iMyanmarHouse.com - Best Property Website for Myanmar
×




နန္းသူဇာရဲ႕ ေမြးေန႔ အမွတ္တရအေနနဲ႔ ခ်စ္သူ ေက်ာ္ထြဋ္ေဆြက ၾကည္ႏူးစရာေကာင္းတဲ့ ေမြးေန႔ဆုေတာင္းေလး ေျပာလာပါ တယ္။ သူတို႔ ခ်စ္သူႏွစ္ဦးက အခုဆုိရင္ ခ်စ္သူသက္တမ္း ၈ ႏွစ္ၾကာၿပီျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁ ရက္ေန႔မွာ က်ေရာက္တဲ့ အဆုိေတာ္ နန္းသူဇာရဲ႕ ေမြးေန႔မွာ သူ႔ရဲ႕ ခ်စ္သူျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြက အေစာဆုံး ေမြးေန႔ ဆုေတာင္း စကားေျပာခဲ့ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သူတုိ႔ စုံတြဲကလည္း ပရိသတ္ အားက်စရာ စုံတြဲေလး တစ္တြဲျဖစ္ပါတယ္။


''Happy Birthday thae tone layy. အၿမဲတမ္း က်န္းမာ ေပ်ာ္ရႊင္ ခ်မ္းသာပါေစ။ sweet december ေလး ''  ဆုိၿပီးေတာ့ ေက်ာ္ထြဋ္ေဆြရဲ႕ ေဖ့စ္ဘြတ္မွာ ဒီဇင္ဘာလ ၁ ရက္ေန႔ ၁၂:၀၀ က ေရးသားခဲ့တာပါ။ အဲ့ဒီေနာက္ သူတုိ႔ရင္ထဲက စကားေလးေတြကို ေဖာ္ျပထား တဲ့  ခ်စ္သူ ေလးနဲ႔ အမွတ္တရ ဓာတ္ပုံေတြကုိလည္း တင္ခဲ့ပါတယ္။

ေအာင္ျမင္မႈေတြ ပုိင္ဆုိင္ထားတုန္းျဖစ္တဲ့ Rapper အဆုိေတာ္ ေက်ာ္ထြဋ္ေဆြက ဂီတအလုပ္အျပင္ ကုိယ္ပုိင္စီးပြားေရး လုပ္ဖုိ႔ ျပင္ဆင္ေနၿပီလုိ႔ သိရပါတယ္။ ဂီတအေပၚထားတဲ့ သူ႔ရဲ႕ ခံယူခ်က္ေတြကုိလည္း အခုလုိ ေျပာျပလာပါတယ္။

'' ဂီတသမားေတြဟာ ဝင္ေငြနည္းပါတယ္။တခ်ိဳ႕က ငါ့ဂီတကလြဲၿပီးဘာမွမလုပ္ဘူး ဆိုၿပီး ခံယူခ်က္အျပည့္နဲ႔။ တခ်ိဳ႕က ငါခ်စ္တဲ့ဂီတ ကို ဆက္ လက္ ဖန္တီးခြင့္ရဖို႔အျခားတစ္ဖက္က ဝင္ေငြရွာရမယ္ ဆိုၿပီး ယံုၾကည္ခ်က္အျပည့္နဲ႔။ ကၽြန္ေတာ္ေျပာခ်င္တာက ကၽြန္ေတာ္ ဂီတအျပင္ အျခား တစ္ခုလုပ္မလို႔။ ေဖာင္းမထုၾကပါနဲ႔ rapper အေပါင္းတို႔'' ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ဖူးပါတယ္။


