iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ အမွန္တကယ္လိုအပ္တာက ဘာျဖစ္မယ္လို႔ ထင္ပါသလဲ။ မိန္းကေလးေတြရဲ႕ စိတ္အာ႐ုံကိုဆြဲေဆာင္ႏိုင္ဖို႔အတြက္ သူတို႔လိုခ်င္မယ္ထင္တဲ့အရာကို ျဖည့္ဆည္းေပးရမွာ အမွားအယြင္းေတြနဲ႔ ၾကံဳရေလ့ရွိပါတယ္။ ေယာကၤ်ားေလးနဲ႔ မိန္းကေလးေတြက ေတြးေခၚပံုခ်င္းကစလို႔ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ကြဲျပားျခားနားၾကပါတယ္။ ဒါ့ေၾကာင့္ မိန္းကေလးေတြ လိုခ်င္တယ္၊ လိုအပ္တယ္လို႔ ေယာကၤ်ားေလးေတြက လြဲမွားစြာယူဆထားတတ္တဲ့ အခ်က္(၈)ခုကို စုစည္းေဖာ္ျပေပးလိုပါတယ္။

၁။ အရမ္းယဥ္ေက်းေဖာ္ေရြလြန္းျခင္း

ေယာကၤ်ားေလးအမ်ားစုက ယဥ္ေက်းပ်ဴငွာလြန္းတာကို မိန္းကေလးေတြသေဘာက်မယ္လို႔ ထင္တတ္ၾကပါတယ္။ တကယ္လက္ေတြ႕မွာေတာ့ မဟုတ္ပါဘူး။ အရမ္းယဥ္ေက်းလြန္းေနတာမ်ိဳးကို မိန္းကေလးေတြက အသိအမွတ္မျပဳတတ္ၾကပါဘူး။ အရမ္းယဥ္ေက်းေဖာ္ေရြတတ္တဲ့ ေယာကၤ်ားေလးေတြက သူတို႔ရဲ႕ ကိုယ္ပိုင္အေတြးနဲ႔ ထင္ျမင္ယူဆခ်က္ေတြကို ေဖာ္ျပဖို႔ အားနာတံု႔ေႏွးေနတတ္တာေၾကာင့္ ျဖစ္ပါတယ္။ တကယ္ေတာ့ ေယာကၤ်ားပီပီသသ ယဥ္ေက်းစြာေျပာဆိုဆက္ဆံတတ္မႈနဲ႔ အရမ္းႏွိမ့္ခ်ၿပီး ယဥ္ေက်းေဖာ္ေရြတာက မတူညီဘူးဆိုတာကို သတိထားသင့္ပါတယ္။

၂။ သူမရဲ႕မိသားစု၊ မိတ္ေဆြေတြနဲ႔ သီးျခားဆက္ဆံေရးတည္ေဆာက္ျခင္း

ဟုတ္ပါတယ္။ သင့္ခ်စ္သူမိန္းကေလးရဲ႕ မိသားစု၀င္ေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ဆက္ဆံေရးေကာင္းရွိဖို႔က ေရရွည္အတြက္ အေရးႀကီးတာမွန္ပါတယ္။ အထူးသျဖင့္ သင့္နဲ႔လက္ထပ္ေတာ့မယ့္ မိန္းကေလးတစ္ေယာက္နဲ႔ ပတ္သက္ရာပတ္သက္ေၾကာင္းရွိသူေတြနဲ႔ ခင္မင္ရင္းႏွီးတာက အားလံုးအတြက္ အဆင္ေျပေနေစႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခုသတိထားရမွာက ဒီလူေတြအားလံုးက သင့္ေကာင္မေလးနဲ႔ပတ္သက္ၿပီး သိကၽြမ္းရသူေတြျဖစ္ပါတယ္။ ဒီအခ်က္ကို သတိမထားပဲ သင့္ေကာင္မေလးကို ေက်ာ္ၿပီး လိုတာထက္ပိုတဲ့ဆက္ဆံေရးကို တည္ေဆာက္မယ္ဆိုရင္ သူမအတြက္ စိတ္အေႏွာက္အယွက္ျဖစ္စရာ ျဖစ္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဒီကိစၥကို ျဖည္းျဖည္းမွန္မွန္ပဲ ရွိေနပါေစ။

