iMyanmarHouse.com - Best Property Website for Myanmar
×



က်န္းမာစြာ ေနထိုင္ႏိုင္ဖို႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာေတြ စားသံုးဖို႔အေရးႀကီးပါတယ္။ ဒါေပမယ့္ သူႀကိဳးစားသေလာက္ေတာ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို အမ်ားဆံုး အဆံုးစြန္ ပမာဏအထိ ရရွိမွာ မဟုတ္ပါဘူး။

ဒါဟာသင္ေန႔စဥ္လုပ္ေနတဲ့ အလုပ္ေတြက အစာေခ်ဖ်က္ျခင္းကို အက်ိဳးသက္ေရာက္မႈရွိေနလို႔ ျဖစ္ႏိုင္ပါတယ္။ အမွား တစ္ခုကေတာ့ သင္စားၿပီးၿပီးခ်င္း လဲေလ်ာင္းတာပါပဲ။

အစာစားၿပီးလဲေလ်ာင္းျခင္းဟာ သင့္က်န္းမာေရးကို ဆိုးရြားေစပါသလား။ဟုတ္ပါတယ္။ သင္စားလိုက္တဲ့အစာေတြကို သင္မတ္မတ္ထိုင္ေနမွသာ ေကာင္းစြာေျခဖ်က္ႏိုင္ပါတယ္။ အစာစားၿပီးၿပီးခ်င္း လဲေလ်ာင္းျခင္းဟာ အစာမေၾကျခင္းကို ျဖစ္ေစတဲ့အတြက္ အစားစားၿပီး အနည္းဆံုးႏွစ္နာရီၾကာမွ လဲေလ်ာင္းသင့္ပါတယ္။ အစာစားၿပီးၿပီးခ်င္း လဲေလ်ာင္းျခင္းအက်င့္ဟာ ျပင္းထန္တဲ့ က်န္းမာေရး ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

အက္ဆစ္ အထက္ျပန္ဆန္တက္ျခင္း

သင့္ရဲ႕ ပါးစပ္နဲ႔ အစာအိမ္ကို ဆက္ထားတဲ့ အစာျပြန္မွာ ထိုင္ေနမွသာ ခႏၶာကိုယ္ရဲ႕ အစာေျခစနစ္အတြင္းမွာ ရွိတဲ့ အစာေတြကို အေပၚကိုျပန္တက္ေစတဲ့ အဆို႔ရွင္ တစ္ခု ပါဝင္ပါတယ္။ အစာအျပည့္စားၿပီး လဲေလ်ာင္းေနခဲ့မယ္ဆိုရင္ ၎အဆို႔ရွင္ဟာ အစာေတြကို ေအာက္ပိုင္းမွာ ထားေပးဖို႔ အခက္အခဲေတြ႔ပါလိမ့္မယ္။ ဒါဟာ သင့္အစာအိမ္ထဲက ပါဝင္ ပစၥည္းေတြကို ပိုမိုေစၿပီး အက္ဆစ္ ေနာက္ျပန္စီးဆင္းျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

ရင္ပူျခင္း

သင့္အစာအိမ္မွာ အက္ဆစ္မ်ားရင္ ရင္ပူျခင္း ျဖစ္ေစႏိုင္ပါတယ္။ အက္ဆစ္ေတြဟာ သင့္အစာအိမ္မွတစ္ဆင့္ လည္ေခ်ာင္းထဲကို တက္သြားၿပီး ပူေလာင္ျခင္းကို ရင္ဘတ္ (သုိ႔) လည္ေခ်ာင္းထဲမွာ ျဖစ္ေပၚေစပါတယ္။ ဒါဟာ အမ်ားအားျဖင့္ ေလတက္ျခင္းနဲ႔ တြဲတတ္ပါတယ္။

