iMyanmarHouse.com - Best Property Website for Myanmar
×











Credit:Duwun

# Unicode Version ဖြင့် ဖတ်ပါ #

ဖွေးဖွေးတစ်ယောက် '' သတို့သမီး'' ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်. သူမဟာ ပရိသတ်အချစ်တွေကို အများကြီးပိုင် ဆိုင်ထားတဲ့ အကယ်ဒမီ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်.

သရုပ်ဆောင် ဖွေးဖွေးက မကြာခင်ရုံတင်ပြသတော့မယ့် ''သတို့သမီး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်လို့နေပါတယ်. အနုပညာသက်တမ်း ဘယ်လောက် ကြာကြာ ဇာတ်ကား အသစ်တိုင်းအတွက်ကို စိတ်လှုပ်ရှားတယ်လို့ သူမကိုယ်တိုင် ပြောပြခဲ့ပါတယ်.

'' နှစ်တွေ အတွေ့အကြုံတွေ ဘယ်လောက်များများ ဖွေးကားအသစ် ရုံတင်တော့မယ် ဆို အမြဲ အိပ်မပျော်တတ် တာ ဒီ သရုပ်ဆောင်အလုပ်စလုပ်တဲ့ ဖွေးအသက် ၁၉ နှစ်ထဲကပဲမို့ အကောင်းဆုံးကြိုးစားထားခဲ့တာသေချာနေပေမယ့်လဲ ရင်တုန်ဆဲပဲမို့ ဖွေးတို့ကိုချစ်တဲ့ ပရိသတ်တွေ နဲ့ မနက်ဖြန်ခါ ထပ်တွေ့ရတော့မှာမို့'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

သတို့သမီးရုပ်ရှင်ဇာတ်ကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်. ဒီဇာတ်ကားမှာ ဖွေးဖွေးနဲ့ အတူ အလင်းရောင် နဲ့ မေ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ. ဖွေးဖွေးဟာ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင်. အကောင်းဆုံးဖြစ်အောင် ကြိုးစား သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်.

သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးပါ။ ဗီဒီယို ဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top