bar

၃။ လိုတာထက္ပိုၿပီး ခ်စ္ျပေနျခင္း

မိန္းကေလးတစ္ေယာက္ကို လုိတာထက္ပိုၿပီး သဲသဲလႈပ္ခ်စ္ျပေနတာကလည္း လံုေလာက္ေအာင္ မခ်စ္ျပတာနဲ႔ ရလဒ္ခ်င္း တူညီပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕လႈပ္ရွားမႈကို သူမဘယ္လိုတံုျပန္သလဲဆိုတာကို သတိထားေစာင့္ၾကည့္ပါ။ လိုခ်င္တဲ့ပံုစံျဖစ္ေနတယ္ဆိုရင္ သူမသေဘာက်လို႔ျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ မလိုလားတဲ့ပံုစံျပေနရင္ေတာ့ ေနရာမွာပဲ ရပ္လိုက္ပါ။ ယုယၾကင္နာမႈနဲ႔ပတ္သက္လာရင္ မ်ားမ်ားခ်စ္ျပေလ ပိုေကာင္းေလပဲလို႔ တထစ္ခ်မွတ္ယူမထားသင့္ပါဘူး။

၄။ အျမဲဆက္သြယ္ေနျခင္း

ဆိုရွယ္မီဒီယာေတြနဲ႔ စာတိုပို႔နည္းပညာေတြ ထြန္းကားတဲ့ေခတ္ကာလမွာ အခ်ိန္မေရြး တစ္ေယာက္နဲ႔တစ္ေယာက္ ထိေတြ႕ဆက္သြယ္ေနဖို႔ အရမ္းကိုလြယ္ကူပါတယ္။ ဒီေနရာမွာ ပြင့္လင္ျမင္သာတဲ့ ဆက္သြယ္မႈရွိဖို႔က အေရးႀကီးပါတယ္။ မၾကာခဏဖုန္းေတြဆက္၊ မက္ေဆ့ဂ်္ေတြပို႔ၿပီး အဆင္ေျပရဲ႕လား၊ စားၿပီးၿပီလာ စသျဖင့္ ေမးျမန္းဂ႐ုစိုက္တာမ်ိဳးကို သေဘာက်တဲ့ မိန္းကေလးမ်ိဳးနဲ႔ သင္ေတြ႕ရင္ေတြ႕ခဲ့ဖူးမွာပါ။ ဒါေပမယ့္ အခုလက္ရွိ သင့္ခ်စ္သူမိန္းကေလးက အလုပ္ကိုပဲ အျပည့္အ၀အာ႐ုံစိုက္တတ္သူျဖစ္ေနမယ္ဆိုရင္ မၾကာခဏဆက္သြယ္ေနတာမ်ိဳးက သူမကိုစိတ္အေႏွာက္အယွက္ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ တစ္ေန႔တာမွာ ဘယ္ႏွစ္ႀကိမ္ေလာက္ ဆက္သြယ္တာက ႏွစ္ေယာက္စလံုးအတြက္ အေကာင္းဆံုးျဖစ္မလဲဆိုတာက ဆန္းစစ္သိျမင္တတ္ဖို႔ လိုပါတယ္။

၅။ စိတ္ခံစားမႈကို ထုတ္ေဖာ္မျပျခင္း

ေယာကၤ်ားေလးေတြမွာ ခ်စ္သူရည္းစားေတြအၾကား စိတ္ခံစားမႈအေျခအေနနဲ႔ပတ္သက္ၿပီး အစြန္းေရာက္တဲ့ အယူအဆေတြရွိေနတတ္ပါတယ္။ တခ်ိဳ႕ေတြက နည္းနည္းေလးဆိုတာနဲ႔ ထိလြယ္ရွလြယ္ခံစားတတ္ၾကၿပီး တစ္ခ်ိဳ႕ေတြကေတာ့ သူတို႔ရဲ႕ခံစားမႈေတြကို လံုး၀မ်ိဳသိပ္သို၀ွက္ထားတတ္ၾကပါတယ္။ တကယ္တမ္းေတာ့ မိန္းကေလးေတြက ခံစားမႈအရမ္းေပ်ာ့ညံ့သူေတြနဲ႔လည္း လက္မတြဲခ်င္ၾကသလို စိတ္ခံစားမႈလံုး၀မရွိတဲ့ ပံုစံမ်ိဳးကိုလည္း မႀကိဳက္တတ္ၾကပါဘူး။ ဒါ့ေၾကာင့္ သင့္မိန္းကေလးရဲ႕ စိတ္ခံစားမႈကို မွ်ေ၀ခံစားေပးသလို သင့္ရဲ႕ခံစားခ်က္ကိုလည္း အထိုက္အေလ်ာက္ျပသပါ။

