iMyanmarHouse.com - Best Property Website for Myanmar
×



သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲစားထြက္တဲ့ အခါမ်ိဳးပဲျဖစ္ျဖစ္၊ ပါတီေတြျပဳလုပ္တဲ့ အခါမ်ိဳးေတြမွာပဲျဖစ္ျဖစ္ အသားကင္ BBQ ေတြဟာ မပါမျဖစ္ အစားအစာတမ်ိဳးပါ။ အသားကင္ေတြ မၾကာခဏ စားသုံးျခင္းဟာ ကင္ဆာျဖစ္ပြားမႈႏႈန္းကို ျမင့္တက္ေစတယ္ဆိုေပမယ့္ စားခ်င္လာၿပီဆိုရင္ေတာ့ သတိလက္လြတ္ စားတတ္ၾကတာေၾကာင့္ အသားကင္ေတြ စားတဲ့အခါ က်န္းမာေရးအတြက္ အႏၲရာယ္ မျဖစ္ေအာင္ ဘယ္လိုစားသင့္လဲဆိုတာကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) အသီးအ႐ြက္ေတြနဲ႔ တြဲစားပါ

အသားကင္ေတြစားတဲ့အခါ အသီးအ႐ြက္ေတြနဲ႔ တြဲဖက္ စားသုံးေပးျခင္းအားျဖင့္ ကင္ဆာျဖစ္ပြားမႈႏႈန္းကို ေလ်ာ့က်ေစမွာျဖစ္တဲ့အျပင္ ႏွလုံးေရာဂါ၊ ေလျဖတ္ေရာဂါနဲ႔ အဝလြန္ျခင္းေတြကိုပါ က်ဆင္းေစပါတယ္။ ေလ့လာခ်က္ေတြအရ အကင္စားသုံးတဲ့အခါ အသီးအ႐ြက္ေတြနဲ႔ တြဲဖက္စားသုံးေပးတာဟာ အသားကင္သီးသန႔္သာ စားသုံးတဲ့သူေတြထက္ ကင္ဆာျဖစ္ႏိုင္ေျခနည္းတာကို ေတြ႕ရပါတယ္။

(၂) အသားမကင္ခင္ သံပုရာရည္(သို႔) ရွာလကာရည္ သုတ္ေပးပါ

အသားေတြကို မကင္ခင္မွာ သံပုရာရည္ ဒါမွမဟုတ္ ရွာလကာရည္ သုတ္ေပးၿပီးမွ စားသုံးေပးျခင္းအားျဖင့္ အသားကင္တဲ့အခါ ထြက္ေပၚလာတဲ့ HCA ဆိုတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓာတ္တမ်ိဳးကို ၉၂ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္မွာ ျဖစ္တယ္လို႔ ေလ့လာခ်က္ေတြအရ သိရပါတယ္။

(၃) အသားေတြကို ခပ္ေသးေသး လွီးျဖတ္ၿပီးမွ ကင္ပါ

အသားေတြ ကင္တဲ့အခါ ခပ္ေသးေသးလွီးျဖတ္ၿပီးမွ ကင္ေပးျခင္းအားျဖင့္ အသားေတြကို အက်က္ ညီေစမွာျဖစ္သလို အခ်ိန္ကုန္လည္းသက္သာေစပါတယ္။ အသားကင္စားတဲ့အခါ အသားေတြ က်က္ေနေစဖို႔ဟာလည္း က်န္းမာေရးအတြက္ အေရးႀကီးတာေၾကာင့္ ခပ္ေသးေသးလွီးျဖတ္ၿပီးမွ ကင္ေပးသင့္ပါတယ္။

(၄) အသားကင္တဲ့အခါ မိုက္ခ႐ိုေဝ့ (microwave) ထဲမွာ အရင္ကင္ေပးပါ

အသားကင္တဲ့အခါ ကင္ဆာျဖစ္ေစတဲ့ HCA နဲ႔ PAH ဆိုတဲ့ ဓာတ္ေတြ မထြက္ေပၚလာရေအာင္နဲ႔ အသားေတြကို ေသခ်ာက်က္ေစဖို႔အတြက္ မိုက္ခ႐ိုေဝ့ထဲမွာ ၂ မိနစ္ ၃ မိနစ္ခန႔္ အရင္ကင္ေပးသင့္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #


သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်တဲ့ အခါမျိုးပဲဖြစ်ဖြစ်၊ ပါတီတွေပြုလုပ်တဲ့ အခါမျိုးတွေမှာပဲဖြစ်ဖြစ် အသားကင် BBQ တွေဟာ မပါမဖြစ် အစားအစာတမျိုးပါ။ အသားကင်တွေ မကြာခဏ စားသုံးခြင်းဟာ ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတယ်ဆိုပေမယ့် စားချင်လာပြီဆိုရင်တော့ သတိလက်လွတ် စားတတ်ကြတာကြောင့် အသားကင်တွေ စားတဲ့အခါ ကျန်းမာရေးအတွက် အန္တရာယ် မဖြစ်အောင် ဘယ်လိုစားသင့်လဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) အသီးအရွက်တွေနဲ့ တွဲစားပါ

အသားကင်တွေစားတဲ့အခါ အသီးအရွက်တွေနဲ့ တွဲဖက် စားသုံးပေးခြင်းအားဖြင့် ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေမှာဖြစ်တဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ အဝလွန်ခြင်းတွေကိုပါ ကျဆင်းစေပါတယ်။ လေ့လာချက်တွေအရ အကင်စားသုံးတဲ့အခါ အသီးအရွက်တွေနဲ့ တွဲဖက်စားသုံးပေးတာဟာ အသားကင်သီးသန့်သာ စားသုံးတဲ့သူတွေထက် ကင်ဆာဖြစ်နိုင်ခြေနည်းတာကို တွေ့ရပါတယ်။

(၂) အသားမကင်ခင် သံပုရာရည်(သို့) ရှာလကာရည် သုတ်ပေးပါ

အသားတွေကို မကင်ခင်မှာ သံပုရာရည် ဒါမှမဟုတ် ရှာလကာရည် သုတ်ပေးပြီးမှ စားသုံးပေးခြင်းအားဖြင့် အသားကင်တဲ့အခါ ထွက်ပေါ်လာတဲ့ HCA ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်တမျိုးကို ၉၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

(၃) အသားတွေကို ခပ်သေးသေး လှီးဖြတ်ပြီးမှ ကင်ပါ

အသားတွေ ကင်တဲ့အခါ ခပ်သေးသေးလှီးဖြတ်ပြီးမှ ကင်ပေးခြင်းအားဖြင့် အသားတွေကို အကျက် ညီစေမှာဖြစ်သလို အချိန်ကုန်လည်းသက်သာစေပါတယ်။ အသားကင်စားတဲ့အခါ အသားတွေ ကျက်နေစေဖို့ဟာလည်း ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် ခပ်သေးသေးလှီးဖြတ်ပြီးမှ ကင်ပေးသင့်ပါတယ်။

(၄) အသားကင်တဲ့အခါ မိုက်ခရိုဝေ့ (microwave) ထဲမှာ အရင်ကင်ပေးပါ

အသားကင်တဲ့အခါ ကင်ဆာဖြစ်စေတဲ့ HCA နဲ့ PAH ဆိုတဲ့ ဓာတ်တွေ မထွက်ပေါ်လာရအောင်နဲ့ အသားတွေကို သေချာကျက်စေဖို့အတွက် မိုက်ခရိုဝေ့ထဲမှာ ၂ မိနစ် ၃ မိနစ်ခန့် အရင်ကင်ပေးသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top