ကိုယ္အေလးခ်ိန္တိုးျခင္း

ညအခါ အစာစားေနာက္က်ၿပီး တန္းအိပ္ရာဝင္ျခင္းေၾကာင့္ အျခား ျပႆနာ တစ္ခုျဖစ္ပြားႏိုင္ပါေသးတယ္။ ညဘက္မွာ အစာစား ေနာက္က်ျခင္းဟာ ပင္ပန္းျခင္းေၾကာင့္ျဖစ္ေပၚလာတဲ့ ဆံုးျဖတ္မႈယိုယြင္းျခင္းနဲ႔ အားေလ်ာ့တဲ့စိတ္စြမ္းအင္ရွိျခင္း အပါအဝင္ အျခား အႏၲရာယ္ေတြ အမ်ားၾကီး ျဖစ္ေပၚႏိုင္ေစပါတယ္။ သင္ညမိုးခ်ဳပ္မွာ ဗိုက္ဆာတဲ့အခါ အသီးအရြက္စားျခင္းဟာ ေရခဲမုန္႔စားျခင္း (သုိ႔) က်န္ေနတဲ့ ပီဇာေတြကို အကုန္စားလိုက္ျခင္းလိုမ်ိဳးေတာ့ ႏွစ္သက္စရာ ေကာင္းမွာ မဟုတ္ပါဘူး။ သင္မအိပ္ခင္ က်န္းမာေရးနဲ႔ မညီတဲ့ ဆံုးျဖတ္ခ်က္ေတြခ်ျခင္းအားျဖင့္ သင့္မွာ ပိုေနတဲ့ ကယ္လိုရီေတြကို ေလာင္ကြ်မ္းစရာ အခြင့္အေရး ရွိေတာ့မွာ မဟုတ္ပါဘူး။

ေလျဖတ္ျခင္း

အစာစားၿပီး တန္းအိပ္ျခင္းဟာ သင့္ကို ေလျဖတ္ဖို႔ အခြင့္အလမ္း ပိုမ်ားလာေစပါလိမ့္မယ္။ University of Ioannina, Greece မွာ ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုရဲ႕ ေတြ႔ရွိခ်က္ေတြအရ အစာစားၿပီး တန္းအိပ္တဲ့ အက်င့္ဟာ ေလျဖတ္မႈႏႈန္းကို ပိုမို ျမင့္တက္ေစပါတယ္လို႔ ဆိုပါတယ္။ က်န္းမာတဲ့ လူအေယာက္ငါးရာ ပါဝင္တဲ့ ေလ့လာမႈတစ္ခုမွာ အစာစားျခင္းနဲ႔ အိပ္ျခင္းၾကား အခ်ိန္အၾကာျမင့္ဆံုး ရွိသူေတြဟာ ေလျဖတ္ဖိုု႔အခြင့္အေရး အနည္းဆံုးျဖစ္တာကို ေတြ႔ရွိရပါတယ္။
ျဖစ္ႏိုင္တဲ့ သီအိုရီေတြ အမ်ားအျပား ရွိၾကေပမယ့္ သူတို႔မွာ အက္ဆစ္အေပၚ ျပန္တက္ျခင္းဟာ ေလျဖတ္ျခင္းနဲ႔ ဆက္ႏြယ္ေနတဲ့ အိပ္စက္စဥ္ အသက္ရွဴရပ္ျခင္းကို ပိုမိုျဖစ္ေပၚေစပါတယ္။ ေနာက္ သီအိုရီ တစ္ခုကေတာ့ အစာေျချခင္းနဲ႔သူ႔ရဲ႕ ေသြးဖိအား၊ ေသြးတြင္း သၾကား ပမာဏနဲ႔ ကိုလက္စတေရာ ဓါတ္ေတြအေပၚ အက်ိဳးသက္ေရာက္မႈဟာ ေလျဖတ္မႈပိုမို ျဖစ္ေပၚေစပါတယ္။ ဒီအခ်က္ကို အတည္ျပဳဖို႔ အျခားေလ့လာမႈေတြ အမ်ားအျပား လိုအပ္ပါေသးတယ္။

အစာစားျပီးခ်ိန္ တျခားဘာေတြ ေရွာင္ၾကဥ္ရမလဲ။
အစာစားၿပီး လဲေလ်ာင္းျခင္းဟာ သင့္က်န္းမာေရးကို ဆိုးရြားေစပါတယ္။ ဒါေပမယ့္ စားေသာက္ၿပီး တျခားေရွာင္ၾကဥ္ရန္ အခ်က္ေတြလဲ ရွိပါေသးတယ္။

