iMyanmarHouse.com - Best Property Website for Myanmar
×



သင့္ဆီမွာ အရမ္းကိုခ်စ္စရာေကာင္းၿပီး၊ ဆြဲေဆာင္မႈ ရွိသလို အရည္အခ်င္း ျပည့္၀တဲ့ ခ်စ္သူ တစ္ေယာာက္ရွိသလား? ဒါဆိုရင္ သင္ဟာကံေကာင္းတဲ့ လူတစ္ေယာက္ေပါ့။ ဒါေပမယ့္ လူ႕သဘာ၀အရ သင့္ရဲ ႕ခ်စ္သူ ကို တစ္ျခားတစ္ေယာက္က သင့္ဆီကေနလုယူသြားမလားဆိုတာ သင္စိုးရိမ္ေကာင္းစိုးရိမ္ပါလိမ့္မယ္။ ဒါေၾကာင့္သင့္ ခ်စ္သူ ရဲ႕ေျခလွမ္းေတြကို အကဲခတ္ဖို႔လိုသလို စႏိုက္ေၾကာ္ ေတြရန္ကကင္းေ ၀းေစဖို႕ သူတို႕ရဲ႕အျပဳအမူ လကၡဏာ ေတြကို သိဖို႔လိုအပ္ပါတယ္။

၁။ ဆိုရွယ္မီဒီယာ

တစ္စံုတစ္ေယာက္က သင့္ ခ်စ္သူ Facebook ဒါမွမဟုတ္ Instagram မွာတင္သမွ်ပိုစ့္တိုင္းကို like ေပးတာ ဒါမွမဟုတ္သိသိသာသာ love reaction ေပးေနၿပီဆိုရင္ေတာ့ သူတို႕ကိုသင္ေစာင့္ၾကည့္စာရင္းထဲ ထည့္ထားသင့္ပါတယ္။ ဒါ့အျပင္ သူတို႕နဲ႕ သင့္ ခ်စ္သူ ကိုယ္တိုင္က Single စေတးတပ္ ေတြတင္ေနၿပီး သူတို႕အခ်င္းခ်င္း like ေပးေနရင္ ဒါဟာသင္စႏိုက္အေၾကာ္ခံရႏိုင္တဲ့ လကၡဏာ အျဖစ္ ေသခ်ာသေလာက္ရွိေနပါၿပီ။

၂။ သင့္အေၾကာင္းကိုသူတို႕အတင္း ေျပာၾကလိမ့္မယ္

လူတိုင္းနီးပါး အတင္း ေျပာရတာကို ႏွစ္သက္ၾကပါတယ္။ ဒါဟာလူသဘာ၀ပဲျဖစ္ပါတယ္။ ဒါေပမယ့္ တစ္စံုတစ္ေယာက္က သင့္ရဲ႕ခ်စ္သူကိုခိုးယူဖို႕ဆိုရင္ေတာ့ သင့္ရဲ႕မေကာင္းေၾကာင္းေတြကို သင့္ေနာက္ကြယ္မွာပိုမိုၿပီး အတင္းတုတ္ၾကမွာျဖစ္ပါတယ္။ ဒါ့အျပင္သင့္ရဲ႕လက္တြဲေဖာ္ကို သင့္ရဲ႕အားနည္းခ်က္ မ်ိဳးစံုကို ခဏခဏေထာက္ျပျခင္းျဖင့္ သင့္ကိုအထင္အျမင္ေသးေအာင္ သူတို႔ကျပဳလုပ္ၾကပါလိမ့္မယ္။

၃။ သူတို႔ေတြမ်က္စိေနာက္ေလာက္ေအာင္ ခင္မင္ေနၾကရင္

တစ္စံုတစ္ေယာက္က သင္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကို ဂ႐ုမစိုက္၊ အေလးမထားပဲ သင့္ရဲ႕ခ်စ္သူကိုလိုအပ္တာထက္ ကၽြမ္း၀င္ေအာင္ေနထိုင္လွ်င္ သင့္အတြက္စိတ္္အေႏွာက္အယွက္ျဖစ္စရာ အလြန္ေကာင္းသလို သင့္ရဲ႕ခ်စ္သူ ကိုမၾကာခဏထိေတြ႔တာ၊ စသလိုလိုနဲ႕ ဖက္ကဲတလင္းေနတာေတြက စႏိုက္ေၾကာ္ဖို႔အတြက္ ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။