၆။ ဘာညာကိစၥ စာေတြပို႔ျခင္း

သင့္မိန္းကေလးရဲ႕ စိတ္ကိုႏႈိးဆြဖို႔အတြက္ ဘာညာကိစၥ စာေတြေပးပို႔တာက မွန္မွန္ကန္ကန္အသံုးမခ်တတ္ရင္ အရမ္းအႏၱရာယ္မ်ားတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ စာလံုးေတြနဲ႔ပဲ ဆက္သြယ္ရတာက သင္ေျပာခ်င္တဲ့အေၾကာင္းအရာကို အျပည့္အ၀ပံုေဖာ္ေပးႏိုင္ဖို႔ ခက္ပါလိမ့္မယ္။ ဒါ့အျပင္ သူမရဲ႕ အႀကိဳက္ကို ေသခ်ာမသိေသးပဲ ဒီလိုစာေတြေပးပို႔မယ္ဆိုရင္ မိန္းကေလးအတြက္ စိတ္ပ်က္သြားေစႏိုင္ပါတယ္။ ေနာက္ထပ္အေရးႀကီးတာက ဘာညာကိစၥ စာေတြေပးပို႔တာက သူမကို စြဲလမ္းေနတယ္ဆိုတဲ့ အခ်က္ကိုမေပၚလြင္ေစပဲ သူမဆီက ဒီကိစၥပဲေတာင္းဆိုေနတယ္လို႔ ထင္သြားႏိုင္ေခ်ရွိပါတယ္။

၇။ ျပႆနာေတြကို ကိုယ္စားေျဖရွင္းေပးဖို႔ ႀကိဳးစားျခင္း

မိန္းကေလးတစ္ေယာက္က အေၾကာင္းတစ္ခုခုနဲ႔ပတ္သက္ၿပီး သင့္ကိုေျပာျပလာၿပီဆိုရင္ ဘာလုပ္ရမလဲလို႔ မေမးမခ်င္း သင့္ဆီက ကူညီေျဖရွင္းခ်က္ကို လုိခ်င္လို႔ေျပာေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ ေယာကၤ်ားေလးအမ်ားစုက ျပႆနာေျဖရွင္းရတာကို အားသန္တဲ့အတြက္ ေျဖရွင္းေပးခ်င္တတ္ၾကတာက ခက္ေနတာျဖစ္ပါတယ္။ သူမအတြက္ေတာ့ သင့္က ဖြင့္ဟတိုင္ပင္ဖို႔ ယုံၾကည္စိတ္ခ်က္ရသူတစ္ဦးအျဖစ္ ယူဆၿပီး သူမကိုယ္တိုင္ေျဖရွင္းႏိုင္ဖို႔ သင့္ကိုကူညီေပးေစခ်င္႐ုံပဲ ျဖစ္ပါတယ္။

၈။ ေနာက္ေရွာင္ေနၿပီး သူမကိုပဲ ဆံုးျဖတ္ခ်က္ခ်ခိုင္းျခင္း

ယေန႔ေခတ္ရဲ႕ အမ်ိဳးသားေတြက တကယ္ကိုစိတ္႐ႈပ္ေနၾကရပါတယ္။ ကၽြန္ေတာ္တို႔အားလံုးက က်ားမတန္းတူျဖစ္ေရး၊ အမ်ိဳးသမီးအခြင့္အေရးစတာေတြနဲ႔ ရင္ဆိုင္ေနရၿပီး မိန္းကေလးေတြကို ေဖးမကူညီဖို႔၊ ေလးစားဖို႔ ဦးစားေပးဖို႔ အျမဲတမ္းတိုက္တြန္းခံေနရပါတယ္။ ဥပမာေျပာရရင္ လုပ္ငန္းခြင္ထဲမွာ သာတူညီမွ်တဲ့ လုပ္ခလစာေပးတာမ်ိဳးကိုဆိုလိုပါတယ္။ ဒါေပမယ့္ ဒီလိုက်ားမမခြဲျခားရဘူးဆိုတာမ်ိဳးက မိန္းကေလးကိုပဲ အျမဲဦးစားေပးၿပီး ေနရာတကာသူမဆံုးျဖတ္ခ်က္အတိုင္း လုပ္ေနဖို႔မဆိုလိုပါဘူး။ သင့္မိန္းကေလးက အလုပ္ထဲမွာ ရာထူးအခြင့္အာဏာရွိသူျဖစ္ေပမယ့္လည္း အျပင္မွာသင္နဲ႔ခ်ိန္းေတြတဲ့အခါ သင္ဦးေဆာင္စီစဥ္တာမ်ိဳးကို အလိုရွိတတ္ပါတယ္။

