iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Askstylemedia
# Unicode Version ဖြင့် ဖတ်ပါ #
လက်ရှိ ပြည်တွင်းနာမည်ကြီးအနုပညာရှင်မင်းသမီးချောလေးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကိုတော့အားလုံးချစ်မယ်ထင်ပါတယ်။
ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို လက်ရှိလူကြိုက်များမင်းသမီးတစ်လက်ဖြစ်ပြီး မတူညီတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားများအပါအဝင်အခြားဇာတ်ကားများစွာရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။
ပရိသတ်အချစ်တော် ဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြထားခြင်းမရှိသလို လက်ရှိအထိSingle ရာထူးကိုထိန်သိမ်းထားနေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ဒီကနေ့ ဝတ်မှုန်ရွှေရည်ကတော့သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အချစ်ရေးနဲ့ပတ်သက်ပြီး စာသားအချို့နှင့်အတူ ပြသထားတာတွေ့ရပါတယ်။
အဆိုပါ ဝတ်မှုန်ရွှေရည်ရဲ့ စာသားလေးကတော့ “အပေါ်ယံ မျက်နှာ ပြင်ပေါ်က အလှအပတွေထက် ရင်ထဲက အလှကိုပဲ ချစ်တယ်။ လမ်းမလျှောက်နိုင်ရင် တွဲခေါ်မယ်။ နေမကောင်းဖြစ်ရင် ပြုစုမယ်။ ကိုယ်ဟာကိုမစားနိုင်ရင် ခွံကျွေးမယ်။
စိတ်ဓာတ်ကျရင် အားပေးမယ်။ ငိုနေရင် ချော့မယ်။ဘဝခရီးမှာ အဖော်ဆိုတာ တယောက်ထဲပဲ ကိုယ့်အတွက် ရှိတယ်။ချစ်ခြင်းများစွာဖြင့်……” ဟူ၍ရေးသားထားတာတွေ့ရပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး လိုချင်တဲ့ပုံသဏ္ဍန်ကိုရေးသားဖော်ပြခဲ့တဲ့ ရွှေကစ်ရဲ့ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
Share From Myanmar Celes Media.
Credit: Askstylemedia
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top