iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဟာ ခ်စ္သူ မရွိလုိ႔ စိတ္ညစ္ေနသူ တေယာက္လား။ ဒါမွမဟုတ္ သူမ်ားစုံတြဲေတြ ေပ်ာ္ရႊင္ေနၾကတာကုိ ၾကည့္ၿပီး အားက်ေနသူလား။ သင့္အေနနဲ႔ တျခားသူေတြလုိ ခ်စ္သူမရွိလုိ႔ စိတ္ဓာတ္က်ေနတဲ့၊ စိတ္ညစ္ေနတဲ့ အေတြးမ်ိဳး ၀င္ေနရင္ေတာ့ အဲဒါကုိ အျမန္ဆုံး ေဖ်ာက္ပစ္လုိက္ပါ ။

ဘာလုိ႔လဲဆုိေတာ့ ခ်စ္သူမရွိတဲ့ သူေတြမွာလည္း သူတုိ႔ ရရွိႏုိင္တဲ့ ေကာင္းက်ိဳးေတြ ရွိေနတာေၾကာင့္ပါပဲ။ သင္သာ ဒီအခ်က္္ေတြကုိ ဖတ္ၾကည့္လုိက္ရင္ ခ်စ္သူမရွိဘဲ ေနရတဲ့ဘ၀က ဘယ္ေလာက္ေကာင္းသလဲဆုိတာ နားလည္သြားပါလိမ့္မယ္။

(၁) သင့္ရဲ႕အခ်ိန္ေတြကုိ သင္ကုိယ္တုိင္ စီမံ ခန္႔ခြဲႏုိင္လိမ့္မယ္

သင့္မွာသာ ခ်စ္သူမရွိဘူး ဆုိရင္ သူတုိ႔အတြက္ အခ်ိန္ေပးစရာ မလုိေတာ့ဘူးေပါ့။ ဒီလုိဆုိရင္ သင့္ရဲ႕ ကုိယ္ပုိင္အခ်ိန္ေတြဟာ သုံးမကုန္ေအာင္ ထြက္လာ ပါလိမ့္မယ္။ အိမ္အျပန္ အႀကိဳအပုိ႔ လုပ္ေပးေနဖုိ႔မလုိဘူး၊ သူတုိ႔ေစ်း၀ယ္ရင္ လုိက္သြားေပးဖုိ႔ မလုိဘူး၊ သူတုိ႔နဲ႔ နာရီေပါင္းမ်ားစြာ ဖုန္းေျပာေနဖုိ႔ မလုိဘူး စတဲ့အခ်က္ေတြ အျပင္ အျခားအခ်က္ေပါင္း မ်ားစြာက သင့္ရဲ႕အခ်ိန္ေတြကုိ သင္ကုိယ္တုိင္ စီမံခန္႔ခြဲႏုိင္ဖုိ႔ ေပၚထြက္လာ ပါလိမ့္မယ္ ။ ကဲ … ဘယ္ေလာက္ေတာင္ ေကာင္းလုိက္သလဲ ဆိုတာ ။

(၂) တေယာက္ေယာက္ အတြက္ စိတ္ပူေနစရာ မလုိဘူး

သင့္ရဲ႕ ကြယ္ရာမွာ သင့္ခ်စ္သူက ဘယ္သူနဲ႔ တြဲေနမလဲ၊ ဘယ္ေတြမ်ား ေလွ်ာက္သြားေနမလဲ၊ သူ႕သူငယ္ခ်င္းနဲ႔ ဘယ္အခ်ိန္ထိ ရွိေနမလဲ ၊ အဲဒီလုိ ေမးခြန္းေပါင္းမ်ားစြာ၊ အပူအပင္ေတြ မ်ားစြာ ကေန သင္ ကင္းလြတ္ခြင့္ ရသြားမွာ။ ဒီလုိဆုိရင္ သင့္ရဲ႕ စိတ္ေလးက အၿမဲပဲ ေအးခ်မ္းေနမွာျဖစ္ၿပီး သင့္ရဲ႕ဘ၀ကလည္း ပုိၿပီး ေနလုိ႔ေကာင္းလာ ပါလိမ့္မယ္ ။