အဆံုးသတ္အေနနဲ႔ဆိုရင္ လူတစ္ဦးခ်င္းတစ္ေယာက္ခ်င္းဆီမွာေရာ၊ ခ်စ္သူရည္းစားဆက္ဆံေရးတိုင္းမွာပါ ကြဲျပားျခားနားမႈေတြ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ သင္တို႔ခ်စ္သူႏွစ္ဦးၾကား ဆက္ဆံေရးအေျခအေနကို ေလ့လာပါ၊ လိုအပ္တာေတြကို သင္ယူပါ။ ခ်စ္သူမိန္းကေလးနဲ႔ အလိုက္အထိုက္ကို နားလည္ေအာင္ ႀကိဳးစားၿပီး မွန္မွန္ကန္ကန္ျဖည့္စြမ္းေပးႏိုင္ပါေစ။

Credit: Gentleman
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတစ်ယောက် အမှန်တကယ်လိုအပ်တာက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ မိန်းကလေးတွေရဲ့ စိတ်အာရုံကိုဆွဲဆောင်နိုင်ဖို့အတွက် သူတို့လိုချင်မယ်ထင်တဲ့အရာကို ဖြည့်ဆည်းပေးရမှာ အမှားအယွင်းတွေနဲ့ ကြုံရလေ့ရှိပါတယ်။ ယောင်္ကျားလေးနဲ့ မိန်းကလေးတွေက တွေးခေါ်ပုံချင်းကစလို့ ကိစ္စတော်တော်များများမှာ ကွဲပြားခြားနားကြပါတယ်။ ဒါ့ကြောင့် မိန်းကလေးတွေ လိုချင်တယ်၊ လိုအပ်တယ်လို့ ယောင်္ကျားလေးတွေက လွဲမှားစွာယူဆထားတတ်တဲ့ အချက်(၈)ခုကို စုစည်းဖော်ပြပေးလိုပါတယ်။

၁။ အရမ်းယဉ်ကျေးဖော်ရွေလွန်းခြင်း

ယောင်္ကျားလေးအများစုက ယဉ်ကျေးပျူငှာလွန်းတာကို မိန်းကလေးတွေသဘောကျမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်လက်တွေ့မှာတော့ မဟုတ်ပါဘူး။ အရမ်းယဉ်ကျေးလွန်းနေတာမျိုးကို မိန်းကလေးတွေက အသိအမှတ်မပြုတတ်ကြပါဘူး။ အရမ်းယဉ်ကျေးဖော်ရွေတတ်တဲ့ ယောင်္ကျားလေးတွေက သူတို့ရဲ့ ကိုယ်ပိုင်အတွေးနဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြဖို့ အားနာတုံ့နှေးနေတတ်တာကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ယောင်္ကျားပီပီသသ ယဉ်ကျေးစွာပြောဆိုဆက်ဆံတတ်မှုနဲ့ အရမ်းနှိမ့်ချပြီး ယဉ်ကျေးဖော်ရွေတာက မတူညီဘူးဆိုတာကို သတိထားသင့်ပါတယ်။

၂။ သူမရဲ့မိသားစု၊ မိတ်ဆွေတွေနဲ့ သီးခြားဆက်ဆံရေးတည်ဆောက်ခြင်း

ဟုတ်ပါတယ်။ သင့်ချစ်သူမိန်းကလေးရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကောင်းရှိဖို့က ရေရှည်အတွက် အရေးကြီးတာမှန်ပါတယ်။ အထူးသဖြင့် သင့်နဲ့လက်ထပ်တော့မယ့် မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ရာပတ်သက်ကြောင်းရှိသူတွေနဲ့ ခင်မင်ရင်းနှီးတာက အားလုံးအတွက် အဆင်ပြေနေစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီလူတွေအားလုံးက သင့်ကောင်မလေးနဲ့ပတ်သက်ပြီး သိကျွမ်းရသူတွေဖြစ်ပါတယ်။ ဒီအချက်ကို သတိမထားပဲ သင့်ကောင်မလေးကို ကျော်ပြီး လိုတာထက်ပိုတဲ့ဆက်ဆံရေးကို တည်ဆောက်မယ်ဆိုရင် သူမအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ဒီကိစ္စကို ဖြည်းဖြည်းမှန်မှန်ပဲ ရှိနေပါစေ။

