iMyanmarHouse.com - Best Property Website for Myanmar
×


Beauty Blogger အလုပ္အျပင္ သ႐ုပ္ေဆာင္ အလုပ္ေတြပါ လုပ္ကိုင္ေနတဲ့ ေနျခည္ဦးက ယခုႏွစ္အတြင္း ေဝဖန္မႈမ်ားစြာနဲ႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈ ရရွိခဲ့ၿပီး သူမ အတြက္ ၂၀၁၈ ဟာ၂၀၁၉ အတြက္ အေကာင္းဆုံးျဖစ္လာဖို႔ အေျခခံေဖာင္ေဒရွင္းလို႔ ဆိုပါတယ္။

“၂၀၁၈ က ကံေကာင္းတယ္ေတာ့ မဟုတ္ဘူး။ အခ်ိဳးေပါ့။ ၁၀ တန္း ေအာင္စာရင္း ထြက္သလို အခ်ိဳးေပါ့။ ၁၀ တန္းတုန္းက ေအာင္စာရင္း မထြက္ေတာ့ ဘဝပ်က္သြားေသးတယ္။ အခုလည္း ဘဝရဲ႕ အခ်ိဳးတေကြ႕ပါ”လို႔ ေနျခည္ဦးက ေျပာပါတယ္။


“ဒီလိုမ်ိဳးႀကီး ပရိသတ္ေတြ စိတ္ဝင္စားျခင္းခံရဖို႔ မီဒီယာေတြနဲ႔ ေတြ႕ဖို႔ တခါမွ မေတြးဖူးဘူး။ ကိုယ့္ဟာနဲ႔ကိုယ္ မိဘလုပ္စာ စားၿပီး ေပ်ာ္ေနတဲ့ ေကာင္မေလးက ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တယ္။ အေဖ့ကို ေထာက္ပံ့စရာ မလိုဘူး။ အေမ့ကို ေထာက္ပံ့ရတာနဲ႔တင္ေပ်ာ္တယ္။ အေမလိုခ်င္တာေတြ ဝယ္ေပးတယ္။ အေဖက အဲ့ပီတိနဲ႔တင္ ေပ်ာ္ေနတာ”လို႔ ေနျခည္ဦးက ဆိုပါတယ္။

ဆိုရွယ္မီဒီယာမွာ ေဝဖန္မႈေတြ ဘယ္လိုပဲ ရွိရွိ ေနျခည္ဦးကေတာ့ ၂၀၁၉ တႏွစ္ပတ္လုံးကို ရဲရဲႀကီး ဆက္သြားေနဦးမယ္လို႔ ဆိုပါတယ္။

“ဒီလိုမ်ိဳးျဖစ္လာဖို႔ အားေပးတဲ့ ပရိသတ္ေတြ ထုတ္လုပ္ေပးခဲ့တဲ့ ထုတ္လုပ္ေရးေတြ မီဒီယာေတြေၾကာင့္ပဲ ေဝဖန္မႈေတြ၊ ေအာင္ျမင္မႈေတြၾကားထဲကေန ေနရာတေနရာ ေရာက္လာတာပါ။ ၂၀၁၈ ကေတာ့ ၂၀၁၉ အတြက္ အေကာင္းဆုံးျဖစ္လာဖို႔ အေျခခံေဖာင္ေဒရွင္းလို႔ပဲ ထင္ပါတယ္။ ေအာင္ျမင္မႈအတြက္ Chilies ေတြရဲ႕ပံ့ပိုးမႈနဲ႔ ၂၀၁၉ တႏွစ္ပတ္လုံးကို ရဲရဲႀကီးသြားေနဦးမွာပဲ”လို႔လည္း ေနျခည္ဦးက ေျပာပါတယ္။

မၾကာခင္ ေရွ႕ႏွစ္ထဲမွာ အသက္ ၂၇ ႏွစ္ ျပည့္ေတာ့မယ့္ ေနျခည္ဦးက ေမြးေန႔က်ရင္ သီလရွင္ဝတ္ဖို႔ အစီအစဥ္ရွိတယ္လို႔လည္း ေျပာပါတယ္။ “သီလရွင္ဝတ္ဖို႔ သူငယ္ခ်င္းေတြလည္း ပါတယ္။ အလႉလည္း အႀကီးႀကီး လုပ္ခ်င္တာေၾကာင့္ ေမြးေန႔မွာ သီလရွင္တပတ္ေလာက္ေတာ့ ဝတ္ျဖစ္မယ္”လို႔ ေနျခည္ဦးက ေျပာပါတယ္။

ေနျခည္ဦးက ၂၀၁၈ ခုႏွစ္အတြင္းမွာလည္း သူမရဲ႕ ကိုယ္ပိုင္ Brand ျဖစ္တဲ့ “Your Social Media BFF” ဆိုတဲ့ 2019 Year Planner စာအုပ္ကိုလည္း ထုတ္လုပ္ထားၿပီး သူမရဲ႕ စာအုပ္ကို ပရိသတ္ေတြက အားေပးၾကတဲ့အတြက္ အရမ္းဝမ္းသာတယ္လို႔ ဆိုပါတယ္။

