iMyanmarHouse.com - Best Property Website for Myanmar
×

ရုံးခ်ိန္းမွာလည္း လာေရာက္ေတြ႔ဆုံခဲ့ပါတယ္။

ေအးသီတာဟာ မူးယစ္ေဆးဝါးအမႈနဲ႔ တရားရင္ဆုိင္ေနရတ့ဲ ဒါရုိက္တာ မုိက္တီးအတြက္ စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ အစ္ကုိတစ္ေယာက္ လုိ ေလးစားခ်စ္ခင္ရတဲ့ မုိက္တီးအတြက္ သူ႔ရင္ထဲက ခံစားခ်က္ကုိလည္း အခုလုိ ေျပာျပထားပါေသးတယ္။

ဇာတ္ပုိ႔သရုပ္ေဆာင္ ေအးသီတာဟာ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးခံထားရသူ ဒါရုိက္တာမုိက္တီးရဲ႕ ဒုတိယေျမာက္ ရုံးခ်ိန္းကုိ တက္ေရာက္လာပါတယ္။ ဒီရုံးခ်ိန္းကုိေတာ့ စက္တင္ဘာလ ၁၄ ရက္ေန႔က တာေမြၿမိဳ႕နယ္ တရားရုံးမွာ ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ အႏု ပညာေမာင္ႏွမေတြျဖစ္တာေၾကာင့္လည္း သူ႔ရဲ႕ ခံစားခ်က္ကုိ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။

'' မခ်စ္တုိ႔၊ မလင္းတုိ႔၊ ကုိမိုက္တုိ႔ ဆုိတာက ေမာင္ႏွမေတြလုိျဖစ္ေနတဲ့အတြက္ သူတုိ႔ေတြ ဖက္ၿပီးငုိၾကတာကုိ ျမင္ရတဲ့အတြက္ အရမ္းစိတ္မ ေကာင္းျဖစ္ရတယ္။ ကုိမိုက္က အစ္ကုိတစ္ေယာက္လုိပါပဲ။ မူးယစ္ေဆးဝါးဆုိတာကေတာ့ မသုံးရင္ အေကာင္းဆုံးပဲေပါ့။ ေရာင္းတဲ့သူလည္း မရွိေစခ်င္ဘူး၊ သုံးတဲ့သူလည္း မရွိေစခ်င္ဘူး'' လုိ႔ သူကဆုိပါတယ္။

ေအးသီတာက မူးယစ္ေဆးဝါးသုံးစြဲသူေတြေရာ၊ စတင္သုံးစြဲဖုိ႔ ႀကိဳးစားေနသူေတြအတြက္ အက်ဳိးမရွိတဲ့အေၾကာင္းကုိ အႀကံျပဳ ေျပာျပ ခဲ့ပါ တယ္။ အဖက္ဖက္မွာလည္း စိတ္ခ်မ္းသာစရာေတြ မရွိတာေၾကာင့္ မသုံးတာ အေကာင္းဆုံးပဲ ဆုိတာကုိလည္း ဆက္လက္ေျပာျပလာပါတယ္။

'' အႀကံျပဳေျပာခ်င္တာကေတာ့ မူးယစ္ေဆးဝါးဆုိတာ ကုိယ့္အတြက္လည္း မေကာင္းဘူး။ မိသားစုအတြက္လည္း မေကာင္းဘူး၊ တုိင္းျပည္ အတြက္ လည္း မေကာင္းဘူး။ မသုံးရင္အေကာင္းဆုံးပဲ မသုံးရင္လည္း ေရာင္းဝယ္ေဖာက္ကားသူေတြလည္း မရွိေတာ့ ဒါေလးက အေကာင္း ဆုံးပါပဲ'' လုိ႔ ဆုိပါတယ္။


Photo: Aye Thida Facebook

အႏုပညာရွင္ေတြက ပရိသတ္ေတြရဲ႕ စံျပပုဂၢဳိလ္တစ္ဦးျဖစ္တာေၾကာင့္ မူးယစ္ေဆးဝါး မသုံးစြဲသင့္ဘူးဆုိတာကုိ ေအးသီတာက ဆက္လက္ ေျပာျပလာပါတယ္။ သူကုိယ္တုိင္ကလည္း ဒါရုိက္တာ မုိက္တီး၊ သရုပ္ေဆာင္ ခ်စ္ခ်စ္ေဇာ္၊ လင္းဇာနည္ေဇာ္တုိ႔ အတြက္ စိတ္မေကာင္းျဖစ္ လုိ႔ေနပါတယ္။

'' အႏုပညာရွင္ေတြဆုိတာ ျပည္သူေတြရဲ႕ စံျပတစ္ေယာက္လုိ ေျပာလုိ႔ရပါတယ္။ ဒါေၾကာင့္လည္း မသုံးၾကေစခ်င္ပါဘူး။ အ့ဲဒါေလာက္ပဲ ေျပာခ်င္ပါတယ္'' ဆုိၿပီးေတာ့ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။ မုိက္တီးအတြက္ စိတ္မေကာင္းျဖစ္ေနၾကတဲ့ အႏုပညာရွင္ေတြက လည္း အမ်ားႀကီးပါ။

