iMyanmarHouse.com - Best Property Website for Myanmar
×

ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားနဲ႔ ေအာင္ျမင္လာတဲ့ သရုပ္ေဆာင္ ေအာင္ျမင့္ျမတ္ဟာ ယခုအခ်ိန္မွာ အႏုပညာလုပ္ငန္းေတြကိုလုပ္ကိုင္ေနျပီျဖစ္ပါတယ္။

ခင္ဗ်ားဆင္းရဲဖူးလား ဆိုတဲ့ ဇာတ္ဝင္ခန္းစကားတစ္လံုးနဲ႔ သူ႔ရဲ႕ ပီျပင္တဲ့ အိုက္တင္ေတြကို ပရိသတ္ေတြ အျပည့္အဝ ျမင္ေတြ႔ခဲ့ရျပီးျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဇာတ္လမ္းတြဲေတြရိုက္ကူးေနတာလည္းျဖစ္ပါတယ္။

ေအာင္ျမင့္ျမတ္ဟာ အဆိုပိုင္းကိုသာ အထူးတလည္စိတ္ဝင္စားသူတစ္ဦးျဖစ္ျပီး လမ္းလႊဲျပီး သရုပ္ေဆာင္အလုပ္ကို ေရာက္လာခဲ့တာလို႔လည္းဆိုပါတယ္။


ဥပါယ္တံမ်ဥ္ ဇာတ္ကားထြက္ရွိျပီး မိန္းကေလး ပရိသတ္ေတြၾကား ေရပန္းစားခဲ့ေပမယ့္ သူ႔ရဲ႕ခ်စ္သူကို ပရိသတ္ေတြၾကား တရားဝင္ခ်ျပခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

ပြဲေတြမွာလည္း ခ်စ္သူနဲ႔အတူ တြဲျပီးတက္တာကို အျမဲေတြ႔ရတတ္ပါေသးတယ္။

သူ႔အေနနဲ႔ အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့

“က်ေတာ့္ေကာင္မေလးက ခုဘန္ေကာက္မွာမိတ္ကပ္သြားလိမ္းေနတယ္။


Arkar Production နဲ႔ ကိုႏုိင္းတုိ႔ကားကို မျပီးေသးလို႔ ခုဖူးခတ္ပါ လိုက္သြားေနရေတာ့ မနက္ျဖန္မွျပန္ေရာက္မွာ အဲဒါေၾကာင့္ က်ေတာ္တစ္ေယာက္တည္းလာတာ။ က်ေတာ္ဒီလိုျဖစ္လာတာ သူ႔ေၾကာင့္လည္းပါတယ္။

ယ့္ဘာကိုဆို မလုပ္ျဖစ္တာေတြ သူက တြန္းအားေပးတယ္။”

“ခုေနာက္ပိုင္း က်ေတာ္ တစ္ေယာက္တည္း မႏိုင္ေတာ့ဘူး။ က်ေတာ္က ေခါင္းေတြတအားရွုပ္လာရင္ မရေတာ့ဘူး။

မလုပ္ေတာ့ဘူး မလုပ္ေတာ့ဘူးဆိုျပီးျဖစ္သြားေရာ။ အဲ့အခ်ိန္က်ရင္ သူက ေဘးကနားခ်တယ္။ ဒါက ဒီလိုျဖစ္ရမယ္ဆိုျပီးေတာ့ သူကလုပ္ေပးတယ္။


ေဘးနားမွာ ကိုယ့္မိန္းကေလးပါေနတာကို သိပ္မၾကိဳက္ၾကတဲ့ ပရိသတ္ေတြရွိပါတယ္။ ဒါေပမယ့္ မပါလို႔မွမရတာေနာ္။

က်ေတာ္လည္း မထားခဲ့ခ်င္ဘူးေလ ဘာလို႔လဲဆို အေစာၾကီးတည္းက သူက က်ေတာ့္ေဘးမွာအျမဲတမ္းရွိေနတာကိုး။

