iMyanmarHouse.com - Best Property Website for Myanmar
×










Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ကြတာမို့
ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူပုံဖော်နေကြတာပါ။ လတ်တလောမှာတော့ ရွှေထူးက သူကိုယ်တိုင်ရေးပြီး အတူလည်းသီဆိုထားပေးတဲ့ ချစ်ဇနီးချောလေးရဲ့ ပထမဦးဆုံးသီချင်းလေးက လတ်တလောမှာ ပရိသတ်အကြိုက်ဆုံး နံပတ် ၁ ဖြစ်နေတာမို့ ရွှေမှုံလေးအတွက် ဂုဏ်ယူတဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဇနီးချောလေးအတွက် ဂုဏ်ယူနေတဲ့ ချစ်တတ်လွန်းသူကြီး ရွှေထူးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ “Gaw gyi ကွ 👏” ဆိုပြီး ချစ်ဇနီးချောလေးအတွက် ဂုဏ်ယူတဲ့အကြောင်း ပျော်ပျော်ကြီး ရေးသားထားတာ တွေ့ရပါတယ်။


ရွှေထူးကတော့ လတ်တလောမှာ နယ်ရှိုးပွဲဆိုရင်း အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေတာဖြစ်ပြီး ရွှေမှုံလေးကလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး၊ တစ်ခြားသော အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတာ တွေ့ရပါတယ်နော်။

ရွှေနှစ်ရွှေမောင်နှံလေးရဲ့ “အမှား”သီချင်းဗီဒီယို

ရွှေမှုံရတီကတော့ သရုပ်ဆောင်ပိုင်းမှာ မခေသလို၊ အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ကြောင်းကို သူမရဲ့ပထမဦးဆုံးသီချင်းဖြစ်တဲ့ “အမှား” သီချင်းလေးမှာ ပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်ခြင်းကို အပြည့်အဝ ရရှိခဲ့တာပါ။ချစ်ပရိသတ်တွေလည်း ပထမဦးဆုံး သီချင်းလေးမှာတင် အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ ရွှေမှုံလေးအတွက် ဂုဏ်ပြုပေးလိုက်ကြပါဦးနော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top