၄။ သင့္ ခ်စ္သူ ဘာေျပာေျပာ သူတို႔ကရယ္ေနမယ္

သင္ဟာသင့္ ခ်စ္သူ ကို ကမၻာေပၚမွာ ဟာသအေျပာႏိုင္ဆံုးသူအျဖစ္ အျမဲတမ္းသေဘာက်သလိုပဲ တျခားတစ္ေယာက္ကလည္း သင္ကဲ့သို႔ သူဘာေျပာေျပာရယ္ေနရင္ေတာ့ သူတို႔ေတြမူမမွန္ေတာ့ဘူးဆိုတာ သိႏိုင္ပါတယ္။ ဒါေၾကာင့္စာေရးဆရာမ Madison Moore က ” ရယ္ေမာၿပီးေတာ့ ထိေတြျခင္းဟာ ရင္ႏွီးမႈ ကိုဖန္တီးဖို႔အတြက္ ဆင္ေျခတစ္ခုျဖစ္တယ္” လို႔ဆိုခဲ့ပါတယ္။

၅။ အဆက္မျပတ္စာေတြပို႔ေနျခင္း

သင့္ကသင့္ရဲ႕ခ်စ္သူ ကို သူငယ္ခ်င္း ေတြနဲ႔ခင္မင္ဖို႔ မိတ္ဆက္ေပးျခင္း၊ ဆက္သြယ္ေျပာဆိုျခင္းေတြကို ျပဳလုပ္ေပးသင့္သကဲ့သို႔ သင့္ ခ်စ္သူ ကလည္း ပြင့္ပြင့္လင္းလင္းနဲ႕ သူ သူငယ္ခ်င္း ေတြနဲ႕ မိတ္ဆက္ေပးသင့္ပါတယ္။ ဒါေပမယ့္ တစ္စံုတစ္ေယာက္က သင့္ခ်စ္သူကို ညတိုင္းစာေတြအဆက္မျပတ္ပို႔ေနရင္ေတာ့ မိတ္ေဆြ တစ္ဦးထက္ပိုေနေၾကာင္းသင္ ရိပ္မိႏိုင္ပါတယ္။

၆။ သူတို႔ကို အျပင္မွာအျမဲေတြ႔ေနရရင္

သင့္ ခ်စ္သူ ဟာ သင္နဲ႔အျပင္ကိုအတူထြက္တာထက္ ပိုၿပီးတစ္စံုတစ္ေယာက္နဲ႔ အျပင္ကိုအျမဲထြက္ေနရင္ေတာ့ သူတို႕ဟာမိတ္ေဆြအဆင့္ထက္ပိုေနၿပီဆိုတာ သိႏိုင္ပါတယ္။

သင့္ ခ်စ္သူ ကို လုယူခံရရင္ ဘယ္လိုရင္ဆိုင္သင့္လဲ

သင့္ရဲ႕ခ်စ္သူ ကို ဘာေၾကာင့္မွန္းမသိေအာင္ဟန္ေဆာင္ၿပီး စိတ္ညစ္ဟန္၊ မနာလိုျဖစ္ဟန္ေဆာင္ျခင္းျဖင့္ သူ႔ရဲ႕စိတ္ကို အရမ္း႐ႈပ္ေထြးေစပါတယ္။ သင့္ရဲ႕စိတ္ထဲမွာ တစ္စံုတစ္ေယာက္က သင္တို႔ႏွစ္ေယာက္ၾကားကို ၀င္ဖို႔အတြက္ႀကိဳးစားေနတယ္လို႕ ခံစားမိပါက သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရး ကို ပိုမိုပြင့္လင္းေအာင္ ႀကိဳးစားသင့္ပါတယ္။

