္ခြင္ေအာက္မွာပဲရွိတယ္။ ကြ်န္ေတာ့္ရဲ႕ေစာင့္ေရွာက္မႈေအာက္မွာပဲ ကြ်န္ေတာ့္သမီးကုိ ကြ်န္ေတာ္ထားတယ္။ ”လုိ႔ ေသခ်ာတိက်စြာေျဖၾကားသြားခဲ့ပါတယ္။

ထူးအယ္လင္းက သမီးေလးဟာ သီခ်င္းဆုိတာကိုပိုျပီးအားသန္တယ္လို႔လည္းေျပာျပထားျပီး သမီးေလးအေပၚဆံုးမထားတာေတြကုိလည္း “ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ့္သမီးကုိ သူဘာလုပ္ခ်င္လဲဆိုတာကိုပဲၾကည့္မယ္။ နံပါတ္တစ္ ကုိယ့္ကုိယ္ကုိယ္မထိခိုက္ေစနဲ႔ နံပါတ္နွစ္ ကုိယ္နဲ႔ပတ္သက္တဲ့ပတ္ဝန္းက်င္ေတြကုိမထိခိုက္ေစနဲ႔။ သမီးၾကိဳက္တာလုပ္၊သမီးမိုက္တာလုပ္၊သမီးသေဘာပဲ။သူလည္းလူတစ္ေယာက္ပဲေလ။ သူ႔ Authority သူရွိရမယ္”လို႔ ေအးေအးခ်မ္းခ်မ္းေျပာျပသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ထူးအယ္လင္းကိုခ်စ္ၾကလား။ ကြ်န္ေတာ့္ကုိခ်စ္သလိုကြ်န္ေတာ့္သမီးေလးကုိ ခ်စ္ေပးၾကပါ ဘာဘာညာညာမေျပာတတ္တဲ့ လူရိုးၾကီးထူးအယ္လင္းကုိ အရင္ကထက္ပိုျပီးအားေပးၾကပါစုိ႔။

Photos credit -Htoo El Lynn Facebook

Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းအကြာကတည်းက အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရင်ထဲကိုထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ထူးအယ်လင်းဟာ တစ်နိုင်ငံလုံးက နှစ်သက်အားပေးကြတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ထူးအယ်လင်းက အခုနောက်ပိုင်းမှာ အဆိုတော်တင်မက သရုပ်ဆောင်ပိုင်းကိုပါ ချည်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်ပြီး အဆိုတော်တွေချည်းပဲစုရိုက်တဲ့ Special 9 ဆိုတဲ့ ဇာတ်ကားမှာ Villian လူဆိုးဂိုဏ်းချုပ်ကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီကားက မကြာခင် ရုံတင်တော့မှာဖြစ်ပါတယ်။ ထူးအယ်လင်းက Media တွေနဲ့ Interview မှာ သူ့ရဲ့ personal life အကြောင်းတစ်စေ့တစ်စောင်းနဲ့ သမီးလေးအကြောင်းတွေပါပြောပြသွားပါတယ်။

ထူးအယ်လင်းက သူရဲ့ဥယျာဉ်မှူးသီချင်းရဲ့အဓိပ္ပါယ်ကို “ဥယျာဉ်မှူးလက်ထဲမှာရှိတဲ့ပန်းတွေက ဥယျာဉ်မှူးစောင့်ရှောက်မှုနဲ့ သူတို့အားလုံးကောင်းတယ်။ အပြင်လူကဖြစ်စေ သူ့ကိုပန်ချင်လို့ဖြစ်စေ ယူချင်လို့ဖြစ်စေ ယူလိုက်ပြီဆိုရင် ဒီပန်းလေးဟာ ခေါင်းပေါ်မှာပဲဖြစ်စေ ဘုရားစင်မှာပဲဖြစ်စေ အများဆုံးခံရင်တစ်ပတ်ပေါ့။ ပက်ပက်စက်စက်ခံရင် တစ်ပတ်ပေါ့။ အချိန်တန်ရင်အမှိုက်ဖြစ်သွားမှာပဲ။ အဲ့တော့ မိဘတွေလူကြီးတွေ၊ကိုယ်လုပ်နေတဲ့လုပ်ငန်းဆောင်တာက ဦးဆောင်သူတွေဟာ ဥယျာဉ်မှူးဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ကျွန်တော့်သမီးအတွက် ကျွန်တော်ရည်ရွယ်ပြီးဆိုထားတာ။အဲ့ထဲမှာလည်း ဖြူဖြူစင်စင်လင်းလိုက်တော့ကွယ်…ဆိုတာပါတယ်”လို့ ပြောပြထားပါတယ်။

သမီးလေးအကြောင်းမေးရာမှာ ထူးအယ်လင်းက “သမီးက ကျွန်တော့်ရင်ဘတ်အောက်ထဲမှာရှိတယ်။ ကျွန်တော်ပဲထိန်းသိမ်းထားတာ ကျွန်တော့်သမီးကို။မီးမီးခဲဟာ Australia မှာ ကလေးနှစ်ယောက်တောင်မွေးပြီးသွားပြီ။ သူ့ရဲ့ မွေးတဲ့ သမီးအကြီးက ကျွန်တော့်သားထက်တစ်နှစ်ကျော်ကျော်ကြီးသေးတယ်။သူကအရင်အိမ်ထောင်ပြုသွားတာ။ အဲ့တော့ သူတို့ကိစ္စကို ကျွန်တော်မဖော်တော့ဘူး။ထားလိုက်တော့။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်ဖြစ်မှာစိုးလို့။ကျွန်တော်က ငြိမ်ငြိမ်သက်သက်ပဲဖြေချင်ပါတယ်။ ကျွန်တော့်သမီးက ကျွန်တော့်ရဲ့ရင်ခွင်အောက်မှာပဲရှိတယ်။ ကျွန်တော့်ရဲ့စောင့်ရှောက်မှုအောက်မှာပဲ ကျွန်တော့်သမီးကို ကျွန်တော်ထားတယ်။”လို့ သေချာတိကျစွာဖြေကြားသွားခဲ့ပါတယ်။

ထူးအယ်လင်းက သမီးလေးဟာ သီချင်းဆိုတာကိုပိုပြီးအားသန်တယ်လို့လည်းပြောပြထားပြီး သမီးလေးအပေါ်ဆုံးမထားတာတွေကိုလည်း “ကျွန်တော်ကတော့ ကျွန်တော့်သမီးကို သူဘာလုပ်ချင်လဲဆိုတာကိုပဲကြည့်မယ်။ နံပါတ်တစ် ကိုယ့်ကိုယ်ကိုယ်မထိခိုက်စေနဲ့ နံပါတ်နှစ် ကိုယ်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်တွေကိုမထိခိုက်စေနဲ့။ သမီးကြိုက်တာလုပ်၊သမီးမိုက်တာလုပ်၊သမီးသဘောပဲ။သူလည်းလူတစ်ယောက်ပဲလေ။ သူ့ Authority သူရှိရမယ်”လို့ အေးအေးချမ်းချမ်းပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ထူးအယ်လင်းကိုချစ်ကြလား။ ကျွန်တော့်ကိုချစ်သလိုကျွန်တော့်သမီးလေးကို ချစ်ပေးကြပါ ဘာဘာညာညာမပြောတတ်တဲ့ လူရိုးကြီးထူးအယ်လင်းကို အရင်ကထက်ပိုပြီးအားပေးကြပါစို့။

Photos credit -Htoo El Lynn Facebook

Credit: Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top