“ေနျခည့္ စာအုပ္ေလးကို အရမ္းအားေပးၾကေတာ့ ဘယ္လိုေျပာရမလဲ။ အရမ္းဝမ္းသာတယ္။ ေပ်ာ္လည္းေပ်ာ္တယ္။ ဒီစာအုပ္ေလးထုတ္ဖို႔ ေၾကာ္ျငာမွာဆိုလည္း ထူးထူးျခားျခားေလးျဖစ္ေအာင္ လုပ္ရတယ္။ ဒီေၾကာ္ျငာေလးျဖစ္ဖို႔ လုပ္ေပးတဲ့ ဒါ႐ိုက္တာေတြေရာ၊ မန္ေနဂ်ာေရာ Team တခုလုံး ေက်းဇူးတင္တယ္။ ေနျခည့္ စိတ္ထဲကအတိုင္း ျဖစ္လာေအာင္ လုပ္ေပးတာေပါ့”

“ေၾကာ္ျငာကိုလည္း ေသခ်ာေလး လုပ္ခဲ့တယ္။ ၾကားထဲမွာလည္းေနျခည့္ကို ေဝဖန္မႈေတြကမ်ိဳးစုံပါပဲ။ စာအုပ္ျဖစ္ၿပီး အလယ္မွာ ေျဗာင္ခ်ည္းပဲလို႔လည္း ေျပာတယ္။ Planner စာအုပ္ကို ေနျခည္က အလယ္မွာ ေျဗာင္မထားလို႔ ဘာေရးေပးရမွာလဲ။ ဘယ္လိုပဲေျပာေျပာ ၂၀၁၉ ကို အားအင္အျပည့္နဲ႔ တက္မယ့္ ေနျခည့္ Fan ေတြကိုေတြ႕ရတာလည္း အရမ္းဝမ္းသာပါတယ္။ ဒီစာအုပ္ေလးက အက်ိဳးအျမတ္ထက္ ေနျခည္ ပထမဆုံး Brand ေလးကေပါက္သြားတယ္။ ေနျခည္ ကုသိုလ္လည္း အမ်ားႀကီးရတယ္လို႔ စားရပါတယ္။ အဲ့အတြက္လည္း ေနျခည္ အရမ္းေပ်ာ္ပါတယ္”လို႔ ေနျခည္ဦးက ေျပာပါတယ္။

ေနျခည္ဦးကို Beauty Blogger တဦးအေနနဲ႔ ပရိသတ္ေတြက အားေပးခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္ ေနျခည္ဦးဟာ Beauty Blogger တင္မက အႏုပညာအလုပ္ေတြပါ လုပ္ကိုင္လာပါတယ္။ သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ရန္သူ” ႐ုပ္ရွင္ကားႀကီးက ၂၀၁၈ မွာ ႐ုံတင္ျပသခဲ့ၿပီး ၂၀၁၉ မွာလည္း သူပါဝင္တဲ့ ႐ုပ္ရွင္ကားမ်ား ႐ုံတင္ဖို႔ရွိတယ္လို႔ သိရပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

Beauty Blogger အလုပ်အပြင် သရုပ်ဆောင် အလုပ်တွေပါ လုပ်ကိုင်နေတဲ့ နေခြည်ဦးက ယခုနှစ်အတွင်း ဝေဖန်မှုများစွာနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့ပြီး သူမ အတွက် ၂၀၁၈ ဟာ၂၀၁၉ အတွက် အကောင်းဆုံးဖြစ်လာဖို့ အခြေခံဖောင်ဒေရှင်းလို့ ဆိုပါတယ်။

“၂၀၁၈ က ကံကောင်းတယ်တော့ မဟုတ်ဘူး။ အချိုးပေါ့။ ၁၀ တန်း အောင်စာရင်း ထွက်သလို အချိုးပေါ့။ ၁၀ တန်းတုန်းက အောင်စာရင်း မထွက်တော့ ဘဝပျက်သွားသေးတယ်။ အခုလည်း ဘဝရဲ့ အချိုးတကွေ့ပါ”လို့ နေခြည်ဦးက ပြောပါတယ်။


“ဒီလိုမျိုးကြီး ပရိသတ်တွေ စိတ်ဝင်စားခြင်းခံရဖို့ မီဒီယာတွေနဲ့ တွေ့ဖို့ တခါမှ မတွေးဖူးဘူး။ ကိုယ့်ဟာနဲ့ကိုယ် မိဘလုပ်စာ စားပြီး ပျော်နေတဲ့ ကောင်မလေးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်။ အဖေ့ကို ထောက်ပံ့စရာ မလိုဘူး။ အမေ့ကို ထောက်ပံ့ရတာနဲ့တင်ပျော်တယ်။ အမေလိုချင်တာတွေ ဝယ်ပေးတယ်။ အဖေက အဲ့ပီတိနဲ့တင် ပျော်နေတာ”လို့ နေခြည်ဦးက ဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိရှိ နေခြည်ဦးကတော့ ၂၀၁၉ တနှစ်ပတ်လုံးကို ရဲရဲကြီး ဆက်သွားနေဦးမယ်လို့ ဆိုပါတယ်။

