iMyanmarHouse.com - Best Property Website for Myanmar
×

အရက္ အမူးလြန္ေနတဲ့ လကၡဏာေတြကေတာ့ စကားေျပာ ေလးလာျခင္း၊ ေျဖာင့္ေျဖာင့္ မရပ္ႏိုင္ေတာ့ျခင္း၊ မထို္င္ႏို္င္ေတာ့ျခင္း၊ လွဲခ်လိုျခင္း (သို႔) လွိမ့္ခ်လိုျခင္း၊ ဒယိမ္းဒယိုင္ လမ္းေလွ်ာက္ျခင္း၊ ပံုမွန္မဟုတ္ဘဲ အရွက္ကင္းမဲ့ေသာ အျပဳအမူမ်ား၊ အၾကမ္းပတမ္း တံု႔ျပန္မႈမ်ား၊ ဘာမွမမွတ္မိေတာ့ျခင္း၊ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ႐ုတ္တရက္ ေျပာင္းလဲမွႈမ်ား စတာေတြ ျဖစ္ပါတယ္။

●        အရက္ အမူးလြန္ေနတဲ့သူကို ဘယ္ေလာက္ေစာင့္ေရွာက္မႈေပးရမလဲ ဆိုတာကို သိဖို႔လိုပါတယ္။

●        အရက္ ထပ္မေသာက္ေတာ့ဖို႔ ကူညီေပးရပါမယ္။ ေရ (သို႔) တျခားေဖ်ာ္ရည္တစ္ခုခုပဲ တိုက္ပါ။ ေကာ္ဖီက ေရဓာတ္ ခမ္းေျခာက္ေစၿပီးေတာ့ အစာအိမ္ကို ထိခိုက္ေစႏိုင္တဲ့အတြက္ ေကာ္ဖီ မတိုက္ပါနဲ႔။

●        အရက္မူးေနတဲ့သူကို ပိုၿပီးေဒါသထြက္ေစမယ့္စကားေတြ မေျပာပါနဲ႔။

●        ထိခိုက္ဒဏ္ရာ မရေစဖို႔အတြက္ ကူညီေပးပါ။ အရက္ေၾကာင့္ ကိုယ္ကို ေကာင္းေကာင္း မထိန္းႏိုင္ေတာ့တဲ့အတြက္ လမ္းေကာင္းေကာင္းေလွ်ာက္ဖို႔ ခက္ပါလိမ့္မယ္။ ခံုေပၚမွာ၊ ၾကမ္းျပင္ေပၚမွာ အႏၲရာယ္ကင္းကင္း ထိုင္ေနႏိုင္ဖို႔အတြက္ ကူညီေပးပါ။ အန္ခ်င္လာတယ္ဆိုရင္ အန္လို႔ အဆင္ေျပမယ့္ေနရာကို ပို႔ေပးပါ။ အိပ္လ်က္အေနအထားနဲ႔ အန္တာဆိုရင္ အေပၚဒူးကိုေကြးၿပီး ေဘးေစာင္းေပးထားပါ။ ပက္လက္ျပန္လန္မသြားေစဖို႔ ေနာက္ေက်ာမွာ တစ္ခုခု ခံထားေပးပါ။ ပက္လက္နဲ႔အန္ရင္ အစာ နင္တတ္ပါတယ္။

●        အမူးသမားက လဲက်ေနၿပီးေတာ့ လဲက်တာလား၊ ျပဳတ္က်လာတာလား မေသခ်ာရင္ ေဆးကုသမႈအကူအညီရဖို႔ ႀကိဳးစားပါ။ ဦးေခါင္းဒဏ္ရာေၾကာင့္ျဖစ္တဲ့ လကၡဏာက မူးေနတဲ့အခါမွာ ခြဲရခက္ပါတယ္။