အိပ္စက္ျခင္း

သင္အိပ္ေပ်ာ္ရင္ သင့္ ခႏၶာကိုယ္ဟာ ေႏွးေကြးသြားပါတယ္။ ဒါ့ေၾကာင့္ အစာအိမ္ထဲက အစာေတြကို ေျခဖ်က္ဖို႔ အခ်ိန္ပိုလိုၿပီး အစာအိမ္စနစ္ကို ဒုကၡေပးပါလိမ့္မယ္။ ခုနက ေျပာခဲ့သလိုမ်ိဳး ေဘးတစ္ေစာင္း (သို႔) ေမွာက္အိပ္ျခင္းဟာ သင့္အစာအိမ္ အတြင္းမွာ ရွိတဲ့ အက္စစ္ကို အစာျပြန္ထဲကို ျပန္တတ္ေစပါတယ္။ ဒါ့အျပင္ အစာအမ်ားႀကီးစားၿပီး အိပ္မယ္ဆိုရင္ ေလပြၿပီး ႏိုးလာပါလိမ့္မယ္။ အိပ္ရာမဝင္ခင္ သင့္ခႏၶာကိုယ္ကို အစာေျခဖ်က္ဖို႔ အခ်ိ္န္အလံုအေလာက္ေပးဖို႔ လိုအပ္ပါတယ္။

ျပင္းထန္တဲ့ ေလ့က်င့္ခန္း

ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြဟာ ေကာင္းမြန္စြာ အစာေျခဖ်က္ဖို႔ လိုအပ္တဲ့ အစာအိမ္ရဲ႕ အရင္းအျမစ္ေတြကို အသံုးျပဳတာေၾကာင့္ ခႏၶာကိုယ္က အစာေျခဖ်က္ဖို႔ကို ခက္ခဲေစပါတယ္။ ဒါ့ေၾကာင့္ အစာစားၿပီး ေလ့က်င့္ခန္းလုပ္ျခင္းဟာ ၾကြက္တက္ျခင္း၊ ပ်ိဳ႕ျခင္းနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါအထိ ခံစားရႏိုင္ပါတယ္။

အသီးစားျခင္း

ဟုတ္ပါတယ္။ အသီးစားျခင္းဟာ က်န္းမာေရးနဲ႔ ညီညြတ္ပါတယ္။ ဒါေပမယ့္ အစာစားၿပီးခ်င္းေတာ့ မဟုတ္ပါဘူး။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ အသီးဟာ အျခားအစာေတြထက္စာရင္ အစာေၾကလြယ္ပါတယ္။ ဒါ့ေၾကာင့္ သင္စားလိုက္တဲ့ အစာေတြရဲ႕ အေပၚမွာ ထိုင္ေနႏိုင္ၿပီး အခ်ဥ္ေတာင္ ေဖါက္ႏိုင္ပါေသးတယ္။ ဒါဟာ ဂက္စ္ကို ျဖစ္ေစၿပီး သင့္ခႏၶာကိုယ္အေလးခ်ိန္ကိုေတာင္ တက္ေစႏိုင္ပါတယ္။ သင့္ေနာက္ဆံုးစားထားတဲ့အစာေနာက္ အနည္းဆံုး ၃နာရီမွ ၄နာရီၾကာမွ အသီးစားျခင္းဟာ ဗိုက္ပြျခင္း၊ ေလတက္ျခင္းနဲ႔ အျခား မသက္မသာျဖစ္ျခင္းေတြအတြက္ စိုးရိမ္ရန္မလိုပဲ အသီးရဲ႕ ေကာင္းက်ိဳးေတြကို အမ်ားဆံုးပမာဏအထိ ေပးစြမ္းမွာ ျဖစ္ပါတယ္။

ေရအလြန္အကၽြံေသာက္သံုးျခင္း

သင့္အစာေတြနဲ႔အတူ ေရအနည္းငယ္ေသာက္သံုးျခင္းက ဘာျပႆနာမွ သတိထားမိေစမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အစာစားေနတံုးမွာ ေရဖန္ခြက္တစ္ခြက္လံုး အလ်င္စလို ျမိဳခ်ျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။ ဒါဟာ သင့္ရဲ႕ အစာေျခေဖ်ာ္ရည္ေတြကို ေရေရာလိုက္သလိုျဖစ္ၿပီး သင့္အစာအိမ္ကို အစာေျခဖို႔ အခက္အခဲျဖစ္ေစပါတယ္။ အလားတူစြာ အစာစားၿပီး ေရေအးေသာက္သံုးျခင္းဟာလည္း သင့္အစာအိမ္ကို ေႏွးေကြးေစပါတယ္။ ဒီ့အစား သင္အစာစားၿပီး အရည္တစ္ခုခုေသာက္ခ်င္တယ္ဆိုရင္ ေဆးဖက္ဝင္အပင္ေတြနဲ႔ လုပ္ထားတဲ့ လက္ဖက္ရည္ အပူကိုေသာက္သံုးပါ။ ဒါေတာင္မွ အစာစားၿပီး အရည္အမ်ားႀကီးေသာက္သံုးျခင္းကို ေရွာင္က်ဥ္ဖို႔ လိုပါေသးတယ္။

