iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးေတြအတြက္ ဆံပင္ဆိုတာ ဒုတိယမ်က္ႏွာလို႔ တင္စားၾကပါတယ္။ ဆံသားေတြ ေျခာက္ေသြ႕ၿပီး အဖ်ားႏွစ္ခြေတြ ျဖစ္ေနတဲ့အခါမ်ိဳးမွာ ဆံပင္အဖ်ားေတြကို ညႇပ္ မပစ္ခ်င္ဘူး ဆိုသူေတြအတြက္ ညႇပ္ပစ္စရာ မလိုဘဲ ျပန္လည္ေကာင္းမြန္လာေစမယ့္ သဘာဝနည္းလမ္းေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) ၾကက္ဥ

ၾကက္ဥမွာ ပါဝင္တဲ့ ပ႐ိုတင္းဓာတ္ဟာ ဆံေကသာ ေျခာက္ေသြ႕ပ်က္စီးျခင္းေတြနဲ႔ ဆံပင္အဖ်ား ႏွစ္ခြျဖစ္ျခင္းေတြကို ျပန္လည္ေကာင္းမြန္လာေစႏိုင္တာေၾကာင့္ ၾကက္ဥ ၁ လုံး၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း တဇြန္းတို႔ကို ေရာစပ္ကာ ေခါင္းမေလွ်ာ္ခင္ နာရီဝက္အလိုမွာ ေပါင္းတင္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးႏိုင္ပါတယ္။

(၂) ပ်ားရည္

ပ်ားရည္ဟာ မ်က္ႏွာ အသားအေရအတြက္သာမက ဆံေကသာ က်န္းမာေရးအတြက္လည္း အသုံးဝင္လွပါတယ္။ ပ်ားရည္ကို သူ႔သီးသန႔္ပဲ အသုံးျပဳေပးမယ္ဆိုရင္ ဆံေကသာမွာ ကပ္ေစးေစးျဖစ္ၿပီး ဆံသားေတြ ရႈပ္ေထြးသြားေစႏိုင္တာေၾကာင့္ ပ်ားရည္အနည္းငယ္ကို သံလြင္ဆီ၊ ၾကက္ဥတို႔နဲ႔ ေရာစပ္ၿပီး ေခါင္းမေလွ်ာ္ခင္ ေပါင္းတင္ေပးႏိုင္ပါတယ္။

(၃) သေဘၤာသီးမွည့္

သေဘၤာသီးမွည့္မွာ ပါဝင္တဲ့ Folic Acid ဟာ ဦးေရျပားေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစၿပီး ဆံပင္အဖ်ား ႏွစ္ခြ ျဖစ္ျခင္းေတြကို ျပန္လည္ေကာင္းမြန္ေစႏိုင္ပါတယ္။ သေဘၤာသီးမွည့္ တျခမ္းကို ႀကိတ္ေခ်ထားၿပီး ဒိန္ခ်ဥ္အနည္းငယ္ နဲ႔ေရာစပ္ကာ ဆံသားအႏွံ႔ လိမ္းက်ံေပးၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ဆံပင္အဖ်ား ႏွစ္ခြေတြကို သက္သာေစမွာ ျဖစ္ပါတယ္။

(၄) အုန္းဆီ

အုန္းဆီဟာ ဆံသားျပႆနာ ေတာ္ေတာ္မ်ားမ်ားအတြက္ အသုံးဝင္တဲ့ သဘာဝပစၥည္းတမ်ိဳးပါ။ ေခါင္းမေလွ်ာ္ခင္ တနာရီေလာက္အလိုမွာ အုန္းဆီကို ဆံသားအရင္းကေန အဖ်ားအထိ ႏွံ႔စပ္ေအာင္လိမ္းၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ဆံပင္အဖ်ားနစ္ခြျဖစ္ျခင္းေတြကို ျပန္လည္ ေကာင္းမြန္လာေစပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတွေအတွက် ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ တင်စားကြပါတယ်။ ဆံသားတွေ ခြောက်သွေ့ပြီး အဖျားနှစ်ခွတွေ ဖြစ်နေတဲ့အခါမျိုးမှာ ဆံပင်အဖျားတွေကို ညှပ် မပစ်ချင်ဘူး ဆိုသူတွေအတွက် ညှပ်ပစ်စရာ မလိုဘဲ ပြန်လည်ကောင်းမွန်လာစေမယ့် သဘာဝနည်းလမ်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ကြက်ဥ

ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ဆံကေသာ ခြောက်သွေ့ပျက်စီးခြင်းတွေနဲ့ ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းတွေကို ပြန်လည်ကောင်းမွန်လာစေနိုင်တာကြောင့် ကြက်ဥ ၁ လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ရောစပ်ကာ ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ ပေါင်းတင်ပေးပြီးမှ ခေါင်းလျှော်ပေးနိုင်ပါတယ်။

(၂) ပျားရည်

ပျားရည်ဟာ မျက်နှာ အသားအရေအတွက်သာမက ဆံကေသာ ကျန်းမာရေးအတွက်လည်း အသုံးဝင်လှပါတယ်။ ပျားရည်ကို သူ့သီးသန့်ပဲ အသုံးပြုပေးမယ်ဆိုရင် ဆံကေသာမှာ ကပ်စေးစေးဖြစ်ပြီး ဆံသားတွေ ရှုပ်ထွေးသွားစေနိုင်တာကြောင့် ပျားရည်အနည်းငယ်ကို သံလွင်ဆီ၊ ကြက်ဥတို့နဲ့ ရောစပ်ပြီး ခေါင်းမလျှော်ခင် ပေါင်းတင်ပေးနိုင်ပါတယ်။

(၃) သင်္ဘောသီးမှည့်

သင်္ဘောသီးမှည့်မှာ ပါဝင်တဲ့ Folic Acid ဟာ ဦးရေပြားသွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်အဖျား နှစ်ခွ ဖြစ်ခြင်းတွေကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ သင်္ဘောသီးမှည့် တခြမ်းကို ကြိတ်ချေထားပြီး ဒိန်ချဉ်အနည်းငယ် နဲ့ရောစပ်ကာ ဆံသားအနှံ့ လိမ်းကျံပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်အဖျား နှစ်ခွတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

(၄) အုန်းဆီ

အုန်းဆီဟာ ဆံသားပြဿနာ တော်တော်များများအတွက် အသုံးဝင်တဲ့ သဘာဝပစ္စည်းတမျိုးပါ။ ခေါင်းမလျှော်ခင် တနာရီလောက်အလိုမှာ အုန်းဆီကို ဆံသားအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်အဖျားနစ်ခွဖြစ်ခြင်းတွေကို ပြန်လည် ကောင်းမွန်လာစေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top