iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Realthadin

# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်တွေရင်ထဲကို တိုက်ရိုက်ထိမှန်ခဲ့တဲ့ ” အချစ်အတွက် ကံမကောင်းခဲ့သူ ” သီချင်းလေးကို မူလအဆိုရှင်တွေဖြစ်တဲ့ ယုန်လေးနဲ့ Lဆိုင်းဇီတို့နှစ်ယောက်က Piano လေးနဲ့ ပြန်လည်အသက်သွင်းခဲ့တာပဲဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းကအတိုင်းပဲ သီချင်းလေးဟာ စီးမျောလို့ကောင်းဆဲ ခံစားမှုရသတွေ ပေါ်လွင်နေဆဲပါပဲ။

သီချင်းလေးထဲမှာစီးမျောခဲ့သူတွေအတွက်တော့ အတိတ်ကအကြောင်းအရာတွေတောင် ပြန်လည်ပေါ်လွင်နေလောက်ပြီထင်ပါရဲ့ပရိသတ်ကြီးရေ။ အချိန်တွေပြောင်းသွားပေမယ့် ဘယ်တော့မှဟောင်းမသွားတဲ့သီချင်းလေးကို အခုလိုပြန်လည်သီဆိုတဲ့အခါမှာလည်း ခံစားချက်တွေက လတ်ဆတ်နေဆဲပါပဲ။

လွန်ခဲ့သောဆယ်စုနှစ်တွေကတည်းက အောင်မြင်ခဲ့တဲ့သီချင်းလေးတစ်ပုဒ်ကို ပြန်လည်အသက်သွင်းတဲ့ Video လေးကို ယုန်လေးက ” ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ဒီသီချင်းလေးကိုနားထောင်ပြီး ခံစားချက်တိုက်ဆိုင်တဲ့သူတွေရှိလား။ သီချင်းလေးကို ပြန်နားထောင်ရင်း လွန်ခဲ့တဲ့ ၁၃ နှစ်ကိုပြန်သွားကြရအောင်ေ်နာ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top