●        အိမ္သာ သြားခ်င္တယ္ဆိုရင္ အေဖာ္လိုက္ေပးပါ ၿပီးတဲ့အထိ ေစာင့္ေပးပါ။ မူးေနတဲ့သူက လဲၿပီးေတာ့ ေရခ်ိဳးခန္း၊ အိမ္သာထဲမွာ လဲၿပီး ေခါင္းခိုက္မိႏိုင္ေခ် မ်ားပါတယ္။

●        အမူးလြန္ေနတဲ့သူကို တစ္ေယာက္တည္းအိပ္ဖို႔ ပစ္မထားပါနဲ႔။ အိပ္ရင္းသားအန္ၿပီး အန္ဖတ္ဆို႔ကာ ေသႏိုင္ပါတယ္။

●        အမူးလြန္ေနတဲ့သူနဲ႔ အတူေနမေပးႏိုင္ဘူးဆိုရင္ တျခားတစ္ေယာက္လည္း ေနေပးဖို႔ မေသခ်ာဘူးဆိုရင္ သူ႔ရဲ႕အိမ္၊ သူငယ္ခ်င္း၊ မိတ္ေဆြတစ္ေယာက္ေယာက္ကို ဖုန္းေခၚၿပီး လာေခၚေပးဖို႔ေျပာပါ။

●        မၾကာခဏ စစ္ၾကည့္ပါ။ သူ႔ရဲ႕နာမည္ကို အက်ယ္ႀကီးေခၚၿပီး မ်က္လံုး ဖြင့္ခိုင္းျခင္း၊ ဖိျခင္းေတြလုပ္ၿပီး တံု႔ျပန္မႈ ရွိ၊ မရွိ ေစာင့္ၾကည့္ပါ။ တစ္မိနစ္ကို ၁၂-၂၀ ႀကိမ္ေလာက္ အသက္၇ွဴရင္ပံုမွန္ပါပဲ။

●        အရက္ အဆိပ္သင့္မႈ ရွိ၊ မရွိ ၾကည့္ပါ။ အသက္႐ွဴတာ အရမ္းေႏွးလာၿပီး တံု႔ျပန္မႈမရွိပါက အရက္ အဆိပ္သင့္တာပါ။ ဒါက အသက္႐ွဴ ရပ္သြားျခင္း၊ ႏွလံုးခုန္ ရပ္သြားျခင္းေတြျဖစ္ၿပီး ေသေစႏိုင္တဲ့အတြက္ အေရးေပၚ ခ်က္ခ်င္းလုပ္ပါ။ အေရးေပၚ အကူအညီ ေတာင္းပါ။ သတိလစ္သြားျခင္း၊ ႏႈတ္ခမ္းနဲ႔ လက္သည္းထိပ္မ်ား ျပာႏွမ္းလာျခင္း၊ ေရဓာတ္ ခမ္းေျခာက္ျခင္း၊ ႏွလံုုးခုန္ျမန္လာျခင္း၊ အိပ္ေပ်ာ္ေနစဥ္ အန္ၿပီး ႏိုးမလာေတာ့ျခင္း၊ ေျခလက္မ်ား ေအးစက္ေနျခင္း စတဲ့ လကၡဏာေတြ ေတြ႕ရင္ အေရးေပၚ ကုသမႈခံယူဖို႔ အေရးႀကီးပါတယ္။

●        အကူအညီ ေရာက္လာတဲ့အထိ ေဘးမွာေနေပးပါ။ လူနာကို ေႏြးသြားေအာင္ ထားၿပီးေတာ့ အသက္ရွဴႏႈန္းကို ေစာင့္ၾကည့္ပါ။

●        အရမ္း စိတ္မလႈပ္ရွားပါနဲ႔။ စိတ္ကို ၿငိမ္ေအာင္ထားပါ။ ေၾကာက္ေနရင္ ဘာမွလုပ္လို႔ရမွာ မဟုတ္ပါဘူး။

