iMyanmarHouse.com - Best Property Website for Myanmar
×


အခုအရမ္းကို ေရးခ်င္ေနတဲ့ အေၾကာင္းအရာကေတာ့ အခုတေလာ အသားျဖဴေစတယ္လို႔ လူေျပာမ်ားလာတဲ့ ဇာတ္လိုက္ေက်ာ္ႀကီး ဆႏြင္းအေၾကာင္းေပါ့။ဆႏြင္းကို Tumeric လို႔ေခၚၿပီး သူ႔အသုံးဝင္ပုံမ်ားျပားလွပါတယ္။

ေခါင္းကိုက္ေရာဂါ၊ အစာအိမ္က ဂက္စ္ေတြထြက္တာကစလို႔ အေအးမိတာ ဝမ္းသြားတာ အဆုံး အသည္းျပသနာေတြ ကိုပါေျဖရွင္းေပးႏိုင္တယ္လို႔လဲေဆးပညာ မွာရွိပါတယ္။အညႇီနံ႔ေတြေပ်ာက္ေစတဲ့ ဟင္းခတ္ အေမႊးအႀကိဳင္ အျဖစ္သုံးတယ္။ ေသြးသားကိုသန႔္စင္ေစလို႔ေသာက္ၾကတယ္။ ေနာက္ၿပီး အသားကိုဝင္းေစတယ္ဆိုၿပီး လိမ္းၾကတယ္။ Scrub ေတြမွာေတာင္ ထည့္ၾကပါတယ္။

ဒါေပမယ့္ ဆႏြင္း ဟာအသုံးဝင္ပုံေတြမ်ားျပားသေလာက္ ဆိုးက်ိဳးေတြလဲ မလြဲမေသြရွိပါတယ္။ သိပ္ျပင္းထန္တဲ့ အာနိသင္ ရွိေနလို႔ေပါ့။ ကိုယ္ဝန္ေဆာင္ ေတြ ႏို႔တိုက္မိခင္ေတြဟာ ဟင္းထဲမွာပါတဲ့ပမာဏေလာက္ပဲ စားသုံးသင့္ၿပီး ေဆးေသာက္တဲ့ ပမာဏအေနနဲ႔ ဆႏြင္းကို မေသာက္သုံးသင့္ပါဘူး။ မလိုလားအပ္တဲ့ ဆိုးက်ိဳး ေတြျဖစ္လာႏိုင္ပါတယ္။ ဆႏြင္းဟာ အမ်ိဳးသမီးမ်ားရဲ႕ ရာသီ စက္ဝန္းမွာ သိပ္ကို အားေကာင္းေအာင္ အလုပ္လုပ္ေပးႏိုင္လို႔ပါ။ ေနာက္ၿပီး ကိုယ္ထဲဆႏြင္းအမ်ားအျပားဝင္ျခင္းဟာ သည္းေျခအိတ္ကို ထိခိုက္ေစပါတယ္။ ေဆးပညာရွင္ေတြပိုသိႏိုင္မယ့္ သူ႔အေၾကာင္းကိုခဏထားၿပီး အေရျပားပညာရွင္ေတြေျပာျပတဲ့ အသားအေရအတြက္ အက်ိဳးနဲ႔ ဆိုးက်ိဳးေတြကို ေျပာျပပါ့မယ္။

ဆႏြင္းဟာ အသားအေရကို ဝင္းပေစပါတယ္။ အေရျပားမွာရွိတဲ့ မယ္လနင္ လို႔ ေခၚတဲ့ အေရာင္ျခယ္ ဆဲလ္စ္ေတြကို အေတာ္ေလွ်ာ့ခ်ေပးႏိုင္တဲ့အတြက္ ျဖဴဝင္းလာေစပါတယ္။ (အခု လက္ရွိWhitening Effect ပါတဲ့ Skin Care ေတြနဲ႔ တူတူပါပဲ။ ခုေရးထားတာအျမန္ဖတ္ၿပီး ဆႏြင္းေတြေျပးလိမ္း Whitening ေတြေျပးသုံးမလုပ္ပဲ ဆုံးေအာင္ဖတ္ၾကည့္ေစခ်င္ပါသည္။)

