iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ေသာအခါ ဟိမဝႏၱာေတာၾကီးတြင္ မိုးအဆက္မျပတ္ ရြာသြန္းလို႔ေနသည္။

ေတာအုပ္ၾကီးအလယ္ တစ္ပင္ေသာသစ္ပင္တြင္ သိဂၤါလငွက္သည္ မိုးေလလံု၍ ခိုင္ခံ့ေသာအသိုက္ဝယ္ ခ်မ္းသာစြာေန၏။ ခဏအၾကာတြင္ ခိုက္ခိုက္တုန္ေနေသာ ေမ်ာက္တစ္ေကာင္သည္ ငွက္သိုက္အနီး သစ္ကိုင္းတစ္ကိုင္တြင္ မိုးလာခိုသည္။

သိဂၤါလငွက္သည္ ခ်မ္းတုန္ေနေသာ ေမ်ာက္ကို ျမင္ေသာအခါ "အသင္ေမ်ာက္သည္ လူမ်ားသ႑ာန္ကဲ့သုိ႔ ဦးေခါင္း၊ ေျခ၊ လက္ ရိွပါလ်က္ အဘယ့္ေၾကာင့္ မိုခိုစရာ အိမ္မေဆာက္လုပ္ပါသနည္း။" ဟု ေမးျမန္းသည္။ ေမ်ာက္မွ "ငါ၏ ဦးေခါင္း၊ ေျခ၊ လက္တို႔သည္ လူႏွင့္တူပါသည္။ သို႔ေသာ္ ငါ့မွာ လူကဲ့သို႔ အသိဥာဏ္ မရိွသျဖင့္ ေနစရာအိမ္ မည္သို႔ ေဆာက္ရမည္ မသိပါ။" ဟု ျပန္ေျဖသည္။ သိဂၤါလငွက္မွ "အသင္ေမ်ာက္ ေပါ့ေပါ့ျပက္ျပက္ လုပ္တတ္ျပီး စိတ္မတည္ၾကည္သူတို႔သည္ ကိုယ္ေရာ၊ စိတ္ပါ ပင္ပန္းရသည္။ ထို႔ေၾကာင့္ ခြန္အားကို အသံုးခ်ျပီး မိုးေလ လံုသည့္ အိမ္တစ္လံုး ေဆာက္ပါေလ။" ဟု အိမ္ေဆာက္ရန္ တိုက္တြန္းျပန္သည္။

ထိုအခါ ေမ်ာက္သည္ မိုးလံုေလလံုအသိုက္ထဲမွေနျပီး မိမိအား ဆံုးမေနသည့္ သိဂၤါလငွက္အား အမ်က္ထြက္ကာ ရန္ျပဳရန္ျပင္၏။ ငွက္လည္း အသိုက္မွထြက္ျပီး အျခားသစ္ကိုင္းသုိ႔ ပ်ံေျပးသည္။ ေမ်ာက္သည္ ငွက္အား အႏၱရာယ္မျပဳရသျဖင့္ ငွက္သိုက္အား တစ္စစီျဖစ္ေအာင္ ဖ်က္စီးျပီး ထြက္သြားေလသည္။ ေမ်ာက္ေကာ ငွက္ပါ မိုးစိုျပီး ႏွစ္ဦးႏွစ္ဖက္ အက်ိဳးယုတ္ေလသည္။ ထို႔ေၾကာင့္ အမ်က္ၾကီးသူ၊ အၾကံျပဳစကားကို မနာခံလိုသူမ်ားကို ေျပာဆိုဆံုးမျခင္းသည္ တစ္ဖက္လူ၏ ေဒါသမီးကို ပိုမိုၾကီးထြားလာႏိုင္ေစသလို၊ မိမိအက်ိဳးကိုလည္း ယုတ္ေလ်ာ့ေစသျဖင့္ အေျခအေနကိုၾကည့္ျပီး  အၾကံျပဳစကား ေျပာသင့္ မေျပာသင့္ ဆင္ျခင္သင့္ေပသည္။ ငါးရာ့ငါးဆယ္ဇာတ္နိပါတ္ေတာ္မ်ားမွ ကုဋိဒူသကဇာတ္ေတာ္ကို ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:.yoyarlay.
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်နေ့သောအခါ ဟိမဝန္တာတောကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းလို့နေသည်။

