iMyanmarHouse.com - Best Property Website for Myanmar
×


ေယာက်္ားေတြ ထဲမွာ အလြယ္လိုက္၊ အေခ်ာင္ခိုၿပီး မိန္းမ တေယာက္ဆီက ျခဴစား တတ္တဲ့ ေယာက်္ားပိုင္းလုံးေတြ ရွိပါတယ္ ။ ဒီလို လူမ်ိဳးေတြဟာ အရွက္လည္း မရွိသလို၊ ဘာမဆို လုပ္ရဲကိုင္ရဲၾကတဲ့ သူေတြပါ ။ ေတာ္ကီလည္း အရမ္းႂကြယ္ၿပီး အရမ္းလည္း ခ်ဳပ္တတ္တာေၾကာင့္ ယုံစားမိဖို႔ အရမ္းလြယ္ပါတယ္။ ဒီလိုေယာက်္ားမ်ိဳးကို ေရွာင္ရွားႏိုင္ေစ ဖို႔အတြက္ သူတိုရဲ႕ စ႐ိုက္လကၡဏာ ေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ ။

(၁) သင္ပဲ ပိုက္ဆံထုတ္ေနရတယ္

သင္တို႔ႏွစ္ေယာက္ ခ်ိန္းေတြ႕တဲ့ အခါ၊ ေလွ်ာက္လည္တဲ့ အခါေတြမွာ သူ႔ဘက္က ဘယ္ေတာ့မွ ပိုက္ဆံထုတ္မွာ မဟုတ္ပါဘူး။ ထုတ္ရင္လည္း ဆယ္ခါမွာ တခါေလာက္ပဲ ထုတ္မွာပါ ။ ဒီလိုလူမ်ိဳးေတြဟာ အရမ္းလည္း ခ်စ္ျပတတ္သလို၊ ေတာ္ကီကလည္း အရမ္း ေကာင္းတာေၾကာင့္ သူ႔ကို ခ်စ္ၿပီးရင္း ခ်စ္ၿပီး သင္အရမ္းေတြ အကုန္အက် မ်ားေနေတာ့မွာပါ ။ ၾကာလာရင္ ေငြထုတ္ရတာ သင့္တေယာက္တည္းရဲ႕ အလုပ္တခုလို ျဖစ္ေနေတာ့မွာပါ ။

(၂) ေအာက္က်ိဳ႕တယ္

ဒီလို လူမ်ိဳးေတြဟာ သင့္ဆီက ျခဴစားလို႔ ရေနသေ႐ြ႕ အရမ္း ေအာက္က်ိဳ႕ေန ပါလိမ့္မယ္။ သင့္ကိုလည္း အရမ္းသည္းခံ နားလည္ေပး သလိုလိုနဲ႔ သင့္ေရွ႕မွာေတာ့ သင့္အလိုက်၊ သင့္စိတ္ႀကိဳက္ ေနေပးပါလိမ့္မယ္ ။ ဒါေပမယ့္ အဲလို ေအာက္က်ိဳ႕တယ္ ၊ သည္းခံတယ္ ဆိုတာက သင့္ကို ခ်စ္လြန္းလို႔ မဟုတ္ပဲ ေငြမ်က္ႏွာေၾကာင့္ပဲ ျဖစ္ပါတယ္ ။ ဒီလိုလူမ်ိဳးေတြဟာ ေနာက္ကြယ္မွာလည္း အရမ္း ဇယားရႈပ္တတ္ၾက ပါတယ္ ။

(၃) လိုခ်င္တာေတြ ေတာင္းတတ္တယ္

ေယာက်္ား ေတာ္ေတာ္ မ်ားမ်ားဟာ သူတို႔ လိုခ်င္တာ၊ သူတို႔ႀကိဳက္တဲ့ အရာေတြကို မိန္းကေလးေတြဆီမွာ ေတာ္႐ုံ ထုတ္မေျပာတတ္ ၾကပါဘူး ။ ဒါေပမယ့္ ေယာက်္ားပိုင္းလုံးေတြ ကေတာ့ သူတို႔ တြဲတဲ့မိန္းကေလးေတြကို ဝယ္ေပးဖို႔ တိုက္႐ိုက္ မေျပာရင္ေတာင္ ဟိုဟာေလးေတာ့ ေတာ္ေတာ္ ႀကိဳက္တယ္၊ ဒီဟာေလးေတာ့ လိုခ်င္လိုက္တာ ဆိုၿပီး လိုခ်င္တဲ့ အရိပ္အေယာင္ေတြ ျပတတ္ၾကပါတယ္ ။