ေက်ာ္ထြဋ္ေဆြဟာ မိဘေတြရဲ႕ အိမ္စီးပြားေရးအလုပ္ေလးေတြ လုပ္ေပးျဖစ္ေနတဲ့အတြက္ ဂီတဘက္မွာ လႈပ္ရွားမႈ သိပ္မရွိေတာ့တာ ျဖစ္ပါ တယ္။ သူ႔အေနနဲ႔ ၈ ႏွစ္တာ လက္တြဲလာတဲ့ ခ်စ္သူ ေကာင္မေလး သရုပ္ေဆာင္၊ အဆုိေတာ္ နန္းသူဇာနဲ႔ လက္ထပ္ဖုိ႔အတြက္ ပုိက္ဆံေတြ လည္း စုေနတယ္လုိ႔ သိရပါတယ္။


 ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္စုံတြဲ တစ္တြဲျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတုိ႔ရဲ႕ Relationship ကုိ ၂၀၁၁ ခုႏွစ္ကတည္းက ပရိသတ္ေတြ ကုိ ခ်ျပခဲ့တာျဖစ္ပါတယ္။ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတုိ႔ဟာ Let's Go ခရီးသြားအစီအစဥ္ေတြမွာလည္း အတူတူ ပါဝင္ခဲ့ၾကပါ တယ္။ ေက်ာ္ ထြဋ္ေဆြရဲ႕ Music MTV ေတြမွာလည္း နန္းသူဇာက ပါဝင္ခဲ့ပါေသးတယ္။

Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #

နန်းသူဇာရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ ချစ်သူ ကျော်ထွဋ်ဆွေက ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုတောင်းလေး ပြောလာပါ တယ်။ သူတို့ ချစ်သူနှစ်ဦးက အခုဆိုရင် ချစ်သူသက်တမ်း ၈ နှစ်ကြာပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အဆိုတော် နန်းသူဇာရဲ့ မွေးနေ့မှာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေက အစောဆုံး မွေးနေ့ ဆုတောင်း စကားပြောခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ စုံတွဲကလည်း ပရိသတ် အားကျစရာ စုံတွဲလေး တစ်တွဲဖြစ်ပါတယ်။

''Happy Birthday thae tone layy. အမြဲတမ်း ကျန်းမာ ပျော်ရွှင် ချမ်းသာပါစေ။ sweet december လေး ''  ဆိုပြီးတော့ ကျော်ထွဋ်ဆွေရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၂:၀၀ က ရေးသားခဲ့တာပါ။ အဲ့ဒီနောက် သူတို့ရင်ထဲက စကားလေးတွေကို ဖော်ပြထား တဲ့  ချစ်သူ လေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတုန်းဖြစ်တဲ့ Rapper အဆိုတော် ကျော်ထွဋ်ဆွေက ဂီတအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဂီတအပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်တွေကိုလည်း အခုလို ပြောပြလာပါတယ်။

'' ဂီတသမားတွေဟာ ဝင်ငွေနည်းပါတယ်။တချို့က ငါ့ဂီတကလွဲပြီးဘာမှမလုပ်ဘူး ဆိုပြီး ခံယူချက်အပြည့်နဲ့။ တချို့က ငါချစ်တဲ့ဂီတ ကို ဆက် လက် ဖန်တီးခွင့်ရဖို့အခြားတစ်ဖက်က ဝင်ငွေရှာရမယ် ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ကျွန်တော် ဂီတအပြင် အခြား တစ်ခုလုပ်မလို့။ ဖောင်းမထုကြပါနဲ့ rapper အပေါင်းတို့'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

ကျော်ထွဋ်ဆွေဟာ မိဘတွေရဲ့ အိမ်စီးပွားရေးအလုပ်လေးတွေ လုပ်ပေးဖြစ်နေတဲ့အတွက် ဂီတဘက်မှာ လှုပ်ရှားမှု သိပ်မရှိတော့တာ ဖြစ်ပါ တယ်။ သူ့အနေနဲ့ ၈ နှစ်တာ လက်တွဲလာတဲ့ ချစ်သူ ကောင်မလေး သရုပ်ဆောင်၊ အဆိုတော် နန်းသူဇာနဲ့ လက်ထပ်ဖို့အတွက် ပိုက်ဆံတွေ လည်း စုနေတယ်လို့ သိရပါတယ်။

 ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top