iMyanmarHouse.com - Best Property Website for Myanmar
×









Credit: We Love Cele
# Unicode Version ဖြင့် ဖတ်ပါ #

Special Makeup Artist တစ်ယောက်ဖြစ်တဲ့ ဟာနယူရီကတော့ ထိုင်းနိုင်ငံဘန်ကောက်ကိုအလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။

မကြာခဏ ခရီးသွားဓာတ်ပုံလေးတွေကို ပရိသတ်တွေဆီသို့ မျှဝေလေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော် ဘန်နီဖြိုးနဲ့ နှစ်ကြာမြင့်စွာ လက်တွဲခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲခဲ့ပေမယ့်လည်း သူမကတော့ သူမရဲ့အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

Single ဘဝအနေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေပြီး မကြာခဏ ခရီးတွေ ထွက်တတ်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။

ကိုရီးယားမလေးလို ဖြူစင်အပြစ်ကင်းလွန်းလှတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေကချစ်နေရတာလည်းဖြစ်ပါတယ်။

ဟာနယူရိကတော့ ခုလက်ရှိထိုင်းနိုင်ငံကိုရောက်ရှိနေပြီး ကမ္ဘာကျော် Dance မောင်နှမ နှစ်ဦးဖြစ်တဲ့ Ranz,Niana တို့ နဲ့တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင် မောင်နှမနှစ်ယောက်ရဲ့ Dance ဗီဒီယိုလေးတွေကတော့ ကမ္ဘာတဝန်းမှာရေပန်းစားကျော်ကြားလျှက်ရှိပြီး သူတို့ မောင်နှမနှစ်ယောက်ရဲ့ Type လေးကို ချစ်ခင်နှစ်သက်သူတွေ အရမ်းများတာလည်းဖြစ်ပါတယ်။

ဟာနယူရီကတော့ ဖိလစ်ပိုင်မောင်နှမနှစ်ယောက်နဲ့ တွေ့ခွင့်ရလို့ ပျော်ရွှင်ခဲ့ရတဲ့ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်ကနေမျှဝေပေးထားတာဖြစ်ပါတယ်။

Credit: We Love Cele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top