 ဒါ့အျပင္ အရင္ဆံုးသင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရး အရည္အေသြး ကို အရင္ဆံုးၾကည့္ပါ။ သင့္ ခ်စ္သူ ရဲ႕ဘ၀ ထဲမွာသင္က တစ္စိတ္တစ္ပိုင္းပါ၀င္ေနေအာင္ ႀကိဳးစားပါ။ သူလည္းသင့္ ဘ၀ ထဲမွာ ပါ၀င္လာပါလိမ့္မယ္။ အခ်စ္ ကိုရယူဖို႔တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္သူမွမတိုက္ခိုက္ခ်င္ၾကပါဘူး။

ဒါေပမယ့္ ျဖစ္လာခဲ့ရင္ေတာ့ သင့္ကိုယ္သင္ရပ္တည္ႏိုင္ေအာင္ ႀကိဳတင္ျပင္ဆင္သင့္ပါတယ္။ ဒါေၾကာင့္ သင္ယံုၾကည္ရတဲ့ တျခားတစ္ေယာက္ကို သင္ျဖစ္ေနတဲ့အရာေတြကို ရင္ဖြင့္ျခင္းျဖင့္ သူတို႕ဆီကအၾကံဥာဏ္ေတြရႏိုင္သလို သင့္အတြက္လည္းစိတ္သက္သာေစပါတယ္။

ေနာက္တနည္းက သူေပ်ာ္ရြင္ဖို႔အတြက္ သင့္ဖက္ကစိတ္ရွည္ရွည္နဲ႕အေလ်ာ့ေပးၿပီး သင့္ဖက္ကိုပဲစိတ္ညႊတ္လာေအာင္ ျပန္လည္ႀကိဳးစားႏိုင္ပါတယ္။ စိတ္ထားေကာင္းၿပီး အရည္အခ်င္း ရွိတဲ့ ေယာက်္ား ေတြဟာ သူမ်ားလုယူတိုင္း မခံရဘူးဆိုတာ သင္အရင္ဆံုးသိပါ။ ဒါ့ေၾကာင့္ သူကသင့္ကိုပစ္ၿပီးတစ္ျခားတစ္ျခားတစ္ေယာက္နဲ႔ ေပ်ာ္ပါးေနပါက သင္တတ္ႏိုင္သေလာက္သူကိုေျဖာင္းဖ်ၿပီး ျပန္လည္ႀကိဳးစားခြင့္ရွိပါတယ္။

လံုး၀မရေတာ့ဘူးဆိုရင္ေတာ့ သူတို႕သြားလိုရာသြားပါေစ။ သင့္ထက္သာတယ္လို႔ထင္သူေနာက္ကို လိုက္သြားတဲ့သူအတြက္ သင့္ရဲ႕အဖိုးတန္ႏုပ်ိဳမႈအခ်ိန္ေတြကို အကုန္ခံစရာမလိုပါဘူး။ ဒါေၾကာင့္ ကိုယ့္၀ါသနာပါရာတစ္ခုကို စူးစိုက္လုပ္ၿပီး ကိုယ့္ဘ၀ကိုယ္ ပိုမိုတိုးတက္ေအာင္ႀကိဳးစားသင့္ပါတယ္။

Credit: Cele.Lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

သင့်ဆီမှာ အရမ်းကိုချစ်စရာကောင်းပြီး၊ ဆွဲဆောင်မှု ရှိသလို အရည်အချင်း ပြည့်ဝတဲ့ ချစ်သူ တစ်ယောာက်ရှိသလား? ဒါဆိုရင် သင်ဟာကံကောင်းတဲ့ လူတစ်ယောက်ပေါ့။ ဒါပေမယ့် လူ့သဘာဝအရ သင့်ရဲ့ချစ်သူ ကို တစ်ခြားတစ်ယောက်က သင့်ဆီကနေလုယူသွားမလားဆိုတာ သင်စိုးရိမ်ကောင်းစိုးရိမ်ပါလိမ့်မယ်။ ဒါကြောင့်သင့် ချစ်သူ ရဲ့ခြေလှမ်းတွေကို အကဲခတ်ဖို့လိုသလို စနိုက်ကြော် တွေရန်ကကင်းေ ဝးစေဖို့ သူတို့ရဲ့အပြုအမူ လက္ခဏာ တွေကို သိဖို့လိုအပ်ပါတယ်။