“ဒီလိုမျိုးဖြစ်လာဖို့ အားပေးတဲ့ ပရိသတ်တွေ ထုတ်လုပ်ပေးခဲ့တဲ့ ထုတ်လုပ်ရေးတွေ မီဒီယာတွေကြောင့်ပဲ ဝေဖန်မှုတွေ၊ အောင်မြင်မှုတွေကြားထဲကနေ နေရာတနေရာ ရောက်လာတာပါ။ ၂၀၁၈ ကတော့ ၂၀၁၉ အတွက် အကောင်းဆုံးဖြစ်လာဖို့ အခြေခံဖောင်ဒေရှင်းလို့ပဲ ထင်ပါတယ်။ အောင်မြင်မှုအတွက် Chilies တွေရဲ့ပံ့ပိုးမှုနဲ့ ၂၀၁၉ တနှစ်ပတ်လုံးကို ရဲရဲကြီးသွားနေဦးမှာပဲ”လို့လည်း နေခြည်ဦးက ပြောပါတယ်။

မကြာခင် ရှေ့နှစ်ထဲမှာ အသက် ၂၇ နှစ် ပြည့်တော့မယ့် နေခြည်ဦးက မွေးနေ့ကျရင် သီလရှင်ဝတ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။ “သီလရှင်ဝတ်ဖို့ သူငယ်ချင်းတွေလည်း ပါတယ်။ အလှူလည်း အကြီးကြီး လုပ်ချင်တာကြောင့် မွေးနေ့မှာ သီလရှင်တပတ်လောက်တော့ ဝတ်ဖြစ်မယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးက ၂၀၁၈ ခုနှစ်အတွင်းမှာလည်း သူမရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ “Your Social Media BFF” ဆိုတဲ့ 2019 Year Planner စာအုပ်ကိုလည်း ထုတ်လုပ်ထားပြီး သူမရဲ့ စာအုပ်ကို ပရိသတ်တွေက အားပေးကြတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“နေခြည့် စာအုပ်လေးကို အရမ်းအားပေးကြတော့ ဘယ်လိုပြောရမလဲ။ အရမ်းဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ ဒီစာအုပ်လေးထုတ်ဖို့ ကြော်ငြာမှာဆိုလည်း ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ရတယ်။ ဒီကြော်ငြာလေးဖြစ်ဖို့ လုပ်ပေးတဲ့ ဒါရိုက်တာတွေရော၊ မန်နေဂျာရော Team တခုလုံး ကျေးဇူးတင်တယ်။ နေခြည့် စိတ်ထဲကအတိုင်း ဖြစ်လာအောင် လုပ်ပေးတာပေါ့”

“ကြော်ငြာကိုလည်း သေချာလေး လုပ်ခဲ့တယ်။ ကြားထဲမှာလည်းနေခြည့်ကို ဝေဖန်မှုတွေကမျိုးစုံပါပဲ။ စာအုပ်ဖြစ်ပြီး အလယ်မှာ ဗြောင်ချည်းပဲလို့လည်း ပြောတယ်။ Planner စာအုပ်ကို နေခြည်က အလယ်မှာ ဗြောင်မထားလို့ ဘာရေးပေးရမှာလဲ။ ဘယ်လိုပဲပြောပြော ၂၀၁၉ ကို အားအင်အပြည့်နဲ့ တက်မယ့် နေခြည့် Fan တွေကိုတွေ့ရတာလည်း အရမ်းဝမ်းသာပါတယ်။ ဒီစာအုပ်လေးက အကျိုးအမြတ်ထက် နေခြည် ပထမဆုံး Brand လေးကပေါက်သွားတယ်။ နေခြည် ကုသိုလ်လည်း အများကြီးရတယ်လို့ စားရပါတယ်။ အဲ့အတွက်လည်း နေခြည် အရမ်းပျော်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကို Beauty Blogger တဦးအနေနဲ့ ပရိသတ်တွေက အားပေးခဲ့တာ ဖြစ်ပြီး အဲဒီနောက် နေခြည်ဦးဟာ Beauty Blogger တင်မက အနုပညာအလုပ်တွေပါ လုပ်ကိုင်လာပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရန်သူ” ရုပ်ရှင်ကားကြီးက ၂၀၁၈ မှာ ရုံတင်ပြသခဲ့ပြီး ၂၀၁၉ မှာလည်း သူပါဝင်တဲ့ ရုပ်ရှင်ကားများ ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top