iMyanmarHouse.com - Best Property Website for Myanmar
×
ဒူးရင်းသီးဟာ ဗီတာမင်စီ ပေါကြွယ်ဝသော အသီးတစ်မျိုးဆိုလည်းမမှားပါဘူး။ ဗီတာမင်စီ ဟာ ဓာတ်တိုးဆန့်ကျင်ပစည်းတစ်မျိုးဖြစ်တာနဲ့အညီ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေသော free radicals များကို တိုက်ထုတ်ပေးပါတယ်။
(၆)သွေးတွင်းအချိုဓာတ်ကိုထိမ်းပေးခြင်း
ဒူးရင်းတွင် အတန်အသင့်ပါသော မန်းဂနိစ်ဓာတ်က သွေးတွင်းအချိုဓာတ်ကို ထိမ်းညှိပေးနိုင်ပါတယ်။ထို့ကြောင့် ဆီးချိုသမားများလည်း စားသုံးနိုင်ပါတယ်။
Credit: daily hot news
# Unicode Version ဖြင့် ဖတ်ပါ #
ဒူးရင်းသီးဆိုတာ မြန်မာလူမျိုးအများစုကြိုက်နှစ်သက်သောအသီးများတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒူးရင်းသီး တစ်လုံးတွင် ကယ်လိုရီ၁၄၇ခန့်ပါဝင်ပြီး ဗီတာမင်နဲ့ အာဟာရများစွာပါဝင်ပါတယ်။ ထို့ပြင်ကိုလက်စထရောလုံးဝမပါတာမို့ ကျန်းမာရေးနဲ့အထူးညီညွတ်ပါတယ်ဒူးရင်းသီး စားခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေရရှိမလဲ?
(၁)စွမ်းအင်ပြည့်ဝစေခြင်း
ဒူရင်းသီးဟာအနှစ်အရသာပြည့်ဝတဲ့အသီးဖြစ်ပါတယ်။ဒူရင်းသီး ၁၀၀ဂရမ်မှာဆိုရင် တနေ့တာလိုအပ်တဲ့ ကစီဓာတ်ရဲ့၂၁ရာနှုန်းတောင် ပါဝင်ပါတယ်။ဒါကြောင့် သင့်ကို စွမ်းအင်ကောင်းစွာရစေမှာပါ။
(၂)စိတ်ကျရောဂါကို သက်သာစေခြင်း
ကျွန်တော်တို့ကိုယ်ထဲမှာ ဆီရိုတိုနင်ဟိုမုန်း နည်းပါးတဲ့အခါ စိတ်ဓာတ်ကျခြင်း ဖြစ်ပေါ်လာပါတယ်။ဒူရင်းသီးဟာ ဗီတာမင်ဘီစစ်ပြည့်ဝစွာ ပါဝင်တာကြောင့် ဆီရိုတိုနင်ဟိုမုန်းထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ဒါကြောင့် စိတ်ဓာတ်ကျတတ်သူများအနေဖြင့် ဒူရင်းသီးများများစားသင့်တယ်နော်။
(၃)အရိုးနှင့်သွားများကို ကြံ့ခိုင်စေခြင်း
ကယ်ဆီယမ် နဲ့ ပိုတက်ဆီယမ်ပြည့်ဝစွာ ပါဝင်သောအသီးဖြစ်တာမို့ အရိုးနဲ့သွားတွေကို သန်မာကြံ့ခိုင်စေတာသေချာပါတယ်။
(၄)အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း
ဒူးရင်းသီးဟာ ဗီတာမင်စီ ပေါကြွယ်ဝသော အသီးတစ်မျိူးဆိုလည်းမမှားပါဘူး။ ဗီတာမင်စီ ဟာ ဓာတ်တိုးဆန့်ကျင်ပစည်းတစ်မျိူးဖြစ်တာနဲ့အညီ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေသော free radicals များကို တိုက်ထုတ်ပေးပါတယ်။
(၅)အစာချေစနစ်ကိုကောင်းမွန်စေခြင်း
ဒူးရင်းသီးတွင်ပါဝင်သောအမျှင်ဓာတ်ကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကိုကောင်းမွန်စေပါတယ်။ဒါကြောင့် အစာကြေစေပြီး ဝမ်းချူပ်ခြင်းကိုကာကွယ်ပေးပါတယ်။ထို့ပြင် thiamin niacinပါဝင်တဲ့အတွက် အစာစားလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။
(၆)သွေးတွင်းအချိူဓာတ်ကိုထိမ်းပေးခြင်း
ဒူးရင်းတွင် အတန်အသင့်ပါသော မန်းဂနိစ်ဓာတ်က သွေးတွင်းအချိူဓာတ်ကို ထိမ်းညှိပေးနိုင်ပါတယ်။ထို့ကြောင့် ဆီးချိူသမားများလည်း စားသုံးနိုင်ပါတယ်။
(၇)သွေးပေါင်ထိမ်းညှိပေးခြင်း
ဒူးရင်းမှာ ပေါများစွာပါဝင်သော ပိုတက်ဆီယမ်က သွေးတိုးစေသော ဆိုဒီယမ်ဓာတ်များကို ထိမ်းညှိပေးပါတယ်။ထို့ကြောင့် ဒူးရင်းသီးကို သွေးတိုးသမားများလည်းစားပေးသင့်ပါတယ်။အလွန်အကျွံမစားဖို့တော့လိုတယ်နော်။
(၈)သွေးအားနည်းရောဂါများကို သက်သာစေခြင်း
ဖောလိတ်ဓာတ်နည်းပါးသောအခါ လုံလောက်သောသွေးနီဥပမာဏကို မထုတ်နိုင်တာမို့သွေးအားနည်းစေပါတယ်။ဒူးရင်းသီးတွင်ဖောလိတ်ဓာတ်လုံလောက်စွာပါတာနဲ့အညီ သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ သံဓာတ်နဲ့ကော့ပါးလည်းပါဝင်ပါသေးတယ်။
(၉)နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်နိုင်ခြင်း
Organosulfur ဓာတ်ပေါင်းပါဝင်တဲ့အတွက် နှလုံးသွေးကြောယောင်ယမ်းစေသော အင်ဇိုင်းများကို ထိန်းချူပ်ပေးနိုင်ပါတယ်။ဒါကြောင့် နှလုံးရောဂါများကို ကာကွယ်ပေးနိုင်တာပေါ့။
(၁၀)လိင်ဆက်ဆံလိုစိတ်မြင့်တက်စေခြင်း
လိင်စိတ်အားနည်းသောအိမ်ထောင်သည်များအနေနဲ့ ဒူးရင်းသီးကို နေ့စဉ်စားပေးဖို့ မမေ့ကြနဲ့နော်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top