ေရခ်ိဳးျခင္း

အစာစားၿပီးေရခ်ိဳးျခင္းအက်င့္ကို သူပ်ိဳးေထာင္ၿပီး ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါဟာ ေနာက္ဆံုးမွာ အစာေျခစနစ္ကို ျပႆနာေတြျဖစ္ေစတဲ့အတြက္ ေျပာင္းလဲပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ခႏၶာကိုယ္အပူခ်ိန္ဟာ သင္ေရခ်ိဳးတဲ့အခါ ျမင့္တက္လာပါတယ္။ ဒါဟာ သင့္ေသြးေတြကို အေရျပားေပၚ၊ ေျခေထာက္နဲ႔ လက္ေတြဆီကို ပို႔ေဆာင္ေပးပါလိမ့္မယ္။ ဒါသာ အစာေျခဖို႔ ေသြးမရွိေတာ့ဘူးလို႔ ဆိုလိုပါတယ္။ သင့္အစာေျခစနစ္ဟာ သိသိသာသာေႏွးေကြးၿပီး ဂက္စ္၊ ေလပြျခင္းနဲ႔ အျခားျပႆနာအမ်ားအျပားကို ျဖစ္ေစႏိုင္ပါတယ္။

အစာစားၿပီး ခါးပတ္ကို ေလွ်ာ့ခ်ျခင္း

သင္အစာစားၿပီးရင္ ခါးပတ္ေလွ်ာ့ဖို႔ လိုတယ္ဆိုရင္ ဒါဟာ သင္အရင္ေနေနတဲ့ အေနအထားမွာ သက္သာစြာေနႏိုင္ဖို႔ သင္အစားပိုစားလိုက္မိၿပီလို႔ ဆိုလိုပါတယ္။ ခါးပတ္ေလွ်ာ့လိုက္ၿပီဆိုရင္ အစားစားရတာ ျပန္သက္သက္သာသာျဖစ္လာၿပီး ဒါဟာ အဝလြန္ေရာဂါကို ဦးတည္ေနပါတယ္။ ဒါ့ေၾကာင့္ သင့္ခါးပတ္ကို အေလွ်ာ့အတင္းမျပဳလုပ္မီ စားေသာက္ျခင္းဟာလည္း ေကာင္းမြန္တဲ့ အၾကံဥာဏ္တစ္ခုျဖစ္ပါတယ္။

အစာစားၿပီး လမ္းေလွ်ာက္ျခင္း

အစာစားၿပီး လဲေလ်ာင္းေနသလုိမ်ိဳး အစာစားၿပီးၿပီးခ်င္း လမ္းေလွ်ာက္ျခင္းဟာလည္း မေကာင္းပါဘူး။ အစာမေၾကျခင္းနဲ႔ အစာေျခရည္ အက္ဆစ္အထက္ျပန္ဆန္တက္ျခင္းေတြ ျဖစ္ႏိုင္ပါတယ္။ အစာစားၿပီးၿပီးျခင္း မတ္တပ္အေျခအေနမွာ ခဏအနားယူၿပီးမွ က်န္းမာေအာင္လမ္းေလွ်ာက္တာကလည္း အေရးႀကီးပါတယ္။ အက္ဆစ္ေနာက္ျပန္စီးဆင္းျခင္းကုိ အနည္းဆံုး အစာစားၿပီး နာရီဝက္ခန္႔ၾကာမွ ဆယ္မိနစ္ခန္႔လမ္းေလွ်ာက္ေပးျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။ ဒါဟာ သင့္ ဇီဝဓါတုျဖစ္စဥ္ကို တိုးတက္ေစၿပီး သင့္ၾကြက္သားေတြကိုဆြဲဆန္႔ကာ ခႏၶာကိုယ္အတြင္းမွာ အဆီပံုေနျခင္းကို ကာကြယ္ေပးမွာပါ။

Credit: Yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သူကြိုးစားသလောက်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အများဆုံး အဆုံးစွန် ပမာဏအထိ ရရှိမှာ မဟုတ်ပါဘူး။