၁။ ဆိုရှယ်မီဒီယာ

တစ်စုံတစ်ယောက်က သင့် ချစ်သူ Facebook ဒါမှမဟုတ် Instagram မှာတင်သမျှပိုစ့်တိုင်းကို like ပေးတာ ဒါမှမဟုတ်သိသိသာသာ love reaction ပေးနေပြီဆိုရင်တော့ သူတို့ကိုသင်စောင့်ကြည့်စာရင်းထဲ ထည့်ထားသင့်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ သင့် ချစ်သူ ကိုယ်တိုင်က Single စတေးတပ် တွေတင်နေပြီး သူတို့အချင်းချင်း like ပေးနေရင် ဒါဟာသင်စနိုက်အကြော်ခံရနိုင်တဲ့ လက္ခဏာ အဖြစ် သေချာသလောက်ရှိနေပါပြီ။

၂။ သင့်အကြောင်းကိုသူတို့အတင်း ပြောကြလိမ့်မယ်

လူတိုင်းနီးပါး အတင်း ပြောရတာကို နှစ်သက်ကြပါတယ်။ ဒါဟာလူသဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သင့်ရဲ့ချစ်သူကိုခိုးယူဖို့ဆိုရင်တော့ သင့်ရဲ့မကောင်းကြောင်းတွေကို သင့်နောက်ကွယ်မှာပိုမိုပြီး အတင်းတုတ်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင်သင့်ရဲ့လက်တွဲဖော်ကို သင့်ရဲ့အားနည်းချက် မျိုးစုံကို ခဏခဏထောက်ပြခြင်းဖြင့် သင့်ကိုအထင်အမြင်သေးအောင် သူတို့ကပြုလုပ်ကြပါလိမ့်မယ်။

၃။ သူတို့တွေမျက်စိနောက်လောက်အောင် ခင်မင်နေကြရင်

တစ်စုံတစ်ယောက်က သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကို ဂရုမစိုက်၊ အလေးမထားပဲ သင့်ရဲ့ချစ်သူကိုလိုအပ်တာထက် ကျွမ်းဝင်အောင်နေထိုင်လျှင် သင့်အတွက်စိတ်အနှောက်အယှက်ဖြစ်စရာ အလွန်ကောင်းသလို သင့်ရဲ့ချစ်သူ ကိုမကြာခဏထိတွေ့တာ၊ စသလိုလိုနဲ့ ဖက်ကဲတလင်းနေတာတွေက စနိုက်ကြော်ဖို့အတွက် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

၄။ သင့် ချစ်သူ ဘာပြောပြော သူတို့ကရယ်နေမယ်

သင်ဟာသင့် ချစ်သူ ကို ကမ္ဘာပေါ်မှာ ဟာသအပြောနိုင်ဆုံးသူအဖြစ် အမြဲတမ်းသဘောကျသလိုပဲ တခြားတစ်ယောက်ကလည်း သင်ကဲ့သို့ သူဘာပြောပြောရယ်နေရင်တော့ သူတို့တွေမူမမှန်တော့ဘူးဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့်စာရေးဆရာမ Madison Moore က ” ရယ်မောပြီးတော့ ထိတွေခြင်းဟာ ရင်နှီးမှု ကိုဖန်တီးဖို့အတွက် ဆင်ခြေတစ်ခုဖြစ်တယ်” လို့ဆိုခဲ့ပါတယ်။

၅။ အဆက်မပြတ်စာတွေပို့နေခြင်း

သင့်ကသင့်ရဲ့ချစ်သူ ကို သူငယ်ချင်း တွေနဲ့ခင်မင်ဖို့ မိတ်ဆက်ပေးခြင်း၊ ဆက်သွယ်ပြောဆိုခြင်းတွေကို ပြုလုပ်ပေးသင့်သကဲ့သို့ သင့် ချစ်သူ ကလည်း ပွင့်ပွင့်လင်းလင်းနဲ့ သူ သူငယ်ချင်း တွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သင့်ချစ်သူကို ညတိုင်းစာတွေအဆက်မပြတ်ပို့နေရင်တော့ မိတ်ဆွေ တစ်ဦးထက်ပိုနေကြောင်းသင် ရိပ်မိနိုင်ပါတယ်။