ေျပာရရင္ ပုံမွန္အသားအေရေပၚဆႏြင္းလိမ္းျခင္းအားျဖင့္ မယ္လနင္ကို ေလွ်ာ့ခ်ေပးေသာေၾကာင့္ အသားျဖဴဝင္း လာေစမယ္ ဆိုေပမယ့္ အသားအေရမွာ ေပါက္ၿပဲဒဏ္ရာတစ္ခုခု ရွိခဲ့လွ်င္ေသာ္လည္းေကာင္း၊ အေရျပားပြန္းပဲ့ေနလွ်င္ေသာ္လည္းေကာင္း၊ ဝက္ၿခံရွိၿပီးေပါက္ၿပဲေနလ်င္ေသာ္လည္းေကာင္း ဆႏြင္းက အေရျပားေပၚသာမဟုတ္ပဲ အတြင္းအထိ စိမ့္ဝင္သြားၿပီး မယ္လနင္ေတြကို ေလွ်ာ့ခ်႐ုံမက သတ္ပစ္ႏိုင္ၿပီး အခန႔္မသင့္ရင္ အေဖာ္အေပါင္းမ်ားေခၚ ေဆာင္လာလို႔ ေဘးကမယ္လနင္မွန္သမွ်ကို သတ္ေတာ့တာပါပဲ။

မယ္လနင္သတ္ရင္ ဘာျဖစ္မလဲဆိုေတာ့ အသားေတြျဖဴသြားတာေပါ့လို႔ေတာ့ လြယ္လြယ္မေတြးလိုက္ပါနဲ႔။ အျဖဴကြက္ကြက္ေတြျဖစ္လာၿပီး ပြားလာတာပါ။ ေနာက္ဆုံးအေရျပား ၇လႊာရဲ႕ ေအာက္ဆုံးေမႊးညႇင္းေပါက္ထဲထိ မယ္လနင္ မရွိေတာ့ရင္ တစ္ကိုယ္လုံး ကုမရတဲ့ အျဖဴေရာင္နဲ႔ အေမႊး အမွ်င္ေတြပါျဖဴကုန္ေတာ့တာပါပဲ။ သိပ္ျပင္းထန္ၿပီး သိပ္ေၾကာက္စရာေကာင္းပါတယ္။ အသားအေရေပၚက အေရျပားဆိုတာ ဒဏ္ရာႀကီးႀကီးရွိမွ မဟုတ္ပါဘူး။ အခု လက္သည္းနဲ႔ ကုတ္လိုက္လည္း မျမင္ရတဲ့ပြန္းပဲ့မႈ ( Microscope နဲ႔ဆိုရင္ေတာ့ ျမင္ရတာေပါ့ေလ) ေတြရွိေနႏိုင္ပါတယ္။ တခ်ိဳ႕ လူႀကီးသူမေတြက ဒဏ္ရာကို ဆႏြင္းမထိနဲ႔ ခ႐ုသင္းျဖစ္တတ္တယ္လို႔ေျပာတာ ဒီသေဘာကိုေျပာၾကတာပါ။ ဒါေပမယ့္ တခ်ိဳ႕က ဒဏ္ရာကို ဆႏြင္းသိပ္တယ္ဆိုတဲ့ အယူလဲရွိေသးေတာ့ ေရွာင္က်ဥ္သင့္ပါတယ္။ အိမ္ေမြးတိရစာၦန္ေတြမွာေတာ့ ကိစၥမရွိပါဘူး။ (ဆႏြင္းကေသြးထြက္တာကိုေတာ့ ေလွ်ာ့ခ်ၿပီးတိတ္ေစတဲ့အာနိသင္ရွိေတာ့ လူေတြပါလိုကသုံးၾကတာ ျဖစ္ပါလိမ့္မယ္)