bar

၃။ လိုတာထက်ပိုပြီး ချစ်ပြနေခြင်း

မိန်းကလေးတစ်ယောက်ကို လိုတာထက်ပိုပြီး သဲသဲလှုပ်ချစ်ပြနေတာကလည်း လုံလောက်အောင် မချစ်ပြတာနဲ့ ရလဒ်ချင်း တူညီပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လှုပ်ရှားမှုကို သူမဘယ်လိုတုံပြန်သလဲဆိုတာကို သတိထားစောင့်ကြည့်ပါ။ လိုချင်တဲ့ပုံစံဖြစ်နေတယ်ဆိုရင် သူမသဘောကျလို့ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ မလိုလားတဲ့ပုံစံပြနေရင်တော့ နေရာမှာပဲ ရပ်လိုက်ပါ။ ယုယကြင်နာမှုနဲ့ပတ်သက်လာရင် များများချစ်ပြလေ ပိုကောင်းလေပဲလို့ တထစ်ချမှတ်ယူမထားသင့်ပါဘူး။

၄။ အမြဲဆက်သွယ်နေခြင်း

ဆိုရှယ်မီဒီယာတွေနဲ့ စာတိုပို့နည်းပညာတွေ ထွန်းကားတဲ့ခေတ်ကာလမှာ အချိန်မရွေး တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်သွယ်နေဖို့ အရမ်းကိုလွယ်ကူပါတယ်။ ဒီနေရာမှာ ပွင့်လင်မြင်သာတဲ့ ဆက်သွယ်မှုရှိဖို့က အရေးကြီးပါတယ်။ မကြာခဏဖုန်းတွေဆက်၊ မက်ဆေ့ဂျ်တွေပို့ပြီး အဆင်ပြေရဲ့လား၊ စားပြီးပြီလာ စသဖြင့် မေးမြန်းဂရုစိုက်တာမျိုးကို သဘောကျတဲ့ မိန်းကလေးမျိုးနဲ့ သင်တွေ့ရင်တွေ့ခဲ့ဖူးမှာပါ။ ဒါပေမယ့် အခုလက်ရှိ သင့်ချစ်သူမိန်းကလေးက အလုပ်ကိုပဲ အပြည့်အဝအာရုံစိုက်တတ်သူဖြစ်နေမယ်ဆိုရင် မကြာခဏဆက်သွယ်နေတာမျိုးက သူမကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ တစ်နေ့တာမှာ ဘယ်နှစ်ကြိမ်လောက် ဆက်သွယ်တာက နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာက ဆန်းစစ်သိမြင်တတ်ဖို့ လိုပါတယ်။

၅။ စိတ်ခံစားမှုကို ထုတ်ဖော်မပြခြင်း

ယောင်္ကျားလေးတွေမှာ ချစ်သူရည်းစားတွေအကြား စိတ်ခံစားမှုအခြေအနေနဲ့ပတ်သက်ပြီး အစွန်းရောက်တဲ့ အယူအဆတွေရှိနေတတ်ပါတယ်။ တချို့တွေက နည်းနည်းလေးဆိုတာနဲ့ ထိလွယ်ရှလွယ်ခံစားတတ်ကြပြီး တစ်ချို့တွေကတော့ သူတို့ရဲ့ခံစားမှုတွေကို လုံးဝမျိုသိပ်သိုဝှက်ထားတတ်ကြပါတယ်။ တကယ်တမ်းတော့ မိန်းကလေးတွေက ခံစားမှုအရမ်းပျော့ညံ့သူတွေနဲ့လည်း လက်မတွဲချင်ကြသလို စိတ်ခံစားမှုလုံးဝမရှိတဲ့ ပုံစံမျိုးကိုလည်း မကြိုက်တတ်ကြပါဘူး။ ဒါ့ကြောင့် သင့်မိန်းကလေးရဲ့ စိတ်ခံစားမှုကို မျှဝေခံစားပေးသလို သင့်ရဲ့ခံစားချက်ကိုလည်း အထိုက်အလျောက်ပြသပါ။