(၃) ဘယ္သူ႔ကုိမဆုိ ေမွ်ာ္လင့္ခြင့္ ရွိတယ္

သင့္မွာသာ ခ်စ္သူမရွိဘူး ဆုိရင္ သင့္ေဘးက ေနရာလြတ္ေလး အတြက္ ဘယ္သူ႕ကုိမဆုိ ေမွ်ာ္လင့္ခြင့္ရွိေနတာ အမွန္ပါ ။ နာမည္ေက်ာ္ ေမာ္ဒယ္ တေယာက္ေယာက္က စလုိ႔၊ လမ္းထဲက ေကာင္မေလးအထိ သင့္မွာ ေမွ်ာ္လင့္ခြင့္ ရွိေနၿပီး သင့္ရဲ႕ ခ်စ္သူအျဖစ္ စိတ္ကူးယဥ္ၾကည့္လုိ႔ ရပါတယ္ ။ တကယ္လုိ႔ သင့္မွာသာ ခ်စ္သူ ရွိေနတယ္ ဆုိရင္ အဲဒီလုိ ေမွ်ာ္လင့္ဖုိ႔ မေျပာနဲ႔ တျခားတေယာက္ကုိ ၾကည့္မိရင္ေတာင္ ျပႆနာ အလုပ္ခံရမွာျဖစ္ၿပီး ခ်စ္သူ မရွိေသးသေရြ႕ သင့္မွာ တရား၀င္ ေရြးခ်ယ္ခြင့္ အမ်ားႀကီးရွိေသးတယ္ ဆုိတဲ့ သေဘာပါပဲ။

၄) ပုိက္ဆံ အကုန္အက် သက္သာမယ္

အဲဒါကေတာ့ ရွင္းတယ္ေလ။ သင့္မွာသာ ခ်စ္သူမရွိဘူး ဆုိရင္ သူနဲ႔အတူ ရုပ္ရွင္ၾကည့္ဖုိ႔၊ ဆုိင္ေကာင္းေကာင္းမွာ စားဖုိ႔၊ သူ႕အတြက္ လက္ေဆာင္ေတြ ၀ယ္ေပးဖုိ႔ မလုိေတာ့ဘူး။ အဲဒီလုိ ဆုိရင္ သင့္ရဲ႕ ပုိက္ဆံေတြလည္း အိတ္ထဲကေန ထြက္မသြားေတာ့ဘူးေပါ့။ ပုိက္ဆံရွိတဲ့သူ ျဖစ္ေစ၊ မရွိတဲ့သူျဖစ္ေစ အနည္းနဲ႔ အမ်ား ကေတာ့ သူတုိ႔ရဲ႕ ခ်စ္သူေတြ အတြက္ ပုိက္ဆံသုံးေနရတာ ပါပဲ ။ အဲဒီေတာ့ သင့္ဆီမွာ ခ်စ္သူမရွိျခင္းက သင့္ရဲ႕ ဘ႑ာေရး အေျခအေနကုိ ပုိမုိေကာင္းမြန္လာေစ ပါလိမ့္မယ္ ။

