iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Burmese.asia

#Unicode Version#

လွန်ခဲ့တဲ့ နှစ်တွေက ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အပြည့်အဝရရှိခဲ့တဲ့ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းတို့ ညီအမနှစ်ဦးကတော့ ဒီနေ့ထိတိုင် လှဆဲ နုပျိုဆဲပါပဲ။ အမကြီးဖြစ်တဲ့ နှင်းဝတ်ရည်သောင်းကတော့ လန်ဒန်မှာ နေထိုင်နေတာဖြစ်ပြီး မကြာခဏဆိုသလို မိသားစုရှိတဲ့ မြန်မာပြည်ကို ပြန်လာလေ့ရှိပါတယ်။ ဒီနေ့လေးမှာတော့ အေးဝတ်ရည်သောင်းက မြန်မာပြည်သို့ အလည်ပြန်ရောက်လာတဲ့ အမဖြစ်သူ နှင်းဝတ်ရည်သောင်းကို မြင်မြင်ချင်း အပျော်လွန်ပြီး ကလေးတစ်ယောက်လို ခုန်တက်ခဲ့တဲ့ ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ချစ်ပရိသတ်တွေအတွက် ကလေးတွေလို ချစ်စရာကောင်းတဲ့ မအေးသောင်းတို့ညီအမနှစ်ဦးရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။မဟာဆန်ဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အေးသောင်းကတော့ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတာမို့ ပရိသတ်တွေရဲ့ရင်ထဲမှာ အခုအချိန်ထိ နေရာတစ်ခု ရနေဆဲပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း အမနဲ့တွေ့ရင် ကလေးလေးလိုဖြစ်သွားတဲ့ မအေးသောင်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top