Photo: Aye Thida Facebook

 ဇာတ္ပုိ႔၊ ဇာတ္ရံ သရုပ္ေဆာင္ ေအးသီတာကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာ ၾက တာ  ျဖစ္ပါတယ္။ သူ႔အေနနဲ႔  ပါဝင္ရတဲ့ ဇာတ္ဝင္ခန္းေတြက အစ္မေနရာ၊ အေမ ေနရာ၊ အေဒၚေနရာ၊ အိမ္အကူေနရာေတြကေန ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:duwun
 # Unicode Version ျဖင့္ ဖတ္ပါ #
ရုံးချိန်းမှာလည်း လာရောက်တွေ့ဆုံခဲ့ပါတယ်။

အေးသီတာဟာ မူးယစ်ဆေးဝါးအမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဒါရိုက်တာ မိုက်တီးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အစ်ကိုတစ်ယောက် လို လေးစားချစ်ခင်ရတဲ့ မိုက်တီးအတွက် သူ့ရင်ထဲက ခံစားချက်ကိုလည်း အခုလို ပြောပြထားပါသေးတယ်။

ဇာတ်ပို့သရုပ်ဆောင် အေးသီတာဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ဒါရိုက်တာမိုက်တီးရဲ့ ဒုတိယမြောက် ရုံးချိန်းကို တက်ရောက်လာပါတယ်။ ဒီရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အနု ပညာမောင်နှမတွေဖြစ်တာကြောင့်လည်း သူ့ရဲ့ ခံစားချက်ကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' မချစ်တို့၊ မလင်းတို့၊ ကိုမိုက်တို့ ဆိုတာက မောင်နှမတွေလိုဖြစ်နေတဲ့အတွက် သူတို့တွေ ဖက်ပြီးငိုကြတာကို မြင်ရတဲ့အတွက် အရမ်းစိတ်မ ကောင်းဖြစ်ရတယ်။ ကိုမိုက်က အစ်ကိုတစ်ယောက်လိုပါပဲ။ မူးယစ်ဆေးဝါးဆိုတာကတော့ မသုံးရင် အကောင်းဆုံးပဲပေါ့။ ရောင်းတဲ့သူလည်း မရှိစေချင်ဘူး၊ သုံးတဲ့သူလည်း မရှိစေချင်ဘူး'' လို့ သူကဆိုပါတယ်။

အေးသီတာက မူးယစ်ဆေးဝါးသုံးစွဲသူတွေရော၊ စတင်သုံးစွဲဖို့ ကြိုးစားနေသူတွေအတွက် အကျိုးမရှိတဲ့အကြောင်းကို အကြံပြု ပြောပြ ခဲ့ပါ တယ်။ အဖက်ဖက်မှာလည်း စိတ်ချမ်းသာစရာတွေ မရှိတာကြောင့် မသုံးတာ အကောင်းဆုံးပဲ ဆိုတာကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' အကြံပြုပြောချင်တာကတော့ မူးယစ်ဆေးဝါးဆိုတာ ကိုယ့်အတွက်လည်း မကောင်းဘူး။ မိသားစုအတွက်လည်း မကောင်းဘူး၊ တိုင်းပြည် အတွက် လည်း မကောင်းဘူး။ မသုံးရင်အကောင်းဆုံးပဲ မသုံးရင်လည်း ရောင်းဝယ်ဖောက်ကားသူတွေလည်း မရှိတော့ ဒါလေးက အကောင်း ဆုံးပါပဲ'' လို့ ဆိုပါတယ်။

Photo: Aye Thida Facebook

အနုပညာရှင်တွေက ပရိသတ်တွေရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် မူးယစ်ဆေးဝါး မသုံးစွဲသင့်ဘူးဆိုတာကို အေးသီတာက ဆက်လက် ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ အတွက် စိတ်မကောင်းဖြစ် လို့နေပါတယ်။

'' အနုပညာရှင်တွေဆိုတာ ပြည်သူတွေရဲ့ စံပြတစ်ယောက်လို ပြောလို့ရပါတယ်။ ဒါကြောင့်လည်း မသုံးကြစေချင်ပါဘူး။ အဲ့ဒါလောက်ပဲ ပြောချင်ပါတယ်'' ဆိုပြီးတော့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။ မိုက်တီးအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်တွေက လည်း အများကြီးပါ။
Photo: Aye Thida Facebook

 ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးသီတာကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာ ကြ တာ  ဖြစ်ပါတယ်။ သူ့အနေနဲ့  ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက အစ်မနေရာ၊ အမေ နေရာ၊ အဒေါ်နေရာ၊ အိမ်အကူနေရာတွေကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:duwun
 # Unicode Version ဖြင့် ဖတ်ပါ #
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top