ဒါဟာသင်နေ့စဉ်လုပ်နေတဲ့ အလုပ်တွေက အစာချေဖျက်ခြင်းကို အကျိုးသက်ရောက်မှုရှိနေလို့ ဖြစ်နိုင်ပါတယ်။ အမှား တစ်ခုကတော့ သင်စားပြီးပြီးချင်း လဲလျောင်းတာပါပဲ။

အစာစားပြီးလဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါသလား။ဟုတ်ပါတယ်။ သင်စားလိုက်တဲ့အစာတွေကို သင်မတ်မတ်ထိုင်နေမှသာ ကောင်းစွာခြေဖျက်နိုင်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေတဲ့အတွက် အစားစားပြီး အနည်းဆုံးနှစ်နာရီကြာမှ လဲလျောင်းသင့်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းအကျင့်ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း

သင့်ရဲ့ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာပြွန်မှာ ထိုင်နေမှသာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းမှာ ရှိတဲ့ အစာတွေကို အပေါ်ကိုပြန်တက်စေတဲ့ အဆို့ရှင် တစ်ခု ပါဝင်ပါတယ်။ အစာအပြည့်စားပြီး လဲလျောင်းနေခဲ့မယ်ဆိုရင် ၎င်းအဆို့ရှင်ဟာ အစာတွေကို အောက်ပိုင်းမှာ ထားပေးဖို့ အခက်အခဲတွေ့ပါလိမ့်မယ်။ ဒါဟာ သင့်အစာအိမ်ထဲက ပါဝင် ပစ္စည်းတွေကို ပိုမိုစေပြီး အက်ဆစ် နောက်ပြန်စီးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရင်ပူခြင်း

သင့်အစာအိမ်မှာ အက်ဆစ်များရင် ရင်ပူခြင်း ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်တွေဟာ သင့်အစာအိမ်မှတစ်ဆင့် လည်ချောင်းထဲကို တက်သွားပြီး ပူလောင်ခြင်းကို ရင်ဘတ် (သို့) လည်ချောင်းထဲမှာ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အများအားဖြင့် လေတက်ခြင်းနဲ့ တွဲတတ်ပါတယ်။

ကိုယ်အလေးချိန်တိုးခြင်း

ညအခါ အစာစားနောက်ကျပြီး တန်းအိပ်ရာဝင်ခြင်းကြောင့် အခြား ပြဿနာ တစ်ခုဖြစ်ပွားနိုင်ပါသေးတယ်။ ညဘက်မှာ အစာစား နောက်ကျခြင်းဟာ ပင်ပန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်မှုယိုယွင်းခြင်းနဲ့ အားလျော့တဲ့စိတ်စွမ်းအင်ရှိခြင်း အပါအဝင် အခြား အန္တရာယ်တွေ အများကြီး ဖြစ်ပေါ်နိုင်စေပါတယ်။ သင်ညမိုးချုပ်မှာ ဗိုက်ဆာတဲ့အခါ အသီးအရွက်စားခြင်းဟာ ရေခဲမုန့်စားခြင်း (သို့) ကျန်နေတဲ့ ပီဇာတွေကို အကုန်စားလိုက်ခြင်းလိုမျိုးတော့ နှစ်သက်စရာ ကောင်းမှာ မဟုတ်ပါဘူး။ သင်မအိပ်ခင် ကျန်းမာရေးနဲ့ မညီတဲ့ ဆုံးဖြတ်ချက်တွေချခြင်းအားဖြင့် သင့်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစရာ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။

လေဖြတ်ခြင်း

အစာစားပြီး တန်းအိပ်ခြင်းဟာ သင့်ကို လေဖြတ်ဖို့ အခွင့်အလမ်း ပိုများလာစေပါလိမ့်မယ်။ University of Ioannina, Greece မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်တွေအရ အစာစားပြီး တန်းအိပ်တဲ့ အကျင့်ဟာ လေဖြတ်မှုနှုန်းကို ပိုမို မြင့်တက်စေပါတယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့ လူအယောက်ငါးရာ ပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အစာစားခြင်းနဲ့ အိပ်ခြင်းကြား အချိန်အကြာမြင့်ဆုံး ရှိသူတွေဟာ လေဖြတ်ဖို့အခွင့်အရေး အနည်းဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။
ဖြစ်နိုင်တဲ့ သီအိုရီတွေ အများအပြား ရှိကြပေမယ့် သူတို့မှာ အက်ဆစ်အပေါ် ပြန်တက်ခြင်းဟာ လေဖြတ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ နောက် သီအိုရီ တစ်ခုကတော့ အစာခြေခြင်းနဲ့သူ့ရဲ့ သွေးဖိအား၊ သွေးတွင်း သကြား ပမာဏနဲ့ ကိုလက်စတရော ဓါတ်တွေအပေါ် အကျိုးသက်ရောက်မှုဟာ လေဖြတ်မှုပိုမို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်ကို အတည်ပြုဖို့ အခြားလေ့လာမှုတွေ အများအပြား လိုအပ်ပါသေးတယ်။