(၄) သူေဌးစတိုင္ ဖမ္းတယ္

ေယာက်္ားပိုင္းလုံးေတြဟာ မ်ားေသာ အားျဖင့္ ေလႀကီးေလက်ယ္၊ ႀကီးႀကီးက်ယ္က်ယ္ ပုံစံမ်ိဳး ဖမ္းထားတတ္ၾက ပါတယ္ ။ မသိရင္ မိန္းကေလးကိုေတာင္ သူက ျပန္ေထာက္ပံ့ေန ရတဲ့ ပုံေပၚေလာက္တဲ့အထိကို သားသား နားနား စမတ္က်က် ေနထိုင္တတ္ၾက ပါတယ္ ။ လူမ်ားေရွ႕ ေရာက္ရင္လည္း ခ်မ္းသာၿပီး ႀကိဳက္သလို သုံးႏိုင္စြဲႏိုင္တဲ့ ပုံဖမ္းတတ္ၾက ပါေသးတယ္ ။ အမွန္တကယ္ ကေတာ့ သူတို႔ဆီမွာ ဘာမွ မရွိပဲ သူမ်ားဆီက ျခဴစားထားတဲ့ အရာေတြနဲ႔ ဘဝင္ျမင့္ေန တာသာ ျဖစ္ပါတယ္ ။

(၅) ယုတ္မာတယ္

ဒီလို ေယာက်္ားမ်ိဳးေတြဟာ အရမ္းလည္း ယုတ္မာတတ္ၾက ပါတယ္။ သင့္ဆီက ျခဴလို႔ရေနသေ႐ြ႕ သင့္ကိုပဲ အရမ္းခ်စ္သလို ပုံဖမ္းျပမွာျဖစ္ၿပီး သင္ အဆင္မေျပေတာ့တဲ့ အခါ၊ ျပသနာေတြ ရွိလာတဲ့အခါေတြမွာ ကိုယ္လြတ္ ႐ုန္းတတ္ၾက ပါေသးတယ္ ။ သူတို႔ဟာ သစၥာလည္း မရွိၾကပါဘူး ။ ေငြမ်က္ႏွာကိုပဲ ၾကည့္ၿပီး တြဲလာခဲ့တာေၾကာင့္ သူ႔ကို ေပးစရာမရွိေတာ့တဲ့အခါ၊ အၿမဲတမ္း ေငြထုတ္မရွင္းႏိုင္တဲ့ အခါက်ရင္ သင့္ကို ေျခစုံကန္သြားမယ့္ သူမ်ိဳးျဖစ္ပါတယ္ ။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ယောကျ်ားတွေ ထဲမှာ အလွယ်လိုက်၊ အချောင်ခိုပြီး မိန်းမ တယောက်ဆီက ခြူစား တတ်တဲ့ ယောကျ်ားပိုင်းလုံးတွေ ရှိပါတယ် ။ ဒီလို လူမျိုးတွေဟာ အရှက်လည်း မရှိသလို၊ ဘာမဆို လုပ်ရဲကိုင်ရဲကြတဲ့ သူတွေပါ ။ တော်ကီလည်း အရမ်းကြွယ်ပြီး အရမ်းလည်း ချုပ်တတ်တာကြောင့် ယုံစားမိဖို့ အရမ်းလွယ်ပါတယ်။ ဒီလိုယောကျ်ားမျိုးကို ရှောင်ရှားနိုင်စေ ဖို့အတွက် သူတိုရဲ့ စရိုက်လက္ခဏာ တွေကို ဖော်ပြပေးလိုက် ပါတယ် ။

(၁) သင်ပဲ ပိုက်ဆံထုတ်နေရတယ်

သင်တို့နှစ်ယောက် ချိန်းတွေ့တဲ့ အခါ၊ လျှောက်လည်တဲ့ အခါတွေမှာ သူ့ဘက်က ဘယ်တော့မှ ပိုက်ဆံထုတ်မှာ မဟုတ်ပါဘူး။ ထုတ်ရင်လည်း ဆယ်ခါမှာ တခါလောက်ပဲ ထုတ်မှာပါ ။ ဒီလိုလူမျိုးတွေဟာ အရမ်းလည်း ချစ်ပြတတ်သလို၊ တော်ကီကလည်း အရမ်း ကောင်းတာကြောင့် သူ့ကို ချစ်ပြီးရင်း ချစ်ပြီး သင်အရမ်းတွေ အကုန်အကျ များနေတော့မှာပါ ။ ကြာလာရင် ငွေထုတ်ရတာ သင့်တယောက်တည်းရဲ့ အလုပ်တခုလို ဖြစ်နေတော့မှာပါ ။