●        လူနာ သတိရေနတယ္ ဆိုရင္လည္း ဘာမွမေျပာဘဲနဲ႔သြားထိတာမ်ိဳးမလုပ္ပါနဲ႔။ မူးေနတဲ့သူက ၾကမ္းၾကမ္းတမ္းတမ္း တံု႔ျပန္တတ္ပါတယ္။

●        တျခားတစ္ေယာက္ေယာက္ ေဘးမွာရွိေနရင္ သူ႔ကို အေရးေပၚကား ေခၚခိုင္းပါ။



>>    ဒီလိုအမွားေတြ မလုပ္မိပါေစနဲ႔။

●        အရက္ရဲ႕တံု႔ျပန္မႈက တစ္ေယာက္နဲ႔တစ္ေယာက္ မတူပါဘူး။ တစ္ေယာက္ ခံႏိုင္ရည္ရွိတဲ့ပမာဏနဲ႔ တျခားတစ္ေယာက္ ခံႏိုင္ရည္ရွိတာျခင္း မတူပါဘူး။ ကိုယ္ ဒီေလာက္ေသာက္ႏိုင္တိုင္း သူမ်ားက ေသာက္ႏုိင္ခ်င္မွ ေသာက္ႏိုင္မွာပါ။

●        အစားစားဖို႔ အတင္းမတိုက္တြန္းပါနဲ႔။ မူးေနခ်ိန္မွာ အစာစားျခင္းက အစာနင္ေစႏိုင္ပါတယ္။

●        မူးေနတဲ့သူက ဗိုက္ဆာလို႔ အစာေတာင္းရင္ေတာင္္မွ အစာ နင္၊ မနင္ဆိုတာကို ေစာင့္ၾကည့္ေနပါ။

●        ေကာ္ဖီျပင္းျပင္းေတြ ေသာက္ခိုင္းတာ၊ ေလ့က်င့္ခန္း လုပ္ခိုင္းတာနဲ႔ ပါးကို လက္နဲ႔ ႐ိုက္တာေတြက အလုပ္မျဖစ္ပါဘူး။ အယူအဆ အမွားေတြပါ။ မူးေနတဲ့သူကို  ကူညီႏိုင္တဲ့အခ်က္ကေတာ့ ေစာင့္ၾကည့္ေပးဖို႔နဲ႔ အရည္ဓာတ္ ျပည့္ဝေအာင္လုပ္ေပးဖို႔ပါပဲ။

●        မူးေနတဲ့သူအေပၚကို ေရမေလာင္းခ်ပါနဲ႔။ မူးေနတဲ့သူကို ႏိုးလာေအာင္ ေရေလာင္းခ်တာက ေရနစ္ႏို္င္ေခ်၊ အစာနင္ႏုိင္ေခ်ကို ပိုမ်ားေစပါတယ္။

Credit: Dr. Mya Myo Myo Swe (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အရက် အမူးလွန်နေတဲ့ လက္ခဏာတွေကတော့ စကားပြော လေးလာခြင်း၊ ဖြောင့်ဖြောင့် မရပ်နိုင်တော့ခြင်း၊ မထိုင်နိုင်တော့ခြင်း၊ လှဲချလိုခြင်း (သို့) လှိမ့်ချလိုခြင်း၊ ဒယိမ်းဒယိုင် လမ်းလျှောက်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အရှက်ကင်းမဲ့သော အပြုအမူများ၊ အကြမ်းပတမ်း တုံ့ပြန်မှုများ၊ ဘာမှမမှတ်မိတော့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲမှှုများ စတာတွေ ဖြစ်ပါတယ်။

●        အရက် အမူးလွန်နေတဲ့သူကို ဘယ်လောက်စောင့်ရှောက်မှုပေးရမလဲ ဆိုတာကို သိဖို့လိုပါတယ်။

●        အရက် ထပ်မသောက်တော့ဖို့ ကူညီပေးရပါမယ်။ ရေ (သို့) တခြားဖျော်ရည်တစ်ခုခုပဲ တိုက်ပါ။ ကော်ဖီက ရေဓာတ် ခမ်းခြောက်စေပြီးတော့ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့အတွက် ကော်ဖီ မတိုက်ပါနဲ့။

●        အရက်မူးနေတဲ့သူကို ပိုပြီးဒေါသထွက်စေမယ့်စကားတွေ မပြောပါနဲ့။

●        ထိခိုက်ဒဏ်ရာ မရစေဖို့အတွက် ကူညီပေးပါ။ အရက်ကြောင့် ကိုယ်ကို ကောင်းကောင်း မထိန်းနိုင်တော့တဲ့အတွက် လမ်းကောင်းကောင်းလျှောက်ဖို့ ခက်ပါလိမ့်မယ်။ ခုံပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ အန္တရာယ်ကင်းကင်း ထိုင်နေနိုင်ဖို့အတွက် ကူညီပေးပါ။ အန်ချင်လာတယ်ဆိုရင် အန်လို့ အဆင်ပြေမယ့်နေရာကို ပို့ပေးပါ။ အိပ်လျက်အနေအထားနဲ့ အန်တာဆိုရင် အပေါ်ဒူးကိုကွေးပြီး ဘေးစောင်းပေးထားပါ။ ပက်လက်ပြန်လန်မသွားစေဖို့ နောက်ကျောမှာ တစ်ခုခု ခံထားပေးပါ။ ပက်လက်နဲ့အန်ရင် အစာ နင်တတ်ပါတယ်။

●        အမူးသမားက လဲကျနေပြီးတော့ လဲကျတာလား၊ ပြုတ်ကျလာတာလား မသေချာရင် ဆေးကုသမှုအကူအညီရဖို့ ကြိုးစားပါ။ ဦးခေါင်းဒဏ်ရာကြောင့်ဖြစ်တဲ့ လက္ခဏာက မူးနေတဲ့အခါမှာ ခွဲရခက်ပါတယ်။

●        အိမ်သာ သွားချင်တယ်ဆိုရင် အဖော်လိုက်ပေးပါ ပြီးတဲ့အထိ စောင့်ပေးပါ။ မူးနေတဲ့သူက လဲပြီးတော့ ရေချိုးခန်း၊ အိမ်သာထဲမှာ လဲပြီး ခေါင်းခိုက်မိနိုင်ချေ များပါတယ်။

●        အမူးလွန်နေတဲ့သူကို တစ်ယောက်တည်းအိပ်ဖို့ ပစ်မထားပါနဲ့။ အိပ်ရင်းသားအန်ပြီး အန်ဖတ်ဆို့ကာ သေနိုင်ပါတယ်။

●        အမူးလွန်နေတဲ့သူနဲ့ အတူနေမပေးနိုင်ဘူးဆိုရင် တခြားတစ်ယောက်လည်း နေပေးဖို့ မသေချာဘူးဆိုရင် သူ့ရဲ့အိမ်၊ သူငယ်ချင်း၊ မိတ်ဆွေတစ်ယောက်ယောက်ကို ဖုန်းခေါ်ပြီး လာခေါ်ပေးဖို့ပြောပါ။

●        မကြာခဏ စစ်ကြည့်ပါ။ သူ့ရဲ့နာမည်ကို အကျယ်ကြီးခေါ်ပြီး မျက်လုံး ဖွင့်ခိုင်းခြင်း၊ ဖိခြင်းတွေလုပ်ပြီး တုံ့ပြန်မှု ရှိ၊ မရှိ စောင့်ကြည့်ပါ။ တစ်မိနစ်ကို ၁၂-၂၀ ကြိမ်လောက် အသက်၇ှူရင်ပုံမှန်ပါပဲ။

●        အရက် အဆိပ်သင့်မှု ရှိ၊ မရှိ ကြည့်ပါ။ အသက်ရှူတာ အရမ်းနှေးလာပြီး တုံ့ပြန်မှုမရှိပါက အရက် အဆိပ်သင့်တာပါ။ ဒါက အသက်ရှူ ရပ်သွားခြင်း၊ နှလုံးခုန် ရပ်သွားခြင်းတွေဖြစ်ပြီး သေစေနိုင်တဲ့အတွက် အရေးပေါ် ချက်ချင်းလုပ်ပါ။ အရေးပေါ် အကူအညီ တောင်းပါ။ သတိလစ်သွားခြင်း၊ နှုတ်ခမ်းနဲ့ လက်သည်းထိပ်များ ပြာနှမ်းလာခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ အိပ်ပျော်နေစဉ် အန်ပြီး နိုးမလာတော့ခြင်း၊ ခြေလက်များ အေးစက်နေခြင်း စတဲ့ လက္ခဏာတွေ တွေ့ရင် အရေးပေါ် ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

●        အကူအညီ ရောက်လာတဲ့အထိ ဘေးမှာနေပေးပါ။ လူနာကို နွေးသွားအောင် ထားပြီးတော့ အသက်ရှူနှုန်းကို စောင့်ကြည့်ပါ။

●        အရမ်း စိတ်မလှုပ်ရှားပါနဲ့။ စိတ်ကို ငြိမ်အောင်ထားပါ။ ကြောက်နေရင် ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။

●        လူနာ သတိရနေတယ် ဆိုရင်လည်း ဘာမှမပြောဘဲနဲ့သွားထိတာမျိုးမလုပ်ပါနဲ့။ မူးနေတဲ့သူက ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တတ်ပါတယ်။

●        တခြားတစ်ယောက်ယောက် ဘေးမှာရှိနေရင် သူ့ကို အရေးပေါ်ကား ခေါ်ခိုင်းပါ။



>>    ဒီလိုအမှားတွေ မလုပ်မိပါစေနဲ့။

●        အရက်ရဲ့တုံ့ပြန်မှုက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တစ်ယောက် ခံနိုင်ရည်ရှိတဲ့ပမာဏနဲ့ တခြားတစ်ယောက် ခံနိုင်ရည်ရှိတာခြင်း မတူပါဘူး။ ကိုယ် ဒီလောက်သောက်နိုင်တိုင်း သူများက သောက်နိုင်ချင်မှ သောက်နိုင်မှာပါ။

●        အစားစားဖို့ အတင်းမတိုက်တွန်းပါနဲ့။ မူးနေချိန်မှာ အစာစားခြင်းက အစာနင်စေနိုင်ပါတယ်။

●        မူးနေတဲ့သူက ဗိုက်ဆာလို့ အစာတောင်းရင်တောင်မှ အစာ နင်၊ မနင်ဆိုတာကို စောင့်ကြည့်နေပါ။

●        ကော်ဖီပြင်းပြင်းတွေ သောက်ခိုင်းတာ၊ လေ့ကျင့်ခန်း လုပ်ခိုင်းတာနဲ့ ပါးကို လက်နဲ့ ရိုက်တာတွေက အလုပ်မဖြစ်ပါဘူး။ အယူအဆ အမှားတွေပါ။ မူးနေတဲ့သူကို  ကူညီနိုင်တဲ့အချက်ကတော့ စောင့်ကြည့်ပေးဖို့နဲ့ အရည်ဓာတ် ပြည့်ဝအောင်လုပ်ပေးဖို့ပါပဲ။

●        မူးနေတဲ့သူအပေါ်ကို ရေမလောင်းချပါနဲ့။ မူးနေတဲ့သူကို နိုးလာအောင် ရေလောင်းချတာက ရေနစ်နိုင်ချေ၊ အစာနင်နိုင်ချေကို ပိုများစေပါတယ်။

Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top