အစာစားပြီးချိန် တခြားဘာတွေ ရှောင်ကြဉ်ရမလဲ။
အစာစားပြီး လဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ ဒါပေမယ့် စားသောက်ပြီး တခြားရှောင်ကြဉ်ရန် အချက်တွေလဲ ရှိပါသေးတယ်။

အိပ်စက်ခြင်း

သင်အိပ်ပျော်ရင် သင့် ခန္ဓာကိုယ်ဟာ နှေးကွေးသွားပါတယ်။ ဒါ့ကြောင့် အစာအိမ်ထဲက အစာတွေကို ခြေဖျက်ဖို့ အချိန်ပိုလိုပြီး အစာအိမ်စနစ်ကို ဒုက္ခပေးပါလိမ့်မယ်။ ခုနက ပြောခဲ့သလိုမျိုး ဘေးတစ်စောင်း (သို့) မှောက်အိပ်ခြင်းဟာ သင့်အစာအိမ် အတွင်းမှာ ရှိတဲ့ အက်စစ်ကို အစာပြွန်ထဲကို ပြန်တတ်စေပါတယ်။ ဒါ့အပြင် အစာအများကြီးစားပြီး အိပ်မယ်ဆိုရင် လေပွပြီး နိုးလာပါလိမ့်မယ်။ အိပ်ရာမဝင်ခင် သင့်ခန္ဓာကိုယ်ကို အစာခြေဖျက်ဖို့ အချိန်အလုံအလောက်ပေးဖို့ လိုအပ်ပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်း

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဟာ ကောင်းမွန်စွာ အစာခြေဖျက်ဖို့ လိုအပ်တဲ့ အစာအိမ်ရဲ့ အရင်းအမြစ်တွေကို အသုံးပြုတာကြောင့် ခန္ဓာကိုယ်က အစာခြေဖျက်ဖို့ကို ခက်ခဲစေပါတယ်။ ဒါ့ကြောင့် အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်တက်ခြင်း၊ ပျို့ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါအထိ ခံစားရနိုင်ပါတယ်။

အသီးစားခြင်း

ဟုတ်ပါတယ်။ အသီးစားခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် အစာစားပြီးချင်းတော့ မဟုတ်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အသီးဟာ အခြားအစာတွေထက်စာရင် အစာကြေလွယ်ပါတယ်။ ဒါ့ကြောင့် သင်စားလိုက်တဲ့ အစာတွေရဲ့ အပေါ်မှာ ထိုင်နေနိုင်ပြီး အချဉ်တောင် ဖေါက်နိုင်ပါသေးတယ်။ ဒါဟာ ဂက်စ်ကို ဖြစ်စေပြီး သင့်ခန္ဓာကိုယ်အလေးချိန်ကိုတောင် တက်စေနိုင်ပါတယ်။ သင့်နောက်ဆုံးစားထားတဲ့အစာနောက် အနည်းဆုံး ၃နာရီမှ ၄နာရီကြာမှ အသီးစားခြင်းဟာ ဗိုက်ပွခြင်း၊ လေတက်ခြင်းနဲ့ အခြား မသက်မသာဖြစ်ခြင်းတွေအတွက် စိုးရိမ်ရန်မလိုပဲ အသီးရဲ့ ကောင်းကျိုးတွေကို အများဆုံးပမာဏအထိ ပေးစွမ်းမှာ ဖြစ်ပါတယ်။

