iMyanmarHouse.com - Best Property Website for Myanmar
×



နန္းသူဇာတစ္ေယာက္ ပိန္ခ်င္ေပမယ့္လည္း အစားမေလွ်ာ့ႏိုင္တဲ့ သူ႔ရဲ႕ ဆႏၵေတြကို ရင္ဖြင့္ေျပာျပလာပါတယ္. ဒါေပမယ့္လည္း သူ႔ရဲ႕ ပရိသတ္ေတြက အခ်စ္မေလွ်ာ့ ၾကပါဘူးတဲ့

နန္းသူဇာ တစ္ေယာက္ ဝိတ္ခ် ခ်င္တဲ့ ဆႏၵရွိေပမယ့္လည္း အစား မေလွ်ာ့ႏိုင္တဲ့ သူ႔ရဲ႕ ဆႏၵေလးကို အခုလိုေျပာျပခဲ့ပါတယ္. ခ်စ္စရာေကာင္းၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တဲ့ နန္းသူဇာက လက္ရွိအခ်ိန္အထိ ပရိသတ္အခိုင္အမာ နဲ႔ ရပ္တည္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္.

'' ပိန္ခ်င္တာ လဲ ငါပဲ မနက္ ႏိုးထဲ က ညအိပ္ခ်ိန္ထိ ၁၅မိနစ္ျခားတစ္ခါ စားစရာလိုက္ရွာတာလဲ ငါပဲ'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔ ညေန ၅ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္. ဒါေပမယ့္လည္း သူ႔ကို ခ်စ္တဲ့ ပရိသတ္ေလးေတြက အခုလို ပုံစံေလးကိုပဲ ခ်စ္ၾကတဲ့ အေၾကာင္း ေတြ ေျပာထားပါေသးတယ္



နန္းသူဇာက မၾကာေသးခင္က က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ ေမြးေန႔မွာ ခ်စ္သူနဲ႔ အတူ ကုသိုလ္ေကာင္းမႈေတြ လုပ္ရင္းျဖတ္သန္းခဲ့တာျဖစ္ပါတယ္. ဒီအလႉကိုေတာ့ ရန္ကုန္ကေလးေဆး႐ုံႀကီးမွာရွိတဲ့ လူနာမ်ားအတြက္ ထမင္း၊ ဟင္း စသည္တို႔ကို အာဟာရ ဒါနလႉခဲ့တယ္ လို႔ နန္းသူဇာက ေျပာျပထားပါတယ္။

'' ေမြးေန႔ အလႉ အစိုးရကေလးေဆး႐ုံႀကီးမွာ ဒီေန႔ ၾကက္ေၾကာ္ ထမင္း နဲ႔ သီးစုံဟင္း လႉခဲ့ပါတယ္။ လူႀကီးေဆး႐ုံႀကီးလႉသလို ကေလးေဆး႐ုံ မွလဲ လႉၾကပါေနာ္ လူနာကေလးေတြ ေရာ လူနာေစာင့္ လူႀကီးေတြေရာ အမ်ားႀကီးရွိပါတယ္။ အလႉရွင္ က ေဆး႐ုံႀကီးေလာက္ မမ်ားၾကဘူး။ ေနာက္ခါေတြဆို မ်ားမ်ားလႉႏိုင္ခ်င္ပါတယ္။ ကေလး ကင္ဆာဌာနမွာ သြားလႉဖို႔ ပိုက္ဆံစုလိုက္ဦးမယ္'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁ ရက္ေန႔ ေန႔လည္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အဆိုေတာ္ နန္းသူဇာရဲ႕ ေမြးေန႔မွာ သူ႔ရဲ႕ ခ်စ္သူျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြက အေစာဆုံး ေမြးေန႔ ဆုေတာင္း စကားေျပာခဲ့ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သူတို႔ စုံတြဲကလည္း ပရိသတ္ အားက်စရာ စုံတြဲေလး တစ္တြဲျဖစ္ပါတယ္။