(၂) အောက်ကျို့တယ်

ဒီလို လူမျိုးတွေဟာ သင့်ဆီက ခြူစားလို့ ရနေသရွေ့ အရမ်း အောက်ကျို့နေ ပါလိမ့်မယ်။ သင့်ကိုလည်း အရမ်းသည်းခံ နားလည်ပေး သလိုလိုနဲ့ သင့်ရှေ့မှာတော့ သင့်အလိုကျ၊ သင့်စိတ်ကြိုက် နေပေးပါလိမ့်မယ် ။ ဒါပေမယ့် အဲလို အောက်ကျို့တယ် ၊ သည်းခံတယ် ဆိုတာက သင့်ကို ချစ်လွန်းလို့ မဟုတ်ပဲ ငွေမျက်နှာကြောင့်ပဲ ဖြစ်ပါတယ် ။ ဒီလိုလူမျိုးတွေဟာ နောက်ကွယ်မှာလည်း အရမ်း ဇယားရှုပ်တတ်ကြ ပါတယ် ။

(၃) လိုချင်တာတွေ တောင်းတတ်တယ်

ယောကျ်ား တော်တော် များများဟာ သူတို့ လိုချင်တာ၊ သူတို့ကြိုက်တဲ့ အရာတွေကို မိန်းကလေးတွေဆီမှာ တော်ရုံ ထုတ်မပြောတတ် ကြပါဘူး ။ ဒါပေမယ့် ယောကျ်ားပိုင်းလုံးတွေ ကတော့ သူတို့ တွဲတဲ့မိန်းကလေးတွေကို ဝယေ်ပးဖို့ တိုက်ရိုက် မပြောရင်တောင် ဟိုဟာလေးတော့ တော်တော် ကြိုက်တယ်၊ ဒီဟာလေးတော့ လိုချင်လိုက်တာ ဆိုပြီး လိုချင်တဲ့ အရိပ်အယောင်တွေ ပြတတ်ကြပါတယ် ။

(၄) သူဌေးစတိုင် ဖမ်းတယ်

ယောကျ်ားပိုင်းလုံးတွေဟာ များသော အားဖြင့် လေကြီးလေကျယ်၊ ကြီးကြီးကျယ်ကျယ် ပုံစံမျိုး ဖမ်းထားတတ်ကြ ပါတယ် ။ မသိရင် မိန်းကလေးကိုတောင် သူက ပြန်ထောက်ပံ့နေ ရတဲ့ ပုံပေါ်လောက်တဲ့အထိကို သားသား နားနား စမတ်ကျကျ နေထိုင်တတ်ကြ ပါတယ် ။ လူများရှေ့ ရောက်ရင်လည်း ချမ်းသာပြီး ကြိုက်သလို သုံးနိုင်စွဲနိုင်တဲ့ ပုံဖမ်းတတ်ကြ ပါသေးတယ် ။ အမှန်တကယ် ကတော့ သူတို့ဆီမှာ ဘာမှ မရှိပဲ သူများဆီက ခြူစားထားတဲ့ အရာတွေနဲ့ ဘဝင်မြင့်နေ တာသာ ဖြစ်ပါတယ် ။

(၅) ယုတ်မာတယ်

ဒီလို ယောကျ်ားမျိုးတွေဟာ အရမ်းလည်း ယုတ်မာတတ်ကြ ပါတယ်။ သင့်ဆီက ခြူလို့ရနေသရွေ့ သင့်ကိုပဲ အရမ်းချစ်သလို ပုံဖမ်းပြမှာဖြစ်ပြီး သင် အဆင်မပြေတော့တဲ့ အခါ၊ ပြသနာတွေ ရှိလာတဲ့အခါတွေမှာ ကိုယ်လွတ် ရုန်းတတ်ကြ ပါသေးတယ် ။ သူတို့ဟာ သစ္စာလည်း မရှိကြပါဘူး ။ ငွေမျက်နှာကိုပဲ ကြည့်ပြီး တွဲလာခဲ့တာကြောင့် သူ့ကို ပေးစရာ မရှိတော့တဲ့ အခါ၊ အမြဲတမ်း ငွေထုတ် မရှင်းနိုင်တဲ့ အခါကျရင် သင့်ကို ခြေစုံကန်သွားမယ့် သူမျိုးဖြစ်ပါတယ် ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top