iMyanmarHouse.com - Best Property Website for Myanmar
×


မိမိကိုယ္ခႏၵာေပၚရိွ ပိုလွ်ံေနေသာအဆီေတြ သူ့အလိုလို ကြာက်သြားရင္ ေကာငိးမွာပဲလို႔ ၀ေသာသူတိုင္းလိုလို ေတြးမိေကာင္း ေတြးမိၾကပါလိမ့္မယ္။ ပိန္ခ်င္သူမ်ားအဖို့ အစားေလွ်ာ့စားရျခင္း Gymေျပးရျခင္းတို႔ေၾကာင့္ စိတ္ေကာလူပါပင္ပန္းၾကပါလိမ့္မယ္။ အခုေဖာ္ျပမယ္န႔ည္းလမ္းေတြကေတာ့ လြယ္ကူသက္သာၿပီး အစာေလွ်ာ့ဖို႔နဲ႔ ေလ့က်င့္ခန္းေတြလုပ္ဖို႔မလိုဘဲ ပိန္ေစမယ့္နည္းလမ္းေလးေတြ ျဖစ္ပါတယ္။

(၁) အသက္႐ႉျခင္း

အသက္႐ႉေလ့က်င့္ခန္းရဲ႕ အဓိကေသာ့ခ်က္ကေတာ့ အသက္ကိုပံုမွန္႐ႉသြင္း ႐ႉထုတ္ ျပဳလုပ္ရမွာ ျဖစ္ၿပီး ထိုသို႔႐ႈရာမွာလည္း ရင္ဘတ္ႂကြက္သားကို မသံုးဘဲ ၀မ္းဗိုက္ႂကြက္သားကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အသက္႐ႉေလ့က်င့္ခန္းကို ေန႔စဥ္ပံုမွန္ျပဳလုပ္ျခင္းျဖင့္ ၀မ္းဗိုက္နဲ႔ခါးတ၀ိုက္အဆီမ်ားကို က်ေစၿပီး သင့္ကိုသြယ္လ်လွပေစမွာပါ။

(၂) ေရပူ/ေရေအး တလွည့္စီျဖင့္ ေရခ်ဴိးျခင္း

သင္ေန႔စဥ္ေရခ်ဴိးၿပီးေသာအခါတိုင္းမွာ ေရကို အပူတလွည့္ အေအးတလွည့္ျဖင့္ ထပ္ခ်ဳိးေပးဖို႔ ျဖစ္ပါတယ္။ ထိုသိူ႕ေရခ်ဳိးျခင္းျဖင့္ အဆီပိုေတြကိုက်ေစ႐ံုသာမကပဲ အ၀လြန္ျခင္း၊ႏွလံုးတုန္ျခင္း၊ေသြးတိုးျခင္းနဲ႔ေသြးေၾကာျပႆနာမ်ားကုိပါ သက္သာေစပါတယ္။ ဒါေပမယ့္ ဆိုးက်ဴိးမ်ားလည္း ရိွတတ္တာမို႔ ဆရာဝန္ ႏွင့္ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီးမွ လုပ္ေဆာင္သင့္ပါတယ္။

(၃) ႏိွပ္နယ္ေပးပါ

အဆီက်ေစေသာႏိွပ္နယ္နည္းမ်ားစြာရိွသည့္အနက္ ခြက္ကို္အသံုးျပဳေသာႏိွပ္နည္းမွာ အေကာင္းဆံုး ျဖစ္ပါတယ္။ ထိုႏိွပ္နည္းက သင့္အဆီပိုေတြကို ေခ်ဖ်က္ေပးတဲ့အျပင္ ၀မ္းဗိုက္အေရွ႕ဘက္ႂကြက္သားမ်ားကို ေသြးလွည့္ပတ္မႈေကာင္းမြန္ေစပါတယ္။ ေရ၊ပ်ားရည္၊ အဆီက်ေဆး၊င႐ုတ္သီးတို႔ကို ေရာစပ္ကာ ၀မ္းဗိုကိေပၚတြင္လိမ္းၿပီး ခြက္ျဖင့္ နိပ္နယ္ျခင္းျဖစ္ပါတယ္။ မိမိအိမ္သိူ႕မဟုတ္saloonမ်ားတြင္ စနစ္တက် သူ႕အႀကိမ္အေ၇အတြက္အလိုက္ႏိွပိနယ္ျခင္းျဖင့္ ပိုမိုထိေ၇ာက္ေစႏိူင္ပါတယ္။