တောအုပ်ကြီးအလယ် တစ်ပင်သောသစ်ပင်တွင် သိင်္ဂါလငှက်သည် မိုးလေလုံ၍ ခိုင်ခံ့သောအသိုက်ဝယ် ချမ်းသာစွာနေ၏။ ခဏအကြာတွင် ခိုက်ခိုက်တုန်နေသော မျောက်တစ်ကောင်သည် ငှက်သိုက်အနီး သစ်ကိုင်းတစ်ကိုင်တွင် မိုးလာခိုသည်။

သိင်္ဂါလငှက်သည် ချမ်းတုန်နေသော မျောက်ကို မြင်သောအခါ "အသင်မျောက်သည် လူများသဏ္ဍာန်ကဲ့သို့ ဦးခေါင်း၊ ခြေ၊ လက် ရှိပါလျက် အဘယ့်ကြောင့် မိုခိုစရာ အိမ်မဆောက်လုပ်ပါသနည်း။" ဟု မေးမြန်းသည်။ မျောက်မှ "ငါ၏ ဦးခေါင်း၊ ခြေ၊ လက်တို့သည် လူနှင့်တူပါသည်။ သို့သော် ငါ့မှာ လူကဲ့သို့ အသိဉာဏ် မရှိသဖြင့် နေစရာအိမ် မည်သို့ ဆောက်ရမည် မသိပါ။" ဟု ပြန်ဖြေသည်။ သိင်္ဂါလငှက်မှ "အသင်မျောက် ပေါ့ပေါ့ပြက်ပြက် လုပ်တတ်ပြီး စိတ်မတည်ကြည်သူတို့သည် ကိုယ်ရော၊ စိတ်ပါ ပင်ပန်းရသည်။ ထို့ကြောင့် ခွန်အားကို အသုံးချပြီး မိုးလေ လုံသည့် အိမ်တစ်လုံး ဆောက်ပါလေ။" ဟု အိမ်ဆောက်ရန် တိုက်တွန်းပြန်သည်။

ထိုအခါ မျောက်သည် မိုးလုံလေလုံအသိုက်ထဲမှနေပြီး မိမိအား ဆုံးမနေသည့် သိင်္ဂါလငှက်အား အမျက်ထွက်ကာ ရန်ပြုရန်ပြင်၏။ ငှက်လည်း အသိုက်မှထွက်ပြီး အခြားသစ်ကိုင်းသို့ ပျံပြေးသည်။ မျောက်သည် ငှက်အား အန္တရာယ်မပြုရသဖြင့် ငှက်သိုက်အား တစ်စစီဖြစ်အောင် ဖျက်စီးပြီး ထွက်သွားလေသည်။ မျောက်ကော ငှက်ပါ မိုးစိုပြီး နှစ်ဦးနှစ်ဖက် အကျိုးယုတ်လေသည်။ ထို့ကြောင့် အမျက်ကြီးသူ၊ အကြံပြုစကားကို မနာခံလိုသူများကို ပြောဆိုဆုံးမခြင်းသည် တစ်ဖက်လူ၏ ဒေါသမီးကို ပိုမိုကြီးထွားလာနိုင်စေသလို၊ မိမိအကျိုးကိုလည်း ယုတ်လျော့စေသဖြင့် အခြေအနေကိုကြည့်ပြီး  အကြံပြုစကား ပြောသင့် မပြောသင့် ဆင်ခြင်သင့်ပေသည်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်များမှ ကုဋိဒူသကဇာတ်တော်ကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:.yoyarlay.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top