(၅) သင္ ဘယ္ေတာ့မွ အသည္းကြဲမွာ မဟုတ္ဘူး

ဟုတ္တယ္ေလ ။ ခ်စ္သူမရွိဘူး ဆုိမွေတာ့ အသည္းကြဲ စရာလည္း မရွိေတာ့ဘူးေပါ့။ သူမ်ားေတြ အသည္းကြဲၿပီး ငုိေနတာ၊ အရက္ေတြ မူးေနတာ၊ ေၾကကြဲေနတာေတြ ေတြ႕ရင္ သင္က ၿပဳံးၿပဳံးေလး ထုိင္ၾကည့္ေနႏုိင္ၿပီ။ ဟုတ္တယ္ မဟုတ္လား။ Relationship တစ္ခုရဲ႕ ေဘးထြက္ ဆုိးက်ိဳးေတြျဖစ္တဲ့ စကားမ်ားတာ၊ ရန္ျဖစ္တာ၊ စိတ္ေကာက္တာ စတာေတြလည္း ရွိမွာမဟုတ္လုိ႔ သင့္အေနနဲ႔ မေပ်ာ္ရႊင္စရာ ခံစားခ်က္ေတြကေန လြတ္ေျမာက္ၿပီးသား ျဖစ္သြားမွာပါ။

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

သင်ဟာ ချစ်သူ မရှိလို့ စိတ်ညစ်နေသူ တယောက်လား။ ဒါမှမဟုတ် သူများစုံတွဲတွေ ပျော်ရွှင်နေကြတာကို ကြည့်ပြီး အားကျနေသူလား။ သင့်အနေနဲ့ တခြားသူတွေလို ချစ်သူမရှိလို့ စိတ်ဓာတ်ကျနေတဲ့၊ စိတ်ညစ်နေတဲ့ အတွေးမျိုး ဝင်နေရင်တော့ အဲဒါကို အမြန်ဆုံး ဖျောက်ပစ်လိုက်ပါ ။

ဘာလို့လဲဆိုတော့ ချစ်သူမရှိတဲ့ သူတွေမှာလည်း သူတို့ ရရှိနိုင်တဲ့ ကောင်းကျိုးတွေ ရှိနေတာကြောင့်ပါပဲ။ သင်သာ ဒီအချက်တွေကို ဖတ်ကြည့်လိုက်ရင် ချစ်သူမရှိဘဲ နေရတဲ့ဘဝက ဘယ်လောက်ကောင်းသလဲဆိုတာ နားလည်သွားပါလိမ့်မယ်။

(၁) သင့်ရဲ့အချိန်တွေကို သင်ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်လိမ့်မယ်

သင့်မှာသာ ချစ်သူမရှိဘူး ဆိုရင် သူတို့အတွက် အချိန်ပေးစရာ မလိုတော့ဘူးပေါ့။ ဒီလိုဆိုရင် သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေဟာ သုံးမကုန်အောင် ထွက်လာ ပါလိမ့်မယ်။ အိမ်အပြန် အကြိုအပို့ လုပ်ပေးနေဖို့မလိုဘူး၊ သူတို့ဈေးဝယ်ရင် လိုက်သွားပေးဖို့ မလိုဘူး၊ သူတို့နဲ့ နာရီပေါင်းများစွာ ဖုန်းပြောနေဖို့ မလိုဘူး စတဲ့အချက်တွေ အပြင် အခြားအချက်ပေါင်း များစွာက သင့်ရဲ့အချိန်တွေကို သင်ကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့ ပေါ်ထွက်လာ ပါလိမ့်မယ် ။ ကဲ … ဘယ်လောက်တောင် ကောင်းလိုက်သလဲ ဆိုတာ ။

(၂) တယောက်ယောက် အတွက် စိတ်ပူနေစရာ မလိုဘူး

သင့်ရဲ့ ကွယ်ရာမှာ သင့်ချစ်သူက ဘယ်သူနဲ့ တွဲနေမလဲ၊ ဘယ်တွေများ လျှောက်သွားနေမလဲ၊ သူ့သူငယ်ချင်းနဲ့ ဘယ်အချိန်ထိ ရှိနေမလဲ ၊ အဲဒီလို မေးခွန်းပေါင်းများစွာ၊ အပူအပင်တွေ များစွာ ကနေ သင် ကင်းလွတ်ခွင့် ရသွားမှာ။ ဒီလိုဆိုရင် သင့်ရဲ့ စိတ်လေးက အမြဲပဲ အေးချမ်းနေမှာဖြစ်ပြီး သင့်ရဲ့ဘဝကလည်း ပိုပြီး နေလို့ကောင်းလာ ပါလိမ့်မယ် ။

