iMyanmarHouse.com - Best Property Website for Myanmar
×

Related image

ဆက္ေဟာင္းရဲ႕ ေဖ့စ္ဘြတ္ Timeline ကို သြားၾကည့္ဖူးလား။ ဘာေၾကာင့္ သြားၾကည့္ျဖစ္တာလဲ။ လူေတြအဆက္ေဟာင္းေတြရဲ႕ Timeline ကို သြားၾကည့္ရတဲ့အေၾကာင္းအရင္းေလးေတြ ရွိပါတယ္။

၁ – ပ်င္းရုံသက္သက္ပါ

ပ်င္းလို႔ပါ၊ ဒီ့ထက္မပိုပါဘူး။ လုပ္စရာမရွိေတာ့လည္း ကိုယ္နဲ႔ပတ္သက္ဖူးသူေတြ ဘာေတြလုပ္ေနလဲ၊ ဘာေတြျဖစ္ေနလဲ ေလွ်ာက္ၾကည့္တဲ့ သေဘာပါ။ ငယ္ငယ္တုန္းက ေနခဲ့ဖူးတဲ့ ျမိဳ႕ေလးက ျဖတ္သြားရင္း သြားခဲ့ဖူးတဲ့ ေနရာေတြ ဘာေတြေျပာင္းလဲသြားျပီလဲဆိုတာ သိခ်င္တဲ့ ပံုစံမ်ိဳးပါ။ ဘာမွေတာ့ မဟုတ္ပါဘူး။

၂ – မိတ္ေဆြေတြ

ၾကည့္ရုံတင္မကဘူး သူလာၾကည့္သြားတယ္ဆိုတဲ့ အရိပ္အေယာင္ေတြပါ ထားခဲ့တာပါ။ ဥပမာ ပို႔စ္ႏွစ္ခုကိ ဆင့္ျပီး လိုက္ခ္ေပးသြားတာမ်ိဳး ျဖစ္ပါတယ္။ ျငင္သာ သိမ္ေမြ႕တဲ့လမ္းခြဲရွိခဲ့သူေတြ ျဖစ္တတ္ပါတယ္။ ဒီလိုလာၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ “ဘာေတြလုပ္ေနလဲ သိခ်င္လို႔လာၾကည့္သြားတယ္ မိတ္ေဆြအျဖစ္ ရွိေနဆဲပဲ” ဆုိတဲ့ သတင္းစကားပါးတာပါ။ စိတ္မကုန္ေသးလို႔ ဒါမ်ိဳးလာလုပ္တယ္လို႔ ထင္ရင္ မွားပါလိမ့္မယ္။

၃ – တစ္ေယာက္တည္းပဲလား

ရည္ရြယ္ခ်က္တိတိက်က်နဲ႔ လာၾကည့္တာပါ။ အဲဒီ့ရည္ရြယ္ခ်က္ကေတာ့ သင္ တစ္ေယာက္တည္းသမားပဲလားလို႔ သိခ်င္တာ ျဖစ္ပါတယ္။ ရဲရဲဝန္ခံရရင္ေတာ့ သင့္အေပၚ စိတ္ဝင္စားမႈေတြ ျပန္လည္လန္းဆန္းေနတာပါ။ သင္က အၾကည့္ခံရသူမဟုတ္ဘဲ သြားၾကည့္ေနတဲ့သူဆိုရင္ေတာ့ အၾကံတစ္ခု ေပးပါရေစ။ သင္ဒီလို လာၾကည့္ေနတယ္ဆိုတာကို သူ႔ဘက္က သိေအာင္ ေန႔စဥ္မလုပ္ပါနဲ႔။ တစ္လသံုးေလးခါေလာက္ ေပးသိျပီးမွ အေျခအေနၾကည့္ ဆက္လႈပ္ရွားရမွာပါ။ ဆိုရွယ္မီဒီယာေတြေၾကာင့္ ျပန္လည္ေပါင္းထုပ္သြားတဲ့ စံုတြဲေတြ အမ်ားၾကီးပါပဲ။

၄ – ယွဥ္တာ

ဒီလိုလူမ်ိဳးနဲ႔ ကြဲသြားတဲ့အတြက္ သင္ကံေကာင္းပါတယ္။ သူတို႔ဘဝကို သူတို႔ဆီမွာ မတည္ေဆာက္ဘဲ တျခားလူဆီမွာ တည္ေဆာက္ထားသူေတြပါ။ သင္ ဘယ္လိုေကာင္းတာေတြရေနလဲ၊ လက္ရွိသင့္ရည္းစားက သူ႔ထက္သာလား၊ သင့္ရည္မွန္းခ်က္ေတြ ဘယ္အဆင့္ေရာက္ေနျပီလဲ စသျဖင့္ လာအကဲခတ္တာပါ။ အကဲခတ္ရုံတင္မကဘဲ သူတို႔ထက္သာေနလား၊ဘာလား ဆိုတာမ်ိဳးကိုပါ လိုက္ယွဥ္တတ္ပါတယ္။

