iMyanmarHouse.com - Best Property Website for Myanmar
×











































Contactmusic

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:7daydaily
 # Unicode Version ဖြင့် ဖတ်ပါ #
arner Bros  ကုမ္ပဏီက ဖြန့်ချိသော DC Exteanded Universe ဇာတ် လမ်းတွဲများ၏ နာမည်ကျော်စူပါ ဟီးရိုးဇာတ်ကောင် Superman ကိုဗြိတိန်မင်းသား ဟင်နရီကာ ဗယ်လ်စွန့်လွှတ်မည်ဟု သတင်း များကဖော်ပြသည်။

Superman ဇာတ်ကောင် ကို ၂၀၁၃ တွင်စတင်သရုပ်ဆောင် ခဲ့သောအသက် (၃၅) နှစ်အရွယ်  ဟင်နရီကာဗယ်လ်သည် ရိုက်ကူး ရေးအချိန်ဇယားများ ရှုပ်ထွေး ကာ Warner Bros ကုမ္ပဏီနှင့် ၎င်း၏ အနုပညာကုမ္ပဏီအကြား စာချုပ်ဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ ပြီးနောက် အဆိုပါသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဟင်နရီကာဗယ်လ်သည် ၂၀၁၉ ဧပြီတွင် ဖြန့်ချိမည့် Warner Bros ကုမ္ပဏီ၏ Shazam! ဇာတ်ကားတွင်ပါဝင် သရုပ်ဆောင်ရန် ကနဦးစီစဉ်ထား  သော်လည်း ယခုလ၌ Netflix  ရုပ်ရှင်ဇာတ်လမ်းတွဲသစ်ဖြစ် သော ‘The Witcher’ ၏အဓိက ဇာတ်ကောင်အဖြစ်သရုပ်ဆောင် ရန်လက်ခံခဲ့သဖြင့် Warner Bros  ကုမ္ပဏီနှင့် ၎င်း၏အနုပညာ ကုမ္ပဏီအကြားဆွေးနွေးမှုပျက် ပြယ်ခဲ့သည်။

၂၀၁၃ တွင်ထွက်ရှိလာ သော Man of Steel ရုပ်ရှင်တွင် Superman ဇာတ်ကောင်စတင် သရုပ်ဆောင်ခဲ့သော ဟင်နရီကာ ဗယ်လ်သည် ၂၀၁၆ တွင် ‘‘Batman vs Superman: Dawn of Justice’နှင့် ၂၀၁၇ တွင် ‘Justice League’ ရုပ်ရှင် ကား၌လည်း ထိုဇာတ်ကောင်ဖြင့် ဆက်လက်သရုပ်ဆောင်ခဲ့သည်။

ထို့အပြင် မကြာသေးမီက ထွက်ရှိလာသည့် ‘Mission: Impossible - Fallout’ ရုပ်ရှင် တွင်လည်း ဟင်နရီကာဗယ်လ် သည် ဟောလိဝုဒ်မင်းသားတွမ် ခရုဇ်နှင့်အတူ  တွဲဖက်သရုပ် ဆောင်ထားသည်။

Contactmusic
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
Credit:7daydaily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top