Credit:Daily Hot News

# Unicode Version ျဖင့္ ဖတ္ပါ #

မိမိကိုယ်ခန္ဒာပေါ်ရှိ ပိုလျှံနေသောအဆီတွေ သူ့အလိုလို ကွာကျသွားရင် ကောငိးမှာပဲလို့ ဝသောသူတိုင်းလိုလို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ ပိန်ချင်သူများအဖို့ အစားလျှော့စားရခြင်း Gymပြေးရခြင်းတို့ကြောင့် စိတ်ကောလူပါပင်ပန်းကြပါလိမ့်မယ်။ အခုဖော်ပြမယ်န့ည်းလမ်းတွေကတော့ လွယ်ကူသက်သာပြီး အစာလျှော့ဖို့နဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့မလိုဘဲ ပိန်စေမယ့်နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

(၁) အသက်ရှူခြင်း

အသက်ရှူလေ့ကျင့်ခန်းရဲ့ အဓိကသော့ချက်ကတော့ အသက်ကိုပုံမှန်ရှူသွင်း ရှူထုတ် ပြုလုပ်ရမှာ ဖြစ်ပြီး ထိုသို့ရှုရာမှာလည်း ရင်ဘတ်ကြွက်သားကို မသုံးဘဲ ဝမ်းဗိုက်ကြွက်သားကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဖြင့် ဝမ်းဗိုက်နဲ့ခါးတဝိုက်အဆီများကို ကျစေပြီး သင့်ကိုသွယ်လျလှပစေမှာပါ။

(၂) ရေပူ/ရေအေး တလှည့်စီဖြင့် ရေချိူးခြင်း

သင်နေ့စဉ်ရေချိူးပြီးသောအခါတိုင်းမှာ ရေကို အပူတလှည့် အအေးတလှည့်ဖြင့် ထပ်ချိုးပေးဖို့ ဖြစ်ပါတယ်။ ထိုသိူ့ရေချိုးခြင်းဖြင့် အဆီပိုတွေကိုကျစေရုံသာမကပဲ အဝလွန်ခြင်း၊နှလုံးတုန်ခြင်း၊သွေးတိုးခြင်းနဲ့သွေးကြောပြဿနာများကိုပါ သက်သာစေပါတယ်။ ဒါပေမယ့် ဆိုးကျိူးများလည်း ရှိတတ်တာမို့ ဆရာဝန် နှင့်သေချာတိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဆောင်သင့်ပါတယ်။

(၃) နှိပ်နယ်ပေးပါ

အဆီကျစေသောနှိပ်နယ်နည်းများစွာရှိသည့်အနက် ခွက်ကိုအသုံးပြုသောနှိပ်နည်းမှာ အကောင်းဆုံး ဖြစ်ပါတယ်။ ထိုနှိပ်နည်းက သင့်အဆီပိုတွေကို ချေဖျက်ပေးတဲ့အပြင် ဝမ်းဗိုက်အရှေ့ဘက်ကြွက်သားများကို သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။ ရေ၊ပျားရည်၊ အဆီကျဆေး၊ငရုတ်သီးတို့ကို ရောစပ်ကာ ဝမ်းဗိုကိပေါ်တွင်လိမ်းပြီး ခွက်ဖြင့် နိပ်နယ်ခြင်းဖြစ်ပါတယ်။ မိမိအိမ်သိူ့မဟုတ်saloonများတွင် စနစ်တကျ သူ့အကြိမ်အရေအတွက်အလိုက်နှိပိနယ်ခြင်းဖြင့် ပိုမိုထိရောက်စေနိူင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top