၅ – ကမ္းလွမ္းေစခ်င္တာ

ဒါကေတာ့ ရွင္းပါတယ္။ စိတ္မကုန္လို႔ သင့္ကို အျမဲလာၾကည့္ေနတာပါ။ ဒါတင္မကေသးပါဘူး။ သူလာၾကည့္သြားေၾကာင္း သင္သိေအာင္ လုပ္ပါတယ္။ ဒါေပမယ့္ သူ႔ဘက္က စိတ္မကုန္ေသးေၾကာင္းေတာ့ ဘယ္ေတာ့မွ ဝန္ခံမွာ မဟုတ္ပါဘူး။ သူဘက္က ဘယ္ေတာ့မွ ျပန္မစပါဘူး။ သင့္ဘက္က စတင္ကမ္းလွမ္းမႈကို လိုခ်င္ေနတာ ျဖစ္ပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဆက်ဟောင်းရဲ့ ဖေ့စ်ဘွတ် Timeline ကို သွားကြည့်ဖူးလား။ ဘာကြောင့် သွားကြည့်ဖြစ်တာလဲ။ လူတွေအဆက်ဟောင်းတွေရဲ့ Timeline ကို သွားကြည့်ရတဲ့အကြောင်းအရင်းလေးတွေ ရှိပါတယ်။

၁ – ပျင်းရုံသက်သက်ပါ

ပျင်းလို့ပါ၊ ဒီ့ထက်မပိုပါဘူး။ လုပ်စရာမရှိတော့လည်း ကိုယ်နဲ့ပတ်သက်ဖူးသူတွေ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ လျှောက်ကြည့်တဲ့ သဘောပါ။ ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ မြို့လေးက ဖြတ်သွားရင်း သွားခဲ့ဖူးတဲ့ နေရာတွေ ဘာတွေပြောင်းလဲသွားပြီလဲဆိုတာ သိချင်တဲ့ ပုံစံမျိုးပါ။ ဘာမှတော့ မဟုတ်ပါဘူး။

၂ – မိတ်ဆွေတွေ

ကြည့်ရုံတင်မကဘူး သူလာကြည့်သွားတယ်ဆိုတဲ့ အရိပ်အယောင်တွေပါ ထားခဲ့တာပါ။ ဥပမာ ပို့စ်နှစ်ခုကိ ဆင့်ပြီး လိုက်ခ်ပေးသွားတာမျိုး ဖြစ်ပါတယ်။ ငြင်သာ သိမ်မွေ့တဲ့လမ်းခွဲရှိခဲ့သူတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလာကြည့်ရတဲ့ ရည်ရွယ်ချက်ကတော့ “ဘာတွေလုပ်နေလဲ သိချင်လို့လာကြည့်သွားတယ် မိတ်ဆွေအဖြစ် ရှိနေဆဲပဲ” ဆိုတဲ့ သတင်းစကားပါးတာပါ။ စိတ်မကုန်သေးလို့ ဒါမျိုးလာလုပ်တယ်လို့ ထင်ရင် မှားပါလိမ့်မယ်။

၃ – တစ်ယောက်တည်းပဲလား

ရည်ရွယ်ချက်တိတိကျကျနဲ့ လာကြည့်တာပါ။ အဲဒီ့ရည်ရွယ်ချက်ကတော့ သင် တစ်ယောက်တည်းသမားပဲလားလို့ သိချင်တာ ဖြစ်ပါတယ်။ ရဲရဲဝန်ခံရရင်တော့ သင့်အပေါ် စိတ်ဝင်စားမှုတွေ ပြန်လည်လန်းဆန်းနေတာပါ။ သင်က အကြည့်ခံရသူမဟုတ်ဘဲ သွားကြည့်နေတဲ့သူဆိုရင်တော့ အကြံတစ်ခု ပေးပါရစေ။ သင်ဒီလို လာကြည့်နေတယ်ဆိုတာကို သူ့ဘက်က သိအောင် နေ့စဉ်မလုပ်ပါနဲ့။ တစ်လသုံးလေးခါလောက် ပေးသိပြီးမှ အခြေအနေကြည့် ဆက်လှုပ်ရှားရမှာပါ။ ဆိုရှယ်မီဒီယာတွေကြောင့် ပြန်လည်ပေါင်းထုပ်သွားတဲ့ စုံတွဲတွေ အများကြီးပါပဲ။

၄ – ယှဉ်တာ

ဒီလိုလူမျိုးနဲ့ ကွဲသွားတဲ့အတွက် သင်ကံကောင်းပါတယ်။ သူတို့ဘဝကို သူတို့ဆီမှာ မတည်ဆောက်ဘဲ တခြားလူဆီမှာ တည်ဆောက်ထားသူတွေပါ။ သင် ဘယ်လိုကောင်းတာတွေရနေလဲ၊ လက်ရှိသင့်ရည်းစားက သူ့ထက်သာလား၊ သင့်ရည်မှန်းချက်တွေ ဘယ်အဆင့်ရောက်နေပြီလဲ စသဖြင့် လာအကဲခတ်တာပါ။ အကဲခတ်ရုံတင်မကဘဲ သူတို့ထက်သာနေလား၊ဘာလား ဆိုတာမျိုးကိုပါ လိုက်ယှဉ်တတ်ပါတယ်။

၅ – ကမ်းလှမ်းစေချင်တာ

ဒါကတော့ ရှင်းပါတယ်။ စိတ်မကုန်လို့ သင့်ကို အမြဲလာကြည့်နေတာပါ။ ဒါတင်မကသေးပါဘူး။ သူလာကြည့်သွားကြောင်း သင်သိအောင် လုပ်ပါတယ်။ ဒါပေမယ့် သူ့ဘက်က စိတ်မကုန်သေးကြောင်းတော့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပါဘူး။ သူဘက်က ဘယ်တော့မှ ပြန်မစပါဘူး။ သင့်ဘက်က စတင်ကမ်းလှမ်းမှုကို လိုချင်နေတာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top