''Happy Birthday thae tone layy. အၿမဲတမ္း က်န္းမာ ေပ်ာ္႐ႊင္ ခ်မ္းသာပါေစ။ sweet december ေလး '' ဆိုၿပီးေတာ့ ေက်ာ္ထြဋ္ေဆြရဲ႕ ေဖ့စ္ဘြတ္မွာ ဒီဇင္ဘာလ ၁ ရက္ေန႔ ၁၂:၀၀ က ေရးသားခဲ့တာပါ။ အဲ့ဒီေနာက္ သူတို႔ရင္ထဲက စကားေလးေတြကို ေဖာ္ျပထား တဲ့ ခ်စ္သူ ေလးနဲ႔ အမွတ္တရ ဓာတ္ပုံေတြကိုလည္း တင္ခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္စုံတြဲ တစ္တြဲျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ရဲ႕ Relationship ကို ၂၀၁၁ ခုႏွစ္ကတည္းက ပရိသတ္ေတြ ကို ခ်ျပခဲ့တာျဖစ္ပါတယ္။ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ဟာ Let's Go ခရီးသြားအစီအစဥ္ေတြမွာလည္း အတူတူ ပါဝင္ခဲ့ၾကပါ တယ္။ ေက်ာ္ ထြဋ္ေဆြရဲ႕ Music MTV ေတြမွာလည္း နန္းသူဇာက ပါဝင္ခဲ့ပါေသးတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

နန်းသူဇာတစ်ယောက် ပိန်ချင်ပေမယ့်လည်း အစားမလျှော့နိုင်တဲ့ သူ့ရဲ့ ဆန္ဒတွေကို ရင်ဖွင့်ပြောပြလာပါတယ်. ဒါပေမယ့်လည်း သူ့ရဲ့ ပရိသတ်တွေက အချစ်မလျှော့ ကြပါဘူးတဲ့

နန်းသူဇာ တစ်ယောက် ဝိတ်ချ ချင်တဲ့ ဆန္ဒရှိပေမယ့်လည်း အစား မလျှော့နိုင်တဲ့ သူ့ရဲ့ ဆန္ဒလေးကို အခုလိုပြောပြခဲ့ပါတယ်. ချစ်စရာကောင်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ နန်းသူဇာက လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ နဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်.

'' ပိန်ချင်တာ လဲ ငါပဲ မနက် နိုးထဲ က ညအိပ်ချိန်ထိ ၁၅မိနစ်ခြားတစ်ခါ စားစရာလိုက်ရှာတာလဲ ငါပဲ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်. ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်လေးတွေက အခုလို ပုံစံလေးကိုပဲ ချစ်ကြတဲ့ အကြောင်း တွေ ပြောထားပါသေးတယ်



နန်းသူဇာက မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာ ချစ်သူနဲ့ အတူ ကုသိုလ်ကောင်းမှုတွေ လုပ်ရင်းဖြတ်သန်းခဲ့တာဖြစ်ပါတယ်. ဒီအလှူကိုတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာရှိတဲ့ လူနာများအတွက် ထမင်း၊ ဟင်း စသည်တို့ကို အာဟာရ ဒါနလှူခဲ့တယ် လို့ နန်းသူဇာက ပြောပြထားပါတယ်။

'' မွေးနေ့ အလှူ အစိုးရကလေးဆေးရုံကြီးမှာ ဒီနေ့ ကြက်ကြော် ထမင်း နဲ့ သီးစုံဟင်း လှူခဲ့ပါတယ်။ လူကြီးဆေးရုံကြီးလှူသလို ကလေးဆေးရုံ မှလဲ လှူကြပါနော် လူနာကလေးတွေ ရော လူနာစောင့် လူကြီးတွေရော အများကြီးရှိပါတယ်။ အလှူရှင် က ဆေးရုံကြီးလောက် မများကြဘူး။ နောက်ခါတွေဆို များများလှူနိုင်ချင်ပါတယ်။ ကလေး ကင်ဆာဌာနမှာ သွားလှူဖို့ ပိုက်ဆံစုလိုက်ဦးမယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုတော် နန်းသူဇာရဲ့ မွေးနေ့မှာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေက အစောဆုံး မွေးနေ့ ဆုတောင်း စကားပြောခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ စုံတွဲကလည်း ပရိသတ် အားကျစရာ စုံတွဲလေး တစ်တွဲဖြစ်ပါတယ်။

''Happy Birthday thae tone layy. အမြဲတမ်း ကျန်းမာ ပျော်ရွှင် ချမ်းသာပါစေ။ sweet december လေး '' ဆိုပြီးတော့ ကျော်ထွဋ်ဆွေရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၂:၀၀ က ရေးသားခဲ့တာပါ။ အဲ့ဒီနောက် သူတို့ရင်ထဲက စကားလေးတွေကို ဖော်ပြထား တဲ့ ချစ်သူ လေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top