ဒီလိုျဖစ္သြားမွထားခဲ့မယ္ဆိုတာ သူ႔အတြက္လည္း မတရားဘူး။ ပရိသတ္ေတြလည္းနားလည္ပါတယ္။


နားမလည္တဲ့သူေတြက်ေတာ့ က်ေတာ္လည္းမရွင္းျပတတ္ဘူး ဒါေပမယ့္ေတာ္ေတာ္မ်ားမ်ား နားလည္ပါတယ္။”
မွတ္ခ်က္-8 Days TV အင္တာဗ်ဴးမွေျဖၾကားခ်က္မ်ားကို ေကာက္ႏွုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္။

 Credit:We Love Cele
 # Unicode Version ျဖင့္ ဖတ္ပါ #
ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်လာတဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ဟာ ယခုအချိန်မှာ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေပြီဖြစ်ပါတယ်။

ခင်ဗျားဆင်းရဲဖူးလား ဆိုတဲ့ ဇာတ်ဝင်ခန်းစကားတစ်လုံးနဲ့ သူ့ရဲ့ ပီပြင်တဲ့ အိုက်တင်တွေကို ပရိသတ်တွေ အပြည့်အဝ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေတာလည်းဖြစ်ပါတယ်။

အောင်မြင့်မြတ်ဟာ အဆိုပိုင်းကိုသာ အထူးတလည်စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး လမ်းလွှဲပြီး သရုပ်ဆောင်အလုပ်ကို ရောက်လာခဲ့တာလို့လည်းဆိုပါတယ်။

ဥပါယ်တံမျဉ် ဇာတ်ကားထွက်ရှိပြီး မိန်းကလေး ပရိသတ်တွေကြား ရေပန်းစားခဲ့ပေမယ့် သူ့ရဲ့ချစ်သူကို ပရိသတ်တွေကြား တရားဝင်ချပြခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ပွဲတွေမှာလည်း ချစ်သူနဲ့အတူ တွဲပြီးတက်တာကို အမြဲတွေ့ရတတ်ပါသေးတယ်။

သူ့အနေနဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့

“ကျတော့်ကောင်မလေးက ခုဘန်ကောက်မှာမိတ်ကပ်သွားလိမ်းနေတယ်။

Arkar Production နဲ့ ကိုနိုင်းတို့ကားကို မပြီးသေးလို့ ခုဖူးခတ်ပါ လိုက်သွားနေရတော့ မနက်ဖြန်မှပြန်ရောက်မှာ အဲဒါကြောင့် ကျတော်တစ်ယောက်တည်းလာတာ။ ကျတော်ဒီလိုဖြစ်လာတာ သူ့ကြောင့်လည်းပါတယ်။

ယ့်ဘာကိုဆို မလုပ်ဖြစ်တာတွေ သူက တွန်းအားပေးတယ်။”

“ခုနောက်ပိုင်း ကျတော် တစ်ယောက်တည်း မနိုင်တော့ဘူး။ ကျတော်က ခေါင်းတွေတအားရှုပ်လာရင် မရတော့ဘူး။

မလုပ်တော့ဘူး မလုပ်တော့ဘူးဆိုပြီးဖြစ်သွားရော။ အဲ့အချိန်ကျရင် သူက ဘေးကနားချတယ်။ ဒါက ဒီလိုဖြစ်ရမယ်ဆိုပြီးတော့ သူကလုပ်ပေးတယ်။

ဘေးနားမှာ ကိုယ့်မိန်းကလေးပါနေတာကို သိပ်မကြိုက်ကြတဲ့ ပရိသတ်တွေရှိပါတယ်။ ဒါပေမယ့် မပါလို့မှမရတာနော်။

ကျတော်လည်း မထားခဲ့ချင်ဘူးလေ ဘာလို့လဲဆို အစောကြီးတည်းက သူက ကျတော့်ဘေးမှာအမြဲတမ်းရှိနေတာကိုး။

ဒီလိုဖြစ်သွားမှထားခဲ့မယ်ဆိုတာ သူ့အတွက်လည်း မတရားဘူး။ ပရိသတ်တွေလည်းနားလည်ပါတယ်။

နားမလည်တဲ့သူတွေကျတော့ ကျတော်လည်းမရှင်းပြတတ်ဘူး ဒါပေမယ့်တော်တော်များများ နားလည်ပါတယ်။

 Credit:We Love Cele

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top