iMyanmarHouse.com - Best Property Website for Myanmar
×






Source: Momolay Tv

Credit: Burmese - Asia
# Unicode Versionဖြင့် ဖတ်ပါ #
ဟာသသရုပ်ဆောင် ရဲလေးမဟာဖြတ်လျှောက်ဘဝကနေပြီး တစ်စစနဲ့ ဇာတ်ပို့သရုပ်ဆောင်အဖြစ်ရောက်ရှိလာခဲ့သူပါ။ သူဟာ သရုပ်ဆောင်ကောင်းလွန်းပြီး ဟာသမြောက်အောင် ပြောဆိုသရုပ်ဆောင်တတ်တာကြောင့် အခုခေတ်ရဲ့မြန်မာရုပ်ရှင်ဇာတ်ကားတိုင်းမှာ သူ့ကိုအမြဲတွေ့ရတတ်ပါတယ်။ သူဟာ မိန်းမလျာဇာတ်ရုပ်သရုပ်ဆောင်တာလဲ အရမ်းကိုပီပြင်တာကြောင့် ပရိသတ်တွေကတော့ သူ့ကို မိန်းမလျာဇာတ်ရုပ်နဲ့တွဲပြီးမှတ်မိနေမှာပါ။

ရဲလေးမက ကားရိုက်နည်းသွားတဲ့အချိန်မှာ မိသားစုစားဝတ်နေရေးအတွက် ခေါင်းနားပန်းကြီးခဲ့ရပါတယ်တဲ့။ ပင်စင်စားဖေ၊ လေဖြတ်နေတဲ့အစ်ကို၊ အစ်မလင်မယား၊ တူတူမလေးယောက် နဲ့ ညီတစ်ဝမ်းကွဲလေးနဲ့အတူ ဝန်ထမ်းလိုင်းခန်းလေးမှာနေနေရပါတယ်။ မိသားစုရဲ့တာဝန်တွေအားလုံးကို တစ်ယောက်တည်း ထမ်းဆောင်နေရတာမို့လို့ ရဲလေးမရဲ့အဖြစ်က မသက်သာလှပါဘူး။

ရဲလေးမဟာ အိမ့်ထောင့်တာဝန်တွေကို ဦးစီးစွမ်းဆောင်နိုင်တဲ့ယောကျာ်းကောင်းတစ်ယောက်ပါပဲ။ ကိုယ့်မှာလိုအပ်နေတာတွေထက် မိသားစုရဲ့လိုအပ်ချက်တွေကိုဖြည့်စည်းပေးချင်တဲ့သူ့ရဲ့စိတ်ထာလေးက မွန်မြတ်လှပါတယ်။

ကားရိုက်နည်းသွားတာ နဲ့အမျှ မိသားစုအတွက် စားဖို့ဆန်မရှိတာကအစ မိသားစုကိုဖွင့်မပြောပဲ မိသားစုကိစ္စကတွေကိုတစ်ယောက်တည်းဖြေရှင်းတတ်သူဖြစ်ပါတယ်။ဝန်ထမ်းအိမ်ရာမှာနေနေရတဲ့ ဘဝမို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကိုလိုချင်နေပေမယ့် မတတ်နိုင်သေးတဲ့အတွက် ကြိုးစားနေရဆဲပါ။

ပရိသတ်ကြီးကို အမြဲရယ်မောရအောင်လုပ်ပေးနေရတဲ့ ရဲလေးမရဲ့ဘဝကတော့ ရယ်မောစရာနည်းလှပါတယ်။ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားနေရဆဲမို့ဓဌသစ်လျင်တဲ့ ဆန္ဒလေးတွေကို စိတ်ကူးယဉ်နေရဆဲပါ။ ပရိသတ်ကြီးလဲ ရဲလေးမရဲ့ ဘဝလေးကိုစာနာနိုင်မယ်ထင်ပါတယ်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Momolay Tv

Credit: Burmese - Asia
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top