iMyanmarHouse.com - Best Property Website for Myanmar
×


ေအသင္က သူ႔ထက္ သမီးေလးကို ပရိသတ္အခ်စ္ေတြ ပိုေစဖို႔ အခုလို ေတာင္းဆိုလာတာ ေတြ႕ရပါတယ္. မၾကာေသးခင္ကပဲ သူ႔ရဲ႕ သမီးေလးအတြက္ သီခ်င္း အသစ္တစ္ပုဒ္ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့ျပန္ပါေသးတယ္။ေအသင္ခ်ိဳေဆြက သမီးေလးကို ခ်စ္တဲ့ အခ်စ္က သူ႔ကို ခ်စ္တဲ့ အခ်စ္ထက္ ပိုပါေစလို႔ ပရိသတ္ကို ေတာင္းဆိုခဲ့ပါတယ္။ေအသင္က လက္ရွိမွာ သမီးေလး Ivy နဲ႔ အတူ အလွဓာတ္ပုံ မ်ားစြာတို႔ကို ႐ိုက္ကူးေနတာျဖစ္ပါတယ္။

'' Ivy ေလးကို ပိုခ်စ္ေပးပါ၊ ကြၽန္မကို မခ်စ္ရင္လည္းရပါတယ္'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၂၈ ရက္ေန႔ မနက္အေစာပိုင္း ၁၂နာရီ ၇ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာ ေတြ႕ရပါတယ္. အဲ့ဒီေနာက္ Ivy ေလးနဲ႔ ေအသင္ တို႔ရဲ႕ သားအမိႏွစ္ေယာက္ရဲ႕ ဓာတ္ပုံေတြကိုလည္း ဆက္လက္တင္ထားတာ ေတြ႕ရပါတယ္. ပရိသတ္ေတြကေတာ့ Ivy ေလးကိုေရာ. ေမေမ ေအသင့္ ကိုပါ အတူတူ ခ်စ္တယ္ ဆိုၿပီးေတာ့ Comment ေပးထားၾကတာေတြ႕ရပါတယ္။

အႏုပညာလႈပ္ရွားမႈေတြကို တစိုုက္မတ္မတ္နဲ႔ ျပန္လည္လုပ္ကိုင္လာတဲ့ အဆိုေတာ္ ေအသင္ခ်ိဳေဆြဟာ ဒီေန႔( ဒီဇင္ဘာ၂၅ရက္)မွာ ပရိသတ္ေတြအတြက္ သီခ်င္းသစ္တစ္ပုဒ္နဲ႔ မိတ္ဆက္ေပးလိုက္ပါတယ္။ အဲ့ဒီ သီခ်င္းေလးက သူမရဲ႕ ခံစားခ်က္ေတြကို အိမ္ခ်စ္က သီခ်င္းစာသားအျဖစ္ ပုံေဖာ္ေပးထားတယ္လို႔ သိရပါတယ္။


တစ္ဦးတည္းေသာ သမီးေလးအတြက္ သီဆိုထားတဲ့ သီခ်င္းေလး ျဖစ္တယ္လို႔လည္း ေအသင္က ေျပာထားပါေသးတယ္.သမီးေလးအတြက္ သီဆိုထားတဲ့ အဲ့ဒီသီခ်င္းေလးနာမည္က” FOR MY LITTLE GIRL” ဆိုၿပီး နာမည္ေပးထားပါတယ္။

“မအိမ့္ခ်စ္ကေမတၱာျဖင့္ေရးေပးတဲ့ သီခ်င္းေလးကို အိုင္ဗီေမေမက အိုင္ဗီေလးအတြက္ဆိုထားပါတယ္။သီခ်င္းေလးနာမည္က ♥️FOR MY LITTLE GIRL♥️(သမီးေလးအတြက္)။ ဆိုၿပီး သူမရဲ႕ ေ့ဖစ္ဘြတ္ေပ့ခ်္မွာ ဒီဇင္ဘာ(၂၅) ရက္ေန႔က ေရးသားထားပါတယ္။

ေအသင္ခ်ိဳေဆြဟာ Single Mother အျဖစ္ ခံယူထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြက ၂၀၁၈ခုႏွစ္အတြင္းမွာ ေဖ်ာ္ေျဖေရးခရီးစဥ္ေတြနဲ႔ နယ္ေတြသြားေနရသူပါ။ အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္ျဖစ္ေနေပမယ့္လည္း ေအသင္က သမီးေလး Ivy ကို မ်က္စိေအာက္က အေပ်ာက္မခံတဲ့သူပါ။


အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတဲ့ ေအသင္ဟာ ဇူလိုင္(၁၀) ရက္ေန႔က Comeback Song အေနနဲ႔ "အသည္းကြဲသီခ်င္း ေတြမဆိုေတာ့ဘူး" ဆိုတဲ့ သီခ်င္းသစ္ေလးကို ပရိသတ္ေတြလက္ထဲ အေရာက္ေပးခဲ့ပါတယ္။ သူမက လက္ရွိမွာ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြ ပိုၿပီး ဆက္လုပ္သြားဖို႔ ျပင္ဆင္လ်က္ရွိတယ္တဲ့။ သီခ်င္းအသစ္ေတြ လုပ္ေနသလိုမၾကာခင္မွာလည္း အြန္လိုင္းကေန သီခ်င္းေတြ ျဖန႔္သြားဖို႔လည္း ရွိပါတယ္။

ေအသင္ခ်ိဳေဆြဟာ ေပါက္တဲ့အိုးဆိုတဲ့ စီးရီးေခြနဲ႔ စတင္ကာ ပရိသတ္ေတြကို ရင္းႏွီးေစခဲ့တာ ျဖစ္ၿပီး အနီးဆုံးလူ နမ္းမွာလား၊ Play Boy စတဲ့ ေတးစီးရီးေတြသာမက အတြဲေခြမ်ားစြာပါ ပါဝင္သီဆိုခဲ့ၿပီး သ႐ုပ္ေဆာင္ဘက္မွာလည္း ပရိသတ္ အားေပးမႈရရွိတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။


Credit: Duwun

#Unicode Version#

အေသင်က သူ့ထက် သမီးလေးကို ပရိသတ်အချစ်တွေ ပိုစေဖို့ အခုလို တောင်းဆိုလာတာ တွေ့ရပါတယ်. မကြာသေးခင်ကပဲ သူ့ရဲ့ သမီးလေးအတွက် သီချင်း အသစ်တစ်ပုဒ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်။အေသင်ချိုဆွေက သမီးလေးကို ချစ်တဲ့ အချစ်က သူ့ကို ချစ်တဲ့ အချစ်ထက် ပိုပါစေလို့ ပရိသတ်ကို တောင်းဆိုခဲ့ပါတယ်။အေသင်က လက်ရှိမှာ သမီးလေး Ivy နဲ့ အတူ အလှဓာတ်ပုံ များစွာတို့ကို ရိုက်ကူးနေတာဖြစ်ပါတယ်။

'' Ivy လေးကို ပိုချစ်ပေးပါ၊ ကျွန်မကို မချစ်ရင်လည်းရပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၁၂နာရီ ၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်. အဲ့ဒီနောက် Ivy လေးနဲ့ အေသင် တို့ရဲ့ သားအမိနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုလည်း ဆက်လက်တင်ထားတာ တွေ့ရပါတယ်. ပရိသတ်တွေကတော့ Ivy လေးကိုရော. မေမေ အေသင့် ကိုပါ အတူတူ ချစ်တယ် ဆိုပြီးတော့ Comment ပေးထားကြတာတွေ့ရပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ်နဲ့ ပြန်လည်လုပ်ကိုင်လာတဲ့ အဆိုတော် အေသင်ချိုဆွေဟာ ဒီနေ့( ဒီဇင်ဘာ၂၅ရက်)မှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီ သီချင်းလေးက သူမရဲ့ ခံစားချက်တွေကို အိမ်ချစ်က သီချင်းစာသားအဖြစ် ပုံဖော်ပေးထားတယ်လို့ သိရပါတယ်။

တစ်ဦးတည်းသော သမီးလေးအတွက် သီဆိုထားတဲ့ သီချင်းလေး ဖြစ်တယ်လို့လည်း အေသင်က ပြောထားပါသေးတယ်.သမီးလေးအတွက် သီဆိုထားတဲ့ အဲ့ဒီသီချင်းလေးနာမည်က” FOR MY LITTLE GIRL” ဆိုပြီး နာမည်ပေးထားပါတယ်။

“မအိမ့်ချစ်ကမေတ္တာဖြင့်ရေးပေးတဲ့ သီချင်းလေးကို အိုင်ဗီမေမေက အိုင်ဗီလေးအတွက်ဆိုထားပါတယ်။သီချင်းလေးနာမည်က ♥️FOR MY LITTLE GIRL♥️(သမီးလေးအတွက်)။ ဆိုပြီး သူမရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာ ဒီဇင်ဘာ(၂၅) ရက်နေ့က ရေးသားထားပါတယ်။

အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top