ရေအလွန်အကျွံသောက်သုံးခြင်း

သင့်အစာတွေနဲ့အတူ ရေအနည်းငယ်သောက်သုံးခြင်းက ဘာပြဿနာမှ သတိထားမိစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစာစားနေတုံးမှာ ရေဖန်ခွက်တစ်ခွက်လုံး အလျင်စလို မြိုချခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါဟာ သင့်ရဲ့ အစာခြေဖျော်ရည်တွေကို ရေရောလိုက်သလိုဖြစ်ပြီး သင့်အစာအိမ်ကို အစာခြေဖို့ အခက်အခဲဖြစ်စေပါတယ်။ အလားတူစွာ အစာစားပြီး ရေအေးသောက်သုံးခြင်းဟာလည်း သင့်အစာအိမ်ကို နှေးကွေးစေပါတယ်။ ဒီ့အစား သင်အစာစားပြီး အရည်တစ်ခုခုသောက်ချင်တယ်ဆိုရင် ဆေးဖက်ဝင်အပင်တွေနဲ့ လုပ်ထားတဲ့ လက်ဖက်ရည် အပူကိုသောက်သုံးပါ။ ဒါတောင်မှ အစာစားပြီး အရည်အများကြီးသောက်သုံးခြင်းကို ရှောင်ကျဉ်ဖို့ လိုပါသေးတယ်။

ရေချိုးခြင်း

အစာစားပြီးရေချိုးခြင်းအကျင့်ကို သူပျိုးထောင်ပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါဟာ နောက်ဆုံးမှာ အစာခြေစနစ်ကို ပြဿနာတွေဖြစ်စေတဲ့အတွက် ပြောင်းလဲပါ။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓာကိုယ်အပူချိန်ဟာ သင်ရေချိုးတဲ့အခါ မြင့်တက်လာပါတယ်။ ဒါဟာ သင့်သွေးတွေကို အရေပြားပေါ်၊ ခြေထောက်နဲ့ လက်တွေဆီကို ပို့ဆောင်ပေးပါလိမ့်မယ်။ ဒါသာ အစာခြေဖို့ သွေးမရှိတော့ဘူးလို့ ဆိုလိုပါတယ်။ သင့်အစာခြေစနစ်ဟာ သိသိသာသာနှေးကွေးပြီး ဂက်စ်၊ လေပွခြင်းနဲ့ အခြားပြဿနာအများအပြားကို ဖြစ်စေနိုင်ပါတယ်။

အစာစားပြီး ခါးပတ်ကို လျှော့ချခြင်း

သင်အစာစားပြီးရင် ခါးပတ်လျှော့ဖို့ လိုတယ်ဆိုရင် ဒါဟာ သင်အရင်နေနေတဲ့ အနေအထားမှာ သက်သာစွာနေနိုင်ဖို့ သင်အစားပိုစားလိုက်မိပြီလို့ ဆိုလိုပါတယ်။ ခါးပတ်လျှော့လိုက်ပြီဆိုရင် အစားစားရတာ ပြန်သက်သက်သာသာဖြစ်လာပြီး ဒါဟာ အဝလွန်ရောဂါကို ဦးတည်နေပါတယ်။ ဒါ့ကြောင့် သင့်ခါးပတ်ကို အလျှော့အတင်းမပြုလုပ်မီ စားသောက်ခြင်းဟာလည်း ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုဖြစ်ပါတယ်။

အစာစားပြီး လမ်းလျှောက်ခြင်း

အစာစားပြီး လဲလျောင်းနေသလိုမျိုး အစာစားပြီးပြီးချင်း လမ်းလျှောက်ခြင်းဟာလည်း မကောင်းပါဘူး။ အစာမကြေခြင်းနဲ့ အစာခြေရည် အက်ဆစ်အထက်ပြန်ဆန်တက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အစာစားပြီးပြီးခြင်း မတ်တပ်အခြေအနေမှာ ခဏအနားယူပြီးမှ ကျန်းမာအောင်လမ်းလျှောက်တာကလည်း အရေးကြီးပါတယ်။ အက်ဆစ်နောက်ပြန်စီးဆင်းခြင်းကို အနည်းဆုံး အစာစားပြီး နာရီဝက်ခန့်ကြာမှ ဆယ်မိနစ်ခန့်လမ်းလျှောက်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါဟာ သင့် ဇီဝဓါတုဖြစ်စဉ်ကို တိုးတက်စေပြီး သင့်ကြွက်သားတွေကိုဆွဲဆန့်ကာ ခန္ဓာကိုယ်အတွင်းမှာ အဆီပုံနေခြင်းကို ကာကွယ်ပေးမှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top