အခုဆို နာမည္ႀကီး Spa ေတြမွာပါ Body Scrub ကိုဆႏြင္းနဲ႔ လုပ္တယ္တို႔ မိန္းကေလးေတြအသားဝင္းေအာင္ အိမ္မွာဆႏြင္းလိမ္းတယ္တို႔ဆိုတာေတြ ၾကားေနျမင္ေနလို႔ သတိႀကီးႀကီးထားေစခ်င္တာပါ။

ေနာက္ေတာ့ ဓာတုေဗဒပစၥည္းေတြနဲ႔ျပဳလုပ္ထားတဲ့ Whitening ေတြကိုလဲ သတိထားၿပီးသုံးေစခ်င္ပါတယ္။ ခ်က္ခ်င္းျဖဴတယ္ အျဖဴျမန္တယ္ဆိုေလ ေၾကာက္ရေလပါပဲ။ အခု အြန္လိုင္းမွာေတြ႕ေနရတာ ခ်က္ခ်င္းသားျဖဴ ခ်က္ခ်င္းပိန္ ခ်က္ခ်င္း အရပ္ရွည္ေစတယ္ဆိုတာေတြ တစ္ခုခုျဖစ္ခဲ့ရင္ ဘယ္သူကအာမခံခ်က္ေပးမလဲသိခ်င္စရာပါ။ FDA ရတယ္ဆိုေပမယ့္ Registered Comapany မရွိရင္တာဝန္ဘယ္သူယူေပးမလဲဆိုတာကိုေရာေပါ့။ ေမြးရာပါေ႐ြးျခယ္ခြင့္မရွိတဲ့ ပုံပန္းသ႑န္ကို ေျပာင္းလဲရင္ သဘာဝကိုဆန႔္က်င္မိတာပါပဲ။ ဆိုးက်ိဳးမ်ားလွပါတယ္။

အသားအေရဆိုတာ ျဖဴတာထက္ ႏူးညံ့ဝင္းပေနတာ ေတာက္ပၾကည္လင္ေနတာမွ လွတယ္ေခၚတာပါ။တခ်ိဳ႕ ျဖဴေပမယ့္ ၾကမ္းတမ္းၿပီး မြဲေျခာက္ေနတဲ့ အသားအေရေတြပုံလို႔ပါပဲ။လွခ်င္တဲ့မိန္းကေလးမ်ား ဉာဏ္ပညာနဲ႔ ယွဥ္ၿပီး ဆုံးျဖတ္ႏိုင္ၾကပါေစ. . . ။

Credit:xyznews

# Unicode Version ျဖင့္ ဖတ္ပါ #

အခုအရမ်းကို ရေးချင်နေတဲ့ အကြောင်းအရာကတော့ အခုတလော အသားဖြူစေတယ်လို့ လူပြောများလာတဲ့ ဇာတ်လိုက်ကျော်ကြီး ဆနွင်းအကြောင်းပေါ့။ဆနွင်းကို Tumeric လို့ခေါ်ပြီး သူ့အသုံးဝင်ပုံများပြားလှပါတယ်။

ခေါင်းကိုက်ရောဂါ၊ အစာအိမ်က ဂက်စ်တွေထွက်တာကစလို့ အအေးမိတာ ဝမ်းသွားတာ အဆုံး အသည်းပြသနာတွေ ကိုပါဖြေရှင်းပေးနိုင်တယ်လို့လဲဆေးပညာ မှာရှိပါတယ်။အညှီနံ့တွေပျောက်စေတဲ့ ဟင်းခတ် အမွှေးအကြိုင် အဖြစ်သုံးတယ်။ သွေးသားကိုသန့်စင်စေလို့သောက်ကြတယ်။ နောက်ပြီး အသားကိုဝင်းစေတယ်ဆိုပြီး လိမ်းကြတယ်။ Scrub တွေမှာတောင် ထည့်ကြပါတယ်။