၆။ ဘာညာကိစ္စ စာတွေပို့ခြင်း

သင့်မိန်းကလေးရဲ့ စိတ်ကိုနှိုးဆွဖို့အတွက် ဘာညာကိစ္စ စာတွေပေးပို့တာက မှန်မှန်ကန်ကန်အသုံးမချတတ်ရင် အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ စာလုံးတွေနဲ့ပဲ ဆက်သွယ်ရတာက သင်ပြောချင်တဲ့အကြောင်းအရာကို အပြည့်အဝပုံဖော်ပေးနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါ့အပြင် သူမရဲ့ အကြိုက်ကို သေချာမသိသေးပဲ ဒီလိုစာတွေပေးပို့မယ်ဆိုရင် မိန်းကလေးအတွက် စိတ်ပျက်သွားစေနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတာက ဘာညာကိစ္စ စာတွေပေးပို့တာက သူမကို စွဲလမ်းနေတယ်ဆိုတဲ့ အချက်ကိုမပေါ်လွင်စေပဲ သူမဆီက ဒီကိစ္စပဲတောင်းဆိုနေတယ်လို့ ထင်သွားနိုင်ချေရှိပါတယ်။

၇။ ပြဿနာတွေကို ကိုယ်စားဖြေရှင်းပေးဖို့ ကြိုးစားခြင်း

မိန်းကလေးတစ်ယောက်က အကြောင်းတစ်ခုခုနဲ့ပတ်သက်ပြီး သင့်ကိုပြောပြလာပြီဆိုရင် ဘာလုပ်ရမလဲလို့ မမေးမချင်း သင့်ဆီက ကူညီဖြေရှင်းချက်ကို လိုချင်လို့ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးအများစုက ပြဿနာဖြေရှင်းရတာကို အားသန်တဲ့အတွက် ဖြေရှင်းပေးချင်တတ်ကြတာက ခက်နေတာဖြစ်ပါတယ်။ သူမအတွက်တော့ သင့်က ဖွင့်ဟတိုင်ပင်ဖို့ ယုံကြည်စိတ်ချက်ရသူတစ်ဦးအဖြစ် ယူဆပြီး သူမကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ သင့်ကိုကူညီပေးစေချင်ရုံပဲ ဖြစ်ပါတယ်။

၈။ နောက်ရှောင်နေပြီး သူမကိုပဲ ဆုံးဖြတ်ချက်ချခိုင်းခြင်း

ယနေ့ခေတ်ရဲ့ အမျိုးသားတွေက တကယ်ကိုစိတ်ရှုပ်နေကြရပါတယ်။ ကျွန်တော်တို့အားလုံးက ကျားမတန်းတူဖြစ်ရေး၊ အမျိုးသမီးအခွင့်အရေးစတာတွေနဲ့ ရင်ဆိုင်နေရပြီး မိန်းကလေးတွေကို ဖေးမကူညီဖို့၊ လေးစားဖို့ ဦးစားပေးဖို့ အမြဲတမ်းတိုက်တွန်းခံနေရပါတယ်။ ဥပမာပြောရရင် လုပ်ငန်းခွင်ထဲမှာ သာတူညီမျှတဲ့ လုပ်ခလစာပေးတာမျိုးကိုဆိုလိုပါတယ်။ ဒါပေမယ့် ဒီလိုကျားမမခွဲခြားရဘူးဆိုတာမျိုးက မိန်းကလေးကိုပဲ အမြဲဦးစားပေးပြီး နေရာတကာသူမဆုံးဖြတ်ချက်အတိုင်း လုပ်နေဖို့မဆိုလိုပါဘူး။ သင့်မိန်းကလေးက အလုပ်ထဲမှာ ရာထူးအခွင့်အာဏာရှိသူဖြစ်ပေမယ့်လည်း အပြင်မှာသင်နဲ့ချိန်းတွေတဲ့အခါ သင်ဦးဆောင်စီစဉ်တာမျိုးကို အလိုရှိတတ်ပါတယ်။

အဆုံးသတ်အနေနဲ့ဆိုရင် လူတစ်ဦးချင်းတစ်ယောက်ချင်းဆီမှာရော၊ ချစ်သူရည်းစားဆက်ဆံရေးတိုင်းမှာပါ ကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် သင်တို့ချစ်သူနှစ်ဦးကြား ဆက်ဆံရေးအခြေအနေကို လေ့လာပါ၊ လိုအပ်တာတွေကို သင်ယူပါ။ ချစ်သူမိန်းကလေးနဲ့ အလိုက်အထိုက်ကို နားလည်အောင် ကြိုးစားပြီး မှန်မှန်ကန်ကန်ဖြည့်စွမ်းပေးနိုင်ပါစေ။

Credit: Gentleman
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top