၆။ သူတို့ကို အပြင်မှာအမြဲတွေ့နေရရင်

သင့် ချစ်သူ ဟာ သင်နဲ့အပြင်ကိုအတူထွက်တာထက် ပိုပြီးတစ်စုံတစ်ယောက်နဲ့ အပြင်ကိုအမြဲထွက်နေရင်တော့ သူတို့ဟာမိတ်ဆွေအဆင့်ထက်ပိုနေပြီဆိုတာ သိနိုင်ပါတယ်။

သင့် ချစ်သူ ကို လုယူခံရရင် ဘယ်လိုရင်ဆိုင်သင့်လဲ

သင့်ရဲ့ချစ်သူ ကို ဘာကြောင့်မှန်းမသိအောင်ဟန်ဆောင်ပြီး စိတ်ညစ်ဟန်၊ မနာလိုဖြစ်ဟန်ဆောင်ခြင်းဖြင့် သူ့ရဲ့စိတ်ကို အရမ်းရှုပ်ထွေးစေပါတယ်။ သင့်ရဲ့စိတ်ထဲမှာ တစ်စုံတစ်ယောက်က သင်တို့နှစ်ယောက်ကြားကို ဝင်ဖို့အတွက်ကြိုးစားနေတယ်လို့ ခံစားမိပါက သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး ကို ပိုမိုပွင့်လင်းအောင် ကြိုးစားသင့်ပါတယ်။

 ဒါ့အပြင် အရင်ဆုံးသင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး အရည်အသွေး ကို အရင်ဆုံးကြည့်ပါ။ သင့် ချစ်သူ ရဲ့ဘ၀ ထဲမှာသင်က တစ်စိတ်တစ်ပိုင်းပါဝင်နေအောင် ကြိုးစားပါ။ သူလည်းသင့် ဘ၀ ထဲမှာ ပါဝင်လာပါလိမ့်မယ်။ အချစ် ကိုရယူဖို့တစ်ယောက်နဲ့တစ်ယောက် ဘယ်သူမှမတိုက်ခိုက်ချင်ကြပါဘူး။

ဒါပေမယ့် ဖြစ်လာခဲ့ရင်တော့ သင့်ကိုယ်သင်ရပ်တည်နိုင်အောင် ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒါကြောင့် သင်ယုံကြည်ရတဲ့ တခြားတစ်ယောက်ကို သင်ဖြစ်နေတဲ့အရာတွေကို ရင်ဖွင့်ခြင်းဖြင့် သူတို့ဆီကအကြံဉာဏ်တွေရနိုင်သလို သင့်အတွက်လည်းစိတ်သက်သာစေပါတယ်။

နောက်တနည်းက သူပျော်ရွင်ဖို့အတွက် သင့်ဖက်ကစိတ်ရှည်ရှည်နဲ့အလျော့ပေးပြီး သင့်ဖက်ကိုပဲစိတ်ညွှတ်လာအောင် ပြန်လည်ကြိုးစားနိုင်ပါတယ်။ စိတ်ထားကောင်းပြီး အရည်အချင်း ရှိတဲ့ ယောကျ်ား တွေဟာ သူများလုယူတိုင်း မခံရဘူးဆိုတာ သင်အရင်ဆုံးသိပါ။ ဒါ့ကြောင့် သူကသင့်ကိုပစ်ပြီးတစ်ခြားတစ်ခြားတစ်ယောက်နဲ့ ပျော်ပါးနေပါက သင်တတ်နိုင်သလောက်သူကိုဖြောင်းဖျပြီး ပြန်လည်ကြိုးစားခွင့်ရှိပါတယ်။

လုံးဝမရတော့ဘူးဆိုရင်တော့ သူတို့သွားလိုရာသွားပါစေ။ သင့်ထက်သာတယ်လို့ထင်သူနောက်ကို လိုက်သွားတဲ့သူအတွက် သင့်ရဲ့အဖိုးတန်နုပျိုမှုအချိန်တွေကို အကုန်ခံစရာမလိုပါဘူး။ ဒါကြောင့် ကိုယ့်ဝါသနာပါရာတစ်ခုကို စူးစိုက်လုပ်ပြီး ကိုယ့်ဘဝကိုယ် ပိုမိုတိုးတက်အောင်ကြိုးစားသင့်ပါတယ်။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top