iMyanmarHouse.com - Best Property Website for Myanmar
×







Credit: myanpedia
# Unicode Version ဖြင့် ဖတ်ပါ #
အနုပညာလောကမှာ ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ဆယ်စုနှစ် တစ်ခုတိုင် အောင် အောင်မြင်ကျော်ကြားနေဆဲဖြစ်တဲ့ အနုပညာရှင်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ လူပျိုကြီး စိုင်းစိုင်း နဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်း တို့ကတော့ ရှုတင်တစ်ခုမှာ ဆုံဆည်းခဲ့ကြပါတယ် ။

“မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ” ဇာတ်ကားမှာ ရေဝတီအဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထား တဲ့ ရှမ်းမလေးပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ ကဗျာဆန်ဆန် စာဆန်ဆန်လေးတွေ ရေးတင်လေ့ရှိတဲ့သူတစ်ယောက် ဖြစ်သလိုမကြာသေးမီကမှ နန်းစန္ဒာလှထွန်းတစ်ယောက် စိုင်းစိုင်းရဲ့ပိုစ်အောက်မှာ ” Love u Sai Sai Khan Leng ” ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့တာကြောင့် စိုင်းစိုင်းရဲ့ မိန်းကလေး ပရိသတ်တွေကြားမှာ ဂယက်ထခဲ့ပါသေးတယ် ။

အခုလည်း ရှုတင်တစ်ခုမှာ ရှမ်းအဝတ်စားလေးတွေနဲ့ရိုက်ကူးရေးလုပ်နေတဲ့ သူမက စိုင်းစိုင်းနဲ့ နှစ်ယောက်တွဲပုံကိုတင်ပြီး ” Shooting လေးတစ်ခုပါဘဲ ” ဆိုတဲ့ စာသား လေး နဲ့အတူ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

ချစ်ပရိသတ်ကြီးအတွက် စိုင်းနဲ့နန်းရဲ့ ရှမ်း ဝတ်စုံလေးတွေနဲ့ ရှုတင်ရိုက်ကွင်းပုံရိပ်လေးတွေ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

ချစ်ပရိသတ်ကြီးကလည်း ရှမ်းဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်နေတဲ့ အနုပညာရှင် တွေဖြစ်တဲ့ စိုင်း နဲ့ နန်းကို အားပေးလိုက်ကြပါဦးနော် ။

Credit: myanpedia
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top