(၃) ဘယ်သူ့ကိုမဆို မျှော်လင့်ခွင့် ရှိတယ်

သင့်မှာသာ ချစ်သူမရှိဘူး ဆိုရင် သင့်ဘေးက နေရာလွတ်လေး အတွက် ဘယ်သူ့ကိုမဆို မျှော်လင့်ခွင့်ရှိနေတာ အမှန်ပါ ။ နာမည်ကျော် မော်ဒယ် တယောက်ယောက်က စလို့၊ လမ်းထဲက ကောင်မလေးအထိ သင့်မှာ မျှော်လင့်ခွင့် ရှိနေပြီး သင့်ရဲ့ ချစ်သူအဖြစ် စိတ်ကူးယဉ်ကြည့်လို့ ရပါတယ် ။ တကယ်လို့ သင့်မှာသာ ချစ်သူ ရှိနေတယ် ဆိုရင် အဲဒီလို မျှော်လင့်ဖို့ မပြောနဲ့ တခြားတယောက်ကို ကြည့်မိရင်တောင် ပြဿနာ အလုပ်ခံရမှာဖြစ်ပြီး ချစ်သူ မရှိသေးသရွေ့ သင့်မှာ တရားဝင် ရွေးချယ်ခွင့် အများကြီးရှိသေးတယ် ဆိုတဲ့ သဘောပါပဲ။

၄) ပိုက်ဆံ အကုန်အကျ သက်သာမယ်

အဲဒါကတော့ ရှင်းတယ်လေ။ သင့်မှာသာ ချစ်သူမရှိဘူး ဆိုရင် သူနဲ့အတူ ရုပ်ရှင်ကြည့်ဖို့၊ ဆိုင်ကောင်းကောင်းမှာ စားဖို့၊ သူ့အတွက် လက်ဆောင်တွေ ဝယ်ပေးဖို့ မလိုတော့ဘူး။ အဲဒီလို ဆိုရင် သင့်ရဲ့ ပိုက်ဆံတွေလည်း အိတ်ထဲကနေ ထွက်မသွားတော့ဘူးပေါ့။ ပိုက်ဆံရှိတဲ့သူ ဖြစ်စေ၊ မရှိတဲ့သူဖြစ်စေ အနည်းနဲ့ အများ ကတော့ သူတို့ရဲ့ ချစ်သူတွေ အတွက် ပိုက်ဆံသုံးနေရတာ ပါပဲ ။ အဲဒီတော့ သင့်ဆီမှာ ချစ်သူမရှိခြင်းက သင့်ရဲ့ ဘဏ္ဍာရေး အခြေအနေကို ပိုမိုကောင်းမွန်လာစေ ပါလိမ့်မယ် ။

(၅) သင် ဘယ်တော့မှ အသည်းကွဲမှာ မဟုတ်ဘူး

ဟုတ်တယ်လေ ။ ချစ်သူမရှိဘူး ဆိုမှတော့ အသည်းကွဲ စရာလည်း မရှိတော့ဘူးပေါ့။ သူများတွေ အသည်းကွဲပြီး ငိုနေတာ၊ အရက်တွေ မူးနေတာ၊ ကြေကွဲနေတာတွေ တွေ့ရင် သင်က ပြုံးပြုံးလေး ထိုင်ကြည့်နေနိုင်ပြီ။ ဟုတ်တယ် မဟုတ်လား။ Relationship တစ်ခုရဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ စကားများတာ၊ ရန်ဖြစ်တာ၊ စိတ်ကောက်တာ စတာတွေလည်း ရှိမှာမဟုတ်လို့ သင့်အနေနဲ့ မပျော်ရွှင်စရာ ခံစားချက်တွေကနေ လွတ်မြောက်ပြီးသား ဖြစ်သွားမှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top