ဒါပေမယ့် ဆနွင်း ဟာအသုံးဝင်ပုံတွေများပြားသလောက် ဆိုးကျိုးတွေလဲ မလွဲမသွေရှိပါတယ်။ သိပ်ပြင်းထန်တဲ့ အာနိသင် ရှိနေလို့ပေါ့။ ကိုယ်ဝန်ဆောင် တွေ နို့တိုက်မိခင်တွေဟာ ဟင်းထဲမှာပါတဲ့ပမာဏလောက်ပဲ စားသုံးသင့်ပြီး ဆေးသောက်တဲ့ ပမာဏအနေနဲ့ ဆနွင်းကို မသောက်သုံးသင့်ပါဘူး။ မလိုလားအပ်တဲ့ ဆိုးကျိုး တွေဖြစ်လာနိုင်ပါတယ်။ ဆနွင်းဟာ အမျိုးသမီးများရဲ့ ရာသီ စက်ဝန်းမှာ သိပ်ကို အားကောင်းအောင် အလုပ်လုပ်ပေးနိုင်လို့ပါ။ နောက်ပြီး ကိုယ်ထဲဆနွင်းအများအပြားဝင်ခြင်းဟာ သည်းခြေအိတ်ကို ထိခိုက်စေပါတယ်။ ဆေးပညာရှင်တွေပိုသိနိုင်မယ့် သူ့အကြောင်းကိုခဏထားပြီး အရေပြားပညာရှင်တွေပြောပြတဲ့ အသားအရေအတွက် အကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပါ့မယ်။

ဆနွင်းဟာ အသားအရေကို ဝင်းပစေပါတယ်။ အရေပြားမှာရှိတဲ့ မယ်လနင် လို့ ခေါ်တဲ့ အရောင်ခြယ် ဆဲလ်စ်တွေကို အတော်လျှော့ချပေးနိုင်တဲ့အတွက် ဖြူဝင်းလာစေပါတယ်။ (အခု လက်ရှိWhitening Effect ပါတဲ့ Skin Care တွေနဲ့ တူတူပါပဲ။ ခုရေးထားတာအမြန်ဖတ်ပြီး ဆနွင်းတွေပြေးလိမ်း Whitening တွေပြေးသုံးမလုပ်ပဲ ဆုံးအောင်ဖတ်ကြည့်စေချင်ပါသည်။)

ပြောရရင် ပုံမှန်အသားအရေပေါ်ဆနွင်းလိမ်းခြင်းအားဖြင့် မယ်လနင်ကို လျှော့ချပေးသောကြောင့် အသားဖြူဝင်း လာစေမယ် ဆိုပေမယ့် အသားအရေမှာ ပေါက်ပြဲဒဏ်ရာတစ်ခုခု ရှိခဲ့လျှင်သော်လည်းကောင်း၊ အရေပြားပွန်းပဲ့နေလျှင်သော်လည်းကောင်း၊ ဝက်ခြံရှိပြီးပေါက်ပြဲနေလျင်သော်လည်းကောင်း ဆနွင်းက အရေပြားပေါ်သာမဟုတ်ပဲ အတွင်းအထိ စိမ့်ဝင်သွားပြီး မယ်လနင်တွေကို လျှော့ချရုံမက သတ်ပစ်နိုင်ပြီး အခန့်မသင့်ရင် အဖော်အပေါင်းများခေါ် ဆောင်လာလို့ ဘေးကမယ်လနင်မှန်သမျှကို သတ်တော့တာပါပဲ။

မယ်လနင်သတ်ရင် ဘာဖြစ်မလဲဆိုတော့ အသားတွေဖြူသွားတာပေါ့လို့တော့ လွယ်လွယ်မတွေးလိုက်ပါနဲ့။ အဖြူကွက်ကွက်တွေဖြစ်လာပြီး ပွားလာတာပါ။ နောက်ဆုံးအရေပြား ၇လွှာရဲ့ အောက်ဆုံးမွှေးညှင်းပေါက်ထဲထိ မယ်လနင် မရှိတော့ရင် တစ်ကိုယ်လုံး ကုမရတဲ့ အဖြူရောင်နဲ့ အမွှေး အမျှင်တွေပါဖြူကုန်တော့တာပါပဲ။ သိပ်ပြင်းထန်ပြီး သိပ်ကြောက်စရာကောင်းပါတယ်။ အသားအရေပေါ်က အရေပြားဆိုတာ ဒဏ်ရာကြီးကြီးရှိမှ မဟုတ်ပါဘူး။ အခု လက်သည်းနဲ့ ကုတ်လိုက်လည်း မမြင်ရတဲ့ပွန်းပဲ့မှု ( Microscope နဲ့ဆိုရင်တော့ မြင်ရတာပေါ့လေ) တွေရှိနေနိုင်ပါတယ်။ တချို့ လူကြီးသူမတွေက ဒဏ်ရာကို ဆနွင်းမထိနဲ့ ခရုသင်းဖြစ်တတ်တယ်လို့ပြောတာ ဒီသဘောကိုပြောကြတာပါ။ ဒါပေမယ့် တချို့က ဒဏ်ရာကို ဆနွင်းသိပ်တယ်ဆိုတဲ့ အယူလဲရှိသေးတော့ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေမှာတော့ ကိစ္စမရှိပါဘူး။ (ဆနွင်းကသွေးထွက်တာကိုတော့ လျှော့ချပြီးတိတ်စေတဲ့အာနိသင်ရှိတော့ လူတွေပါလိုကသုံးကြတာ ဖြစ်ပါလိမ့်မယ်)

အခုဆို နာမည်ကြီး Spa တွေမှာပါ Body Scrub ကိုဆနွင်းနဲ့ လုပ်တယ်တို့ မိန်းကလေးတွေအသားဝင်းအောင် အိမ်မှာဆနွင်းလိမ်းတယ်တို့ဆိုတာတွေ ကြားနေမြင်နေလို့ သတိကြီးကြီးထားစေချင်တာပါ။

နောက်တော့ ဓာတုဗေဒပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ Whitening တွေကိုလဲ သတိထားပြီးသုံးစေချင်ပါတယ်။ ချက်ချင်းဖြူတယ် အဖြူမြန်တယ်ဆိုလေ ကြောက်ရလေပါပဲ။ အခု အွန်လိုင်းမှာတွေ့နေရတာ ချက်ချင်းသားဖြူ ချက်ချင်းပိန် ချက်ချင်း အရပ်ရှည်စေတယ်ဆိုတာတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူကအာမခံချက်ပေးမလဲသိချင်စရာပါ။ FDA ရတယ်ဆိုပေမယ့် Registered Comapany မရှိရင်တာဝန်ဘယ်သူယူပေးမလဲဆိုတာကိုရောပေါ့။ မွေးရာပါရွေးခြယ်ခွင့်မရှိတဲ့ ပုံပန်းသဏ္ဍန်ကို ပြောင်းလဲရင် သဘာဝကိုဆန့်ကျင်မိတာပါပဲ။ ဆိုးကျိုးများလှပါတယ်။

အသားအရေဆိုတာ ဖြူတာထက် နူးညံ့ဝင်းပနေတာ တောက်ပကြည်လင်နေတာမှ လှတယ်ခေါ်တာပါ။တချို့ ဖြူပေမယ့် ကြမ်းတမ်းပြီး မွဲခြောက်နေတဲ့ အသားအရေတွေပုံလို့ပါပဲ။လှချင်တဲ့မိန်းကလေးများ ဉာဏ်ပညာနဲ့ ယှဉ်ပြီး ဆုံးဖြတ